သတ္တ၀ါမှန်သမျှချမ်းသာရကျမ္မာကြပါစေ ဘေးရန်မခ ကြံသမျှဆန္ဒပြည့် ပါစေ

Tuesday 21 December 2010

ဘာသာရေးနှင့်ကျန်းမာရေး စာအုပ်များ ထွက်ရှိမှု အားကောင်းကာ ရောင်းအားတက်

သဲသဲထွေး
စာအုပ်အမျိုးအစား များစွာရှိသည့် အနက် ဘာသာရေးစာအုပ်များနှင့် ကျန်းမာရေးစာအုပ်များ ပိုမိုထွက်ရှိလာ သလို အခြားစာအုပ်များထက် ပိုမို ရောင်းရသည်ဟု ရန်ကုန်မြို့ရှိ စာအုပ် အရောင်းဆိုင်များမှ သိရသည်။
"ဆရာတော်တွေဟောတဲ့ တရား တွေက များသောအားဖြင့် စီဒီလိုခွေ တွေထဲမှာပဲ ရှိတယ်။ စာအုပ်ဆိုတော့ အေးအေးဆေးဆေး အချိန်မရွေး ဖတ် လို့ရတယ်။ စာအုပ်ဖတ်ပြီး ဆရာတော်တွေရဲ့ တရားကို နှလုံးသွင်း လို့ရတာ ပေါ့"ဟု ရန်ကုန်မြို့ စာပေဗိမာန်စာအုပ်ဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
ယခုနှစ် ဩဂုတ်လက စတင်ထွက်ရှိ ခဲ့ပြီး မကြာမီက ဒုတိယ အကြိမ် ထပ်မံ ရိုက်နှိပ်ခဲ့ရာ အုပ်ရေ ၂၀၀ နီးပါးအထိ ရောင်းရသည့် အရှင် ကေလာသ ရေး သားထားသော 'ဓမ္မအမေးအဖြေများ' စာအုပ်သည် ယခုနှစ်အတွက် ၎င်းတို့ ဆိုင်တွင် အရောင်းရဆုံးဖြစ်သည်ဟု ဆိုသည်။
"ခုချိန်အထိလည်း ရောင်းနေရတယ်။ ဒီစာအုပ်ကတော့ ဒီနှစ်မှာ ထူးထူးခြား ခြား အရောင်းရဆုံးပဲ"ဟု ၎င်းက အားရ ၀မ်းသာ ပြောသည်။ "ဒီနှစ်မှာ ဘာသာရေးစာအုပ်တွေက ထွက်တာလည်း များတယ်။ ဖတ်တဲ့ သူလည်း များလာတယ်။ အရင်က ခုလောက် သိပ်မများ သေးဘူး။ ဒီနှစ်မှာ ရောင်းရတာလည်း များလာတယ်"ဟု ပါရမီစာအုပ်ဆိုင်မှ ဆိုင်ရှင် ဒေါ်စန်းစန်းလှိုင်က ပြောသည်။
ယခုကဲ့သို့ ဘာသာရေးစာအုပ်များကို လူငယ်များ ပိုမိုဖတ်ရှုလာကြခြင်းမှာ ဘာသာရေးကို ယခင်ကထက် ပိုမို စိတ် ၀င်စားလာကြ သည့်အတွက် ဖြစ်နိုင်သည်ဟု စာအုပ်ဆိုင်များက ပြောသည်။
"ကိုယ်တိုင်လည်း ဒီစာအုပ်တွေကို ဖတ်ဖြစ်တယ်။ ကြိုက်လည်းကြိုက်တယ်။ သူငယ်ချင်းတွေကိုလည်း လက်ဆောင်ပေးလို့ ကောင်း တယ်။ ကုသိုလ်လည်း ရတယ်။ လူတိုင်း ဖတ်သင့်တယ်လို့ထင်တယ်။ ဒီမြို့နယ်ဘက်မှာတော့ လူငယ်တွေ ၀ယ်ဖတ်ကြတာများတယ်" ဟု ရန်အောင်စာပေမှ မစန္ဒီတိုးအောင် က ပြောသည်။
"စာအုပ်ထွက်တာများတော့ စာဖတ်သူတွေ ရွေးချယ်စရာတွေ များလာတော့ ပိုအဆင်ပြေပါတယ်။ ကျန်းမာရေး စာအုပ်တွေဆိုလည်း လူတိုင်းအတွက် လိုအပ်နေတာပဲဆိုတော့ ကိုယ်နဲ့ အဆင်ပြေရာ ရွေးဝယ်လို့ရတယ်"ဟု ၎င်းက ပြောသည်။
"ဘာသာရေးစာအုပ်တွေမှာတော့ လူပုဂ္ဂိုလ်တွေရေးတာထက် ဘုန်းကြီး ရဟန်းတွေရေးတာတွေ ပိုရောင်းရတယ်။ မေတ္တာရှင် (ရွှေပြည်သာ)၊ ရှင်ဆန္ဒာဓိက၊ ရဝေနွယ်(အင်းမ)၊ ဦးဇောတိကတို့လို စာအုပ်တွေပါ"ဟု မစန္ဒီတိုးအောင်က ပြောသည်။
သတင်းစာ၊ ဂျာနယ်များတွင် ကြော်ငြာသည့်စာအုပ်များမှာ အခြားစာအုပ်များထက် ပိုမိုရောင်းအားကောင်းလေ့ရှိသည်ဟု ဆိုသည်။
"တချို့ဆို စာအုပ်မျက်နှာဖုံးလေးကို ပြပြီး လာဝယ်ကြတယ်။ သတင်းစာ၊ ဒါမှမဟုတ် ကြော်ငြာတစ်ခုခုထည့်တဲ့ စာအုပ်တွေကတော့ ပိုရောင်းရတယ်" ဟု မစန္ဒီတိုးအောင်က ပြောသည်။
 

.

~~ဆက်ဖတ်ရန်~~~

Friday 17 December 2010

တာချီလိတ်မြို့ အလိုတော်ပြည့်ကျောင်းတိုက်



တာချီလိတ်မြို့ အလိုတော်ပြည့်ကျောင်းတိုက်အတွင်းဆောက်လုပ်ပြီးစီကာနီးဖြစ်သောသာသနာ့ဝုဎိုကရဏသိမ်းတော်နှင့်
ဆောက်လုပ်ပြီးဖြစ်သောမုတ်ဦး နဂါးရုံဘုရားများကိုတွေ့ရစဉ် မုတ်ဦးအလှူရှင်များမှာ
ထိုင်းနိုင်ငံဘန်ကောက်မြို့ နေ ခွန်ဆပ်ဒခွန်ပါလီပွန်ဏနှင့် ခွန်နုံးလတ်ဝိုင်ဒီမိသားစုများမှ လှူဒါန်းထားခြင်းဖြစ်ပါသည်။  .

~~ဆက်ဖတ်ရန်~~~

Tuesday 2 November 2010

ဆုံခလာပင်လယ်ကမ်းခြေငါးသေတ္တာစက်ရုံ ၀ါကျွတ်ပွဲတော်

~~ဆက်ဖတ်ရန်~~~

Monday 1 November 2010


Type your summary here.Type the rest of your post here.

~~ဆက်ဖတ်ရန်~~~


Type your summary here.Type the rest of your post here.

~~ဆက်ဖတ်ရန်~~~


Type your summary here.Type the rest of your post here.

~~ဆက်ဖတ်ရန်~~~


ထိုင်းနိုင်ငံတောင်ပိုင်းဆုံခလာမြို့လေးဝတီရခိုင်မိသားစု (၇)ကြိမ်မြောက် ၀ါကျွတ်ပွဲတော်ကို ၄င်းစက်ရုံတွင်ကျင်းပရာ ၊ ရခိုင်ရိုးရာ ကျင်ကိုင်ပွဲချောတိုင်တက်ပွဲ နှင့် ကံစမ်းမဲအစီအစဉ်များကိုကျင်းပခဲ့ကြပြီး ၀ါကျွတ်လပြည့်နေညတရားပွဲများကို လည်းကျင်းပခဲ့ကြောင်းသတင်းရရှိပါသည် ။ pe the rest of your post here.

~~ဆက်ဖတ်ရန်~~~

ရခိုင်ကျင်သန်းတိ


Type your summary here.Type the rest of your post here.

~~ဆက်ဖတ်ရန်~~~

Sunday 3 October 2010

ဓနသိဒ္ဓိအလိုတော်ပြည့်ဆင်းထုတော်

Posted by Picasa

~~ဆက်ဖတ်ရန်~~~

အညာမြေ ပုဂံညောင်ဦးမှရှင်ပြုအလှူပွဲတစ်ခု


Posted by Picasa

~~ဆက်ဖတ်ရန်~~~

အညာမြေ ပုဂံညောင်ဦးမှရှင်ပြုအလှူပွဲတစ်ခု




Posted by Picasa

~~ဆက်ဖတ်ရန်~~~

အညာမြေ ပုဂံညောင်ဦးမှရှင်ပြုအလှူပွဲတစ်ခု



Posted by Picasa

~~ဆက်ဖတ်ရန်~~~

ပုဂံညောင်ဦးမြို့ အလိုတော်ပြည့်ကျောင်းတိုက်









Posted by Picasa

~~ဆက်ဖတ်ရန်~~~

အညာမြေ ပုဂံညောင်ဦးမှရှင်ပြုအလှူပွဲတစ်ခု






Posted by Picasa

~~ဆက်ဖတ်ရန်~~~

Monday 27 September 2010

အမှတ်ရနေသောဆရာဦးမိုးဟိန်း၏ ဘာသာပြန်ဆိုချက်

ဘိက္ခု နှစ်မျိုးရှိကြောင်းကို မဟာစည်းဆရာတော်ဘုရားကြီးမှ သုတ္တဘိက္ခုနှင့်ဝိနယဘိက္ခုနှစ်မျိုးတို့တွင် သုတ္တဘိက္ခုမှာဗုဒ္ဓ၏ အရိယာလမ်းစဉ်ကိုလိုက်နာကျင့်သုံးသောလူနှင့်နတ်တို့ကိုရည်ညွှန်းကြောင်းဖော်ပြ ထားပါသည် တစ်ဖန် မဇ္ဈိမနိကယ် သုဘသုတ်တွင်းလည်း ၊ ရဟန်းဘ၀နှင့်လူ့ဘ၀တွင်မည်သည့်ဘ၀က ပိုမိုကောင်းမွန်ပါသနည်ဟု ဗြဟ္မဏ တစ်ဦးမှ မေးသော အခါ မြတ်စွာဘုရားရှင်ကတစ်ဖက်သတ် လှေနံဒါးထစ်မပြောလိုကြောင်း လူပင်ဖြစ်စေကုသိုလ်တရားပွါးများအားထုတ်ပါက ဘ၀မြင့်မြတ် ကြောင်းမိန့်ကြား၏ ။အထက်ပါအကြောင်းအရာများကို ထောက်ဆသောအားဖြင့် . ဆရာကြီးဦးမိုးဟိန်းကို သုတ္တဘိက္ခု ဟူ၍ခေါ်ဆိုမည်ဆိုက လွန်အံမထင် ဆရာကြီးကွယ်လွန်သောသတင်းကိုတွေ့လိုက်ရတောမှ စာရေးသူမြန်မာနိုင်ငံသို့ အလည်ပြန်ဖြစ်ခဲ့စဉ်ကသွားရောက်မတွေ့ဖြစ်ခဲ့သည်ကို နောင်တရနေမိသည် တကယ်တော  ဆရာကြီးကဘောက်ထော်မှာနေတာ ဆိုတောစာရေးသူနေသော တာမွေနှင့်သိပ်တော မဝေးလှ   ဆရာကြီးကိုပထမဆုံးအကြိမ်နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်တွင်   စတင်သိရှိခဲ့ရသော်လည်း       ဆရာကြီးနှင့်အနီးကပ်စကားပြောဆိုဖူးခြင်းမရှိခဲ့ပါ သို့သော်လည်း ဆရာကြီး၏မေတ္တာစေတနာကိုတောအလွန်လေးစားတန်ဖို့ထားခဲ့မိသည်တက္ကသိုလ်ကကိုယ်တော်တွေ
အင်္ဂလိပ်စာတိုးတက်စေခြင်သောကြောင်း ညဖက်ကိုအချိန်ပိုအင်္ဂလိပ်စာသင်တန်းများကိုအပင်ပန်းခံ၍
လာရောက်သင်ပြပေးသည်နောက်ဆုံးဆရာကြီးလာရောက်သင်မပြပေးနိုင်သည့်အဆုံး
သူ့တပည့်တစ်ယောက်ကို အစားထိုးပေးထားခဲ့သည် သို့သော်လည်း ဆရာကြီးနှင့်ရေစက်ရှိနေခဲ့သောစာရေးသူအဖို့ တက္ကသိုလ်ကထွက်သွားပြီးအပြင်ကျောင်းမှာ
အင်္ဂလိပ်စာသင်တန်းများကိုလိုက်တက်နေသောအချိန် ပုဇွန်တောင် တွင် ဆရာကြီးဦးမိုးဟိန်း ၏အင်္ဂလိပ်စာသင်တန်းကြော်ငြာကိုတွေ့၍ သွားတက်လိုက်ပြန်သည်
ထိုအချိန်ကျမှဆရာကြီးကိုပို၍လေးစားကြညိုညိုလာမိသည် ဆရာကြီးသည် ဘော်ဒါဆောင်များမှငွေကြေးအမြောက်အများပေးကာ ဆရာကြီးကိုလာငှားသော်လည်း လိုက်ပြခြင်းမရှိပါ
ဆရာကြီးအင်္ဂလိပ်စာသင်ပြသောနေရာများမှာ အထူးသဖြင့်ပညာဒါနစာသင်ကျောင်းများနှင့် အခကြေးငွေ အနည်းငယ်မျှသာယူသောကျောင်းများတွင်သာဖြစ်သည် ဆရာကြီးသည်
သေသည့်တိုင်အောင်(၈)ပါးသီလဖြင့်နေထိုင်သောလူဝတ်ကြောင်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သက်သက်လွတ်အဓိဌာန်ကိုလည်းသေသည့်တိုင်းအောင် မဖျက်ခဲ့ပါ ပညာဒါနအခမဲ့
စာသင်ပေးလာခဲ့သည်မှာနှစ်ပေါင်းနှစ်ဆယ်ကျော်ပြီးဟုဆရာကြီးပြောပြမှသိရသည် သို့သော်ခြွင်းချက်အားဖြင့် သူမိသားစုငွေကြေးအခက်ခဲဖြစ်ချိန် သားသမီးများလည်း
ကျောင်းတက်နေချိန်ဖြစ်သောကြောင်း အခငွေကြေးဖြင့်ပညာသင်းပေးခဲ့သောအချိန်ရှိခဲ့သော်လည်း
သူများ တစ်ရာတွင် တစ်ဆယ်ရာခိုင်နှုန်းသာယူကြောင်းကိုဆရာကြီးကိုယ်တိုင်းပြောပြဖူးသည် ဆရာကြီးတွင်အမြဲတမ်းလွယ်အိပ်တစ်လုံးကိုလွယ်လျက်စာပေသမားပီပီ
ရိုးရိုးရှင်ရှင်နေထိုင်သောပုဂ္ဂိုလ်တစ်ဦးဖြစ်သည် ၊ တစ်ခါတစ်လေစာသင်ရင် ရယ်စရာလေးများပြောပြတတ်သည်ဆရာကြီးပြောပြစကားလုံးလေးတစ်လုံးကိုအခု

အချိန်ထိနားထဲမှာစွဲနေမိသည် ။
အင်္ဂလိပ်ဘသာ attire ဆိုတဲ့စကားလုံးကိုမြန်မာလို့ပုံစံပေါ်အောင်ပြောနိုင်သောဆရာကြီးကို မည်သူမလေးစားဘဲနေနိုင်အံနည်း attire ဆိုတဲ့စကားကိုဆရာကြီးကရယ်ကာသွန်ကာပြော

လိုက်ပုံမှာ
attire is with ခေါင်းပေါင်း and တိုက်ပုံ တဲ့ ဆိုလိုခြင်တာက ရိုးရာဝတ်စုံပါ သို့သော်လည်း ဆရာကြီးပြောလိုက်သောစကားကြောင်းရယ်လည်းရယ်သလို့တစ်သက်လုံးလည်း
မျက်စိထည့်မှာမြင်ယောင်ကာမှတ်မိနေမိသည် ။ ဆရာကြီးသည် သေဖို့အတွက်အဆင့်အသင့်ပြင်ဆင်ထားသည့်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့်အတွက် နောက်ဆုံးသူလမ်းကိုသူထွက်ခွါသွားခဲ့ပြီးဖြစ်ပေမဲ့ ဆရာကြီးရဲ့ဘာသာပြန်ဆိုချက်လေးကိုတော စာရေးသူစိတ်ထဲမှာ အခုချိန်ထိအမှတ်ရနေတုန်းရှိသလိုဆရာကြီး ၏စာသင်ပေးနေတဲ့ပုံရိပ်ကိုလည်း ပြန်မြင်ယောင်လာမိသည် ။
.

~~ဆက်ဖတ်ရန်~~~

Friday 10 September 2010

ယောအဝေလဂန်း (You are well come ) (ဟာသ)

တစ်နေ့သ၌ကျွန်ုပ်သူငယ်ချင်း မောင်ဖိုးမှိန်သည် ၊ အားအားယားယား အလည်ရောက်ရှိ၍လာလေသည် ကျွန်ုပ်မှာရှိသော ပေါက်ပေါက်ဆုတ်ထန်းလျှက် ရေနွေးကြမ်းဖြင့်ဧည့်ခံထားလိုက်လေသည် ၊ မောင်ဖိုးမှိန်ဆိုသူကား နယ်နယ်ရရ ပုဂ္ဂိုလ်မဟုတ် အင်္ဂလိပ်စာတတ်ပုဂ္ဂိုလ်တစ်ဦး ၊ သူပြောသောစကားများတွင်လည်းအင်္ဂလိပ်စကားလုံးလေးများကိုညှပ်ကာပြောလေ့ရှိသည် ။ . ကျွန်ုပ်၏မြေးမလေး ဆယ်တန်းအောင်စာရင်ထွက်သည့်အခိုက်နှင့်ကြုံကြိုက်နေပြန်တော စကားမစပ် ကိုယ်မြေး(၁၀)တန်းအောင်ကြောင်းကို ထည့်ကြွားလိုက်လေသည် ၊ ကိုယ်ဖိုးမှိန်ရယ် ၊ ဒီနှစ်တောကျုပ်မြေး ဆယ်တန်းအောင်သဗျာ့ အေ ဟုတ်လားဘယ်မှာခင်ဗျားမြေးဘယ်မလဲ ခေါ်လိုက်စမ်းပါ ဂုဏ်ပြုရအောင် ၊ ဟုဆိုကာ မြေးမလေးကိုလှမ်းခေါ်လိုက်လေသည် ဟေ ငါ့မြေးလာစမ်းပါအုံး ဒီကို မြေးမလေးမှာအိပ်ပေါ်မှကမန်းကတန်းဆင်းအလာ
ဒါနဲမောင်ဖိုးမှိန်မှ အင်္ဂလိပ်စကားဖြင့် Congratulation ဟုပြောလိုက်လေသည် ကျွန်ုပ်ကနားမလည်စွာဖြင့် အဲဒါဘာလဲအဓိပ္ပါယ်ဟု မေးသောအခါ '' ဂုဏ်ပြုတာပါ ''ဟုကျွန်ုပ်မိတ်ဆွေမောင်ဖိုးမှိန်မှဖြေကြားလေသည် ။ ကျွန်ုပ်မြေးကလည်းဆယ်တန်းအောင်ဆိုတောခေသူတောမဟုတ် မောင်ဖိုးမှိန်ပြောသောစကားကိုကြားလျှင်ကြားချင်း You are well come ဟုပြန်ပြောလိုက်လေသည် ။ ထိုစကားနှစ်လုံးတို့၏အဓိပ္ပါယ်အသီးသီးကိုကျွန်ုပ်သူငယ်ချင်းမောင်ဖိုးမှိန်ပြောပြသောကြောင်းကျွန်ုပ်ကောင်းစွာသိလိုက်ရလေပြီး
သို့သော်နောက်နောက်ကြုံကြိုက်သောအခါ ပြောဆိုနိုင်ရန်အတွက် မောင်ဖိုးမှိန်အား အကူအညီတောင်းရလေတောသည် ၊
မောင်ဖိုးမှိန်မင်းငါကိုအခုနားကစကားတွေကိုမြန်မာဘာသာအသံထွက်နှင့်ပြန်ဆိုရေးပေးပါကွာနောက်နောင်ကြုံကြိုက်ရင်ငါလည်း
ပြောကြည့်ရအောင်ဟုအကူအညီတောင်းလိုက်လေသည်။
မောင်ဖိုးမှိန်သည် ခဲတံနှင့်စာအုပ်တောင်းကာကောက်ကာငြင်ကာရေးသားလိုက်လေသည် ။ ကွန်ကရက်ဂျူလေရှင်း . ယောအဝေလဂန်း ထိုအခါကျွန်ုပ်သည် အထက်ပါစကားလုံးနှစ်လုံးကိုမြန်မာအသံထွက်ဖြင့်တစ်တွတ်တွတ်ရွတ် ဆိုနေလေတောသတည်း ။
ကွန်ဂရက်ဂျုလေရှင် ၊ ယောအဝေလဂန်း
ကွန်ဂရက်ဂျုလေရှင် ၊ ယောအဝေလဂန်း ။



.

~~ဆက်ဖတ်ရန်~~~

Saturday 21 August 2010

ရှာဖွေနေတာဘယ်လိုချမ်းသာမျိုးလဲ

ဖုန်းလာသံကြား၍လှမ်းကိုင်လိုက်ရာ အလွန်းရင်းနှီးသောတကာမတစ်ယောက်၏ အသံဖြစ်နေ၍ ၀မ်းမြောက်ဝမ်းသာဖြစ်သွားသည် ၊ အဘယ်ကြောင်းဆိုသော် သူဖုန်းမဆက်လာသည်မှာ အတော်အတန်ကြာနေပြီ ၊ခါတိုင်းဆိုလျှင် သူသိလိုသည် ဘာသာရေး နှင့်ပတ်သတ်သည့်အကြောင်းအရာများကို မေးနေကြ မို့ ဦးဇင်းကလည်းသိသလောက်မှတ်သလောက်လေးများကို ဖြေကြားပေးနေကျဖြစ်သည် ၊ . ဒါနဲဘဲ ဟလို မဘယ်လ ဖုန်းမဆက်တာ တောင်အတော်ကြာသွားပြီး နေများကောင်းရဲ့လား ´ ဟု မေးလိုက်မိသည်၊ ဘယ်လ “ မှန်ပါ ဦးဇင်း တပည့်တော်မ အလုပ်တွေအရမ်းများနေလို့ပါဘုရား ပြီးတော လုပ်ငန်းတွေကလည်းနောက်ထပ်နှစ်ခုလောက်တိုးချဲ့ထားတော ပိုဆိုးသွားတာပေါ တပည့်တော်မလည်း အခုဘာသာရေးနဲတောင်းနဲနဲကင်းချင်လာပြီး “
ဦးဇင်း ၊ “ ဘာလို့ဒီလောက်တောင်ရှာနေရတာလဲ သားသမီးလည်းမရှိ ယောက်ျားလည်းမရှိတစ်ယောက်ထည်း အပျိုကြီးလုပ်နေပြီးတော” ၊
ဘယ်လ ၊ “ အပျိုးကြီးကပိုရှာရတယ်ဘုရား ငွေရှိမှလူချစ်လူခင်ပေါတာ အခုခေတ်က ၊ ဦးဇင်း ၊ “ ငွေရှိတိုင်းစိတ်ချမ်းသာတာဟုတ်ပါဘူးဘယ်လာရယ် ၊ ချမ်းသာတယ် ဆင်းရဲတယ်ဆိုတာ စိတ်ရဲ့အခြေအနေတစ်ခုပါ ပိုင်ဆိုင်မှု့တွေနဲမဆိုင်ပါဘူး “ ၊ ဘယ်လ ၊ “ ဟုတ်တာတောဟုတ်ပါတယ်လေ ဒါပေမဲ့ လူ့လောကမှာ က ငွေရှိမှဖြစ်တာဦးပဇင်းရယ် “ တကာမပြောတာကိုဦးပဇင်းမငြင်းပါဘူး ဒါပေမဲ့ အဲဒါကအများအမြင်ပါ သို့သော် တကာမကိုယ်တိုင်ချမ်းသာဖို့က တကာမရဲ့စိတ်ဘဲ အရေးကြီးတယ် ၊ လူသားတွေကို ဆင်းရဲစေတာ တဏှာ ဆိုတဲ့တရားဘဲ ဗုဒ္ဓဘာသာရဲ့နောက်ဆုံးပန်းတိုင်ဟာ ဒီတဏှာကုန်ရာ ဘဲ အဂ္ဂညသုတ်မှာ ဟောထားတာကတော ဟောဒီကမ္ဘာလောကကြီးစတင်တဲ့ဖြစ်ပေါ်လာတဲ့အချိန်မှာ လူသားတွေစားဝတ်နေရေးအတွက်ဘာမှပူစရာမလိုအပ်ဘူး သဘာဝတရားက သူ့အလိုအလျှောက်ဖြည့်စီးပေးတယ် နောက်ဆုံးတောလူသားတွေရဲ့ လောဘတဏှာကြောင်း ဒါတွေအားလုံးပျောက်ဆုံးပျက်စီးသွားစေတယ် ဘယ်လောက်ကြောက်စရာကောင်းသလဲ ‘ အဲဒီတကာမပြောတဲ့ ပစ္စည်းဥစ္စာဆိုတာက သူတော်ကောင်းတွေနှစ်သက်မြတ်နိုးတဲ့အရာတွေမဟုတ်ဘူး သူတော်ကောင်းတွေ နှစ်သက်မြတ်နိုးတဲ့ရတနာဆိုတာက (၇)ပါးတောင်ရှိတယ်အဲဒါက
၁။ သဒ္ဓါ-ရတာနာသုံးတန် ကံ ကံ၏အကျိုးအပေါ်ယုံကြည်တာ အဲဒါ သူတော်ကောင်းဥစ္စရတနာ တစ်ပါးဘဲ ၊
၂။ သီလ- ကာယကံ ၀စီကံ မနောကံ တွေကိုစောင့်ထိမ်းတာ အဲဒါလည်း သူတော်ကောင်းတွေမှာရှိတဲ့ ပစ္စည်းဥစ္စာတစ်မျိုး
၃။ သုတ- အကြားအမြင်များတာ၊
၃။ စာဂ- စွန့်ကြဲပေးကမ်းလှူဒါန်းတာ၊
၅။ ပညာ ရုပ်နာမ်ဓမ္မတွေကို ခွဲခြမ်းသိတာ
၆။ဟိရိ မကောင်းမှု့ကိုပြုလုပ်ရမှာကို ရှက်တာ ၊
၇။ သြတပ္ပ မကောင်းမှု့ပြုလုပ်ရမှာကိုလန့်တာ ဆိုတဲ့ ဒီတရား (၇)ပါးဟာ သူတော်ကောင်းတွေ လေးစားတန်ဖို့ထားတဲ့ရတနာ ပစ္စည်းဥစ္စာတွေ ပါဘဲ ဒီပစ္စည်တွေရတနာတွေကိုပိုင်ဆိုင်ထားသူတွေဟာ ဘယ်သူခိုးမှ
လုယူဖျက်စီးလို့မရသလို တန်းဖို့လည်းမဖြတ်နိုင်လောက်အောင် အဖို့ထိုက်တန်ပါတယ်၊ ဘယ်လ “ မှန်လှပါဘုရား တပည့်တော်မ လည်း အကာကိုအနှစ်ထင်နေခဲ့မိတာကိုး “အရှင်ဘုရားရှင်းပြမှဘဲ ကိုယ်ရှာနေတာဘယ်သူအတွက်လဲ ပျော်ရွင်မှု့အတွက်လား ထားခဲ့ဖို့အတွက်လားဆိုတာကိုသတိထားမိတောတယ် ၊အေးနောက်ပြီးတော ရှိသေးတယ် တကာမပြောသလို ပစ္စည်းဥစ္စာကြွယ်ဝတာကို ချမ်းသာခြင်းမဟုတ်ဘူး လို့တောဘုရားမငြင်းပါဘူး ဘုရားရှင်ကအင်္ဂုတ္တရနိကာယ်မှာ ဟောထားတာရှိတယ် ပစ္စည်းဥစ္စာတစ်ခုတည်းကို ကြည့်ပြီးတော ကိုယ်ကျင့်တရားမရှိတဲ့ပုဂ္ဂိုလ်ကို မျက်စိတစ်ဖက်သာရှိတဲ့ပုဂ္ဂိုလ်လို့ အဲဒီတော ပစ္စည်းဥစ္စာလည်းရှိရမယ်ကိုယ်ကျင့်တရားလည်းကောင်းရမယ် ဒါမှ တော်ကာကျမယ် ၊
အဲဒီတော မြတ်စွာဘုရားက ပစ္စည်းဥစ္စာတွေပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်ကို ကျ တော
၁။ အတ္ထိသုခ ဒါဟာလည်းချမ်းသာခြင်းတစ်မျိုးဘဲ
၂။ ဘောဂသုခ နောက်တစ်ခု ကိုယ်မှာပိုင်ဆိုင်တဲ့ပစ္စည်ဥစ္စာတွေကို သူများတွေနဲမျှဝေခံစားသုံးစွဲတာဟာလည်း ချမ်းသာခြင်းတစ်မျိုးဘဲ
၃။အနဏသုခ-တဲနောက်တစ်မျိုးက ကြွေးမြီးကင်းရှင်းတာဟာလည်း ချမ်းသာခြင်း တစ်မျိုးဘဲ
၎ ။ အန၀ိဇ္ဇ သုခ အပြစ်ကင်းတဲ့ချမ်းသာ ဒါဟာ ဗုဒ္ဓဘာသာ ရဲအဓိက အရေးပါတဲ့ချမ်းသာမှု့ ပေါ့ ကိုယ်လုပ်ထားတဲ့အလုပ်တစ်ခု အပြုအမှုတစ်ခုဟာ အပြစ်ကင်းတယ်ဆိုရင် အဲဒီ အလုပ်ဟာ လည်းချမ်းသာတစ်မျိုးပါဘဲ ဒီတော ချမ်းသာချင်ရင် ပစ္စဥစ္စာတွေရှိရုံတစ်ခုတည်းနဲတောမချမ်းသာသေးဘူး အပြစ်ကင်းဖို့လဲလိုအပ်ပါသေးတယ် ဆိုတာကို ပြောခြင်းပါတယ် ၊ ပြီးတောလောကမှ ဘယ်လောက်ဘဲပစ္စည်းဥစ္စာရှိရှိ ရောင့်ရဲတင်တိမ်တယ်လို့မှမရှိဘဲ ရပြီးရင် ရချင်နေတာ ဘဲ ဒါကြောင့် မြတ်စွာဘုရားက သန္တုဌိပရမံဓနံ လို့ဟောတော်မူခဲ့တာဘဲ ရောင့်ရဲတင်တိမ်မှု့ ဟာ လည်းအချမ်းသာဆုံးဘဲလောကမှာ သို့သော်လည်း လိုအပ်တာကိုကျပြန်တောကြိုးစားပြီးဖြည့်ဆည်းကြရမယ် လိုခြင်တာကိုသာအတတ်နိုင်ဆုံးထိန်းချုပ်ကြရမှာ ၊ မှန်လှပါဘုရားတပည့်တော်မ ကြိုးစားပါမယ်ဘုရား ။ အေးဟုတ်ပြီးတကာမ ချမ်းသာချင်းတာဘယ်လိုချမ်းသာခြင်းမျိုးလဲ ဆိုတာရွေးချယ်ပြီးတော ၊ ကိုယ်လိုခြင်းတဲ့ချမ်းသာကိုရှာပေတော ၊ မှန်လှပါဘုရား သာဓု သာဓု သာဓုပါဘုရား ။
.

~~ဆက်ဖတ်ရန်~~~

Wednesday 11 August 2010

အလိုတော်ပြည့်ဆရာတော်တရားစခန်း

ဓမ္မကထိက။ အလိုတော်ပြည့်ဆရာတော် ဘဒ္ဒန္တ ဒေါက်တာ အရိယ၀ံသယ

ပြည်တွင်း ပြည်ပ အလိုတော်ပြည့်ကျောင်းတိုက်များ၏ အဓိပတိ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ
မဟာဂန္ထ၀ါစကပဏ္ဍိတ၊ ပရိယတ္တိသာသနဟိတဓရ၊ Dr. of Tripitaka (India); Ph. D. (Philosophy-Italy)

နေ့ရက်။ ၁၅-၈-၂၀၁၀ မှ ၁၉-၈-၂၀၁၀ - (၅)ရက် အချိန်ပြည့်တရားစခန်းပွဲ

နေရာ။ Changi Aloha Fairy Point Bungalo

မှတ်ချက်။ တရားစခန်းသို့ဝင်ရောက်လိုသူများ ၁-၇-၂၀၁၀ မှ စ၍ စာရင်းပေးသွင်းနိုင်ပါသည်။



တရားပွဲကို အောက်ပါ Website မှ တိုက်ရိုက် ထုတ်လွှင့်ပေးသွားမည်ဖြစ်ပါသည်။

http://livedhamma.com

~~ဆက်ဖတ်ရန်~~~

Monday 9 August 2010

ဘောင်ခတ်ခြင်း

ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းနှင့်နေသောလူသားများအတွက် မိမိတို့ကျင်လည်ကျက်စားသောပတ်ဝန်းကျင် ကို ဘောင်ခတ်သတ်မှတ်ပေးလိုက်သောအရာမှာမိမိ၏စိတ်သာဖြစ်သည် ၊ တစ်ချို့သောပုဂ္ဂိုလ်များက ထိုဘောင်ကိုခိုင်မာသထက်ခိုင်မာအောင် ခပ်ကျဉ်းကျဉ်းတည်ဆောက်ကြ၏ ၊ မိမိ၏မိသားစုဆွေမျိုဟူသော ဘောင်ကိုတည်ဆောက်လျှက် ဘ၀တွင်ရှင်သန်ကြ၏ ၊ ဘောင်ကျဉ်းလေလေ အောင်မြင်မှု့နည်းလေလေ ဖြစ်သည် ဘောင်ကျဉ်းကျဉ်းတည်ဆောက်ထားသူအတွက် သူ၏အတ္တကိုလူမြင်သောကြောင်းပတ်ဝန်းကျင် နှင့်လောကတွင်ဦးဆောင်နိုင်မှု့အားနည်း၏ ပရိသတ်ကိုစည်းရုံး၍မရနိုင် အတ္တကိုရှေ့တန်းတင်သောလူ သားများ၏စည်းရုံးရေးသည်လက်တွေ့မပါသော ပြယုတ်သဘောသာတည်း ။.

seflfishless idea “ မဟာယာနဗုဒ္ဒဘာသာဝင်များ၏ လမ်းစဉ်တွင် Bhodhisatta Idea ကိုတင်ပြလာကြသည် သူတို့တွင် သတ္တ၀ါမှန်သမျှဘုရားဖြစ်ခွင့်ရှိသည် ထိုနောက် ဘုရားလောင်း ၏ကျင့်စဉ်ဖြစ် သောပါရမီများကိုဖြည့်ကျင့်ရာတွင် အများအကျိုးကိုရှေ့တန်းတင်သော Idea မျိုးဖြစ်သော စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများဖြင့် အများကိုကူညီပေးသောဘုရားလောင်း၏ လမ်းစဉ်ကိုသာ အထွဌ်အမြတ်ထားလာ ကြ၏ ၊ ဘ၀နေထိုင်မှု့အရအရေးပါသော ကျင့်စဉ်တစ်ခုဖြစ်သည် လူသားတိုင်းသာ အများအတွက်ကိုယ်စီ တွေးကြမည်၊ အများအကျိုးကိုရှေ့ရှု့၍အလုပ်လုပ်ကြမည်ဆိုလျှင် ထိုပတ်ဝန်းကျင် သည် အေးချမ်းသော ပတ်ဝန်းကျင်၊ တိုးတက်သောပတ်ဝန်းကျင် ၊ သာယာပျော်ရွင်စရာ ကောင်းသော ပတ်ဝန်းကျင်အဖြစ်တည် ဆောက်နိုင်၏ ။ ထေရ၀ါဒဗုဒ္ဒဘာသာဝင်များ၏ အထွဌ်အထိပ်ထားသောအရာမှာ ဤဘ၀ဤခန္ဒ့ဖြင့်ကိလေသာ အပူငြိမ်း၍ ဘ၀ ဇာတ်သိမ်းရန်ဖြစ်သည် ၊ လူတစ်ယောက်ကိုရင်ဝတွင်မျှားစူးဝင်ခံနေရလျှင် ထိုမျှားကိုထုတ်နှုတ်၍ဆေးကုသ မှု့ပြုရန်သာပဓာန ကျသောအလုပ် မျှားအဘယ်အရပ်ကလာသနည်း ၊ မည်သူပစ်သနည်းစသော စုံးစမ်းမှု့ မျိုးသည် အဓိကပဓာနကျသော အရာမဟုတ်ထိုနည်းတူစွာ ဤခန္ဒာကိုယ်တွင်လည်း ကိလေသာမီးသည် အရှိန်းအဟုန်ပြင်းစွာဖြင့်တောက်လောင်းလျှက်ရှိ၏ ထိုကိလေသာမီးကိုအပြီးတိုင်ငြိမ်းသတ်ဖို့သည်သာ ပဓာနကျသောအရာဖြစ်သည်ဟုထေရ၀ါဒီအများလက်ခံယုံကြည်ထားကြသည် ။
ဤသို့ဆိုလျှင်ထေရ၀ါဒီများ ၊ အများစုသည် တစ်ကိုယ်ကောင်းဆန်သောအုပ်စု (၀ါ) အတ္တကိုရှေ့တန်းတင်သော အုပ်စုများဖြစ်သွားလေပြီးလားဟုပြောစရာရှိသည် ၊ ထေရ၀ါဒီများ၏ အများအကျိုးဆောင်ရွက်သော နည်းနှင့် မဟာယန၏အများအကျိုးဆောင်ရွက်သောနည်းမှာကွာခြားမှု့ရှိလေသည် ၊ ထေရ၀ါဒီအများစုသည် အတ္တနမေ၀ ပထမံ ပဋိရူပေနိဝေသယေ ၊ ဆိုသည့်အတိုင်း မိမိကိုယ်ပထမ သင့်တော်သောအခြေအနေ သို့ရောက်အောင်ကြိုးစားအားထုတ်ရမည် ပြီးမှသာ သူများကို လမ်းညွှန်ရမည် သို့မှသာ ပညာရှိများ၏ အပြစ်တင်ကဲ့ရဲ့ခြင်းမှလွတ်မြောက်နိုင်မည်ဖြစ်လေသည် ။ ထို့ကြောင်းသူများကိုကူညီလိုသူသည် မိမိကိုယ်ကို ပြည့်စုံအောင်ရှေးဦးစွာကြိုးစားအားထုတ်ရမည် ပြီးမှသူများကိုကူညီရမည် ၊ ရဟန်းတော်များသည်လည်း ကောင်းမှု့မျိုးစေ့ကိုစိုက်ပျိုးရာလယ်မြေသဖွယ် အဖြစ် တင်စားခံရသည် ၊ သီလ၀န္တ ရဟန်းတော်တစ်ပါးကိုပေးလှူသောအလှူမျိုးသည် အကျိုးကြီးမြတ်သောကြာင်း မိမိကိုယ်ကို ရှေ့ဦးစွာ စင်ကြယ်သောအကျင့်ဖြင့်ကူညီခြင်းသည်ပင်လျှင် သူတစ်ပါးကိုကူညီပြီးသားဖြစ်တောသည် ၊ အယူအဆနှစ်ခုဆန်ကျင့်ဖက်မဖြစ်စေရန်အတွက် လောကအကျိုးကိုရှေ့တန်းသောမဟာယန လမ်းစဉ်သည်လည်း မြတ်စွာဘုရားရှင်၏လမ်းစဉ်ဖြစ်သကဲ့သို့ရှေ့ဦးစွာ မိမိကိုယ်တိုင် လွတ်မြောက်မှု့အတွက် လောကုတ္တရာလမ်းစဉ်မှ (၀ါ) တရားလမ်းကြောင်းအရထေရ၀ါဒီတို့၏ လမ်းစဥသည်လည်း မြတ်စွာဘုရားရှင်၏လမ်းစဉ်သာဖြစ်သည် ၊ မြတ်စွာဘုရားရှင်သည် ပတ်ဝန်းကျင် ကိုဘောင်ခတ်သောပုဂ္ဂိုလ်မဟုတ် ထို့ကြောင်းမြတ်စွာဘုရားရှင်၏ သာသနာတော်သည် ဘောင်ခတ်ခြင်း မှကင်းသော အဆုံးအမတရားတော်သာဖြစ်သည် ၊ ဘုရားအဖြစ်ကိုရယူခြင်းသည်ပင် သတ္တ၀ါများ၏ အကျိုးစီးပွါးအတွက်သာ ၊ ဗုဒ္ဒေါလောကေသမုပန္နောဟိတာယသဗပါနိနံ ဆိုသည့်အတိုင်း အကန့်အသတ်မဲ့ ဘောင်းခတ်ခြင်းကင်းသောဘုရား၏တရားတော်များကိုလည်းမည်သူမဆိုကျင့်သုံးနိုင်၏ ကျင့်သူတိုင်းလည်း အကျိုးရနိုင်၏ ၊ ထို့ကြောင်း လူတိုင်း ဗုဒ္ဒဘာသာဝင်မဟုတ်သော်လည်း ဗုဒ္ဒ၏အဆုံးအမတရားတော်များသည် လူတိုင်အတွက် ဖြစ်သည် ၊ မြတ်စွာဘုရားရှင်၏ ဘောင်သည်
၁ ။ လောက
၂။ ဆွေမျိုး
၃။ မိမိအကျိုး
လောကမှာ မိမိကိုယ်ကျိုးချည်ဆောင်ရွက်သောပုဂ္ဂိုလ် ၊ သူတစ်ပါးအကျိုးကိုချည်းဆောင်ရွက်သောပုဂ္ဂိုလ် ၊ မိမိသူတစ်ပါး နှစ်ဦးနှစ်ဖက်အကျိုးကိုဆောင်ရွတ်သောပုဂ္ဂိုလ်၊မိမိသူတစ်ပါးနှစ်ဦးစလုံး၏ အကျိုးကို မဆောင်ရွက် သောပုဂ္ဂိုလ် ဟူ၍ လေးမျိုးတို့တွင် မြတ်စွာဘုရားရှင် မိမိ သူတစ်ပါးနှစ်ဦးသားတို့၏ အကျိုးကိုဆောင်ရွတ်သော ပုဂ္ဂိုလ်မျိုးဖြစ်သောကြောင်း မိမိအကျိုးအတွက် တရားအားထုတ်ခြင်းသည်ပင် သူတစ်ပါးအကျိုး အတွက်ဖြစ်သည် ၊ အဘယ့်ကြောင်းဆိုသော် မြတ်စွာဘုရားရှင်၏ သူလွတ်မြောက်သကဲ့သို့ သူတစ်ပါးကိုလွတ်မြောက်စေသည် ၊ သူသိသကဲ့သို သူများကိုသိစေတော်မူသည် ၊ ထို့သို့သိစေခြင်း၌အကန့်အသတ်မဲ့သည် ၊ ဘောင်ခတ်ခြင်းကင်းသည် ထို့ကြောင်း မြတ်စွာဘုရားရှင်၏ လောကအပေါ်ဦးဆောင်မှု့သည် အထူးအောင်မြင်သည် အားလုံးသော သတ္တ၀ါအနန္တလက်ခံနိုင်သည် ။ ထို့ကြောင်းပင်လျှင်မွေးဖွားပြီးစကပင် လောကတွင်ငါအမြတ်ဆုံး လောကတွင် ငါအကြီးဆုံးဟုကြွေးကြော်ခဲ့လေသည်။

. ”

~~ဆက်ဖတ်ရန်~~~

Saturday 31 July 2010

ဘ၀ကိုယ်စီ အလှကိုယ်စီ


ပန်းများလှသလိုလူ့ဘ၀သည်လည်းလှပါ၏ ၊
ပန်းများမွှေးသလိုလူ့ဘ၀သည်လည်းမွှေးပါ၏
လှသော ၊ မွှေးသောပန်းများကိုလောက၌
ထိုက်ထိုက်တန်တန်အသုံးချ၍ရသလို
လှသောမွှေးသောလူ့ဘ၀များကိုလည်းလောက၌
ထိုက်ထိုက်တန်တန်အသုံးချ၍ရပါ၏ ။ 
ဘုရားတင်၍ပူဇော်ခြင်းဖြင့်ပန်းများကိုလောက၌ထိုက်ထိုက်တန်တန်အသုံးချ၍ရသလို
လောကအတွက်ပူဇော်ခြင်းဖြင့်မိမိဘ၀ကိုထိုက်ထိုက်တန်တန်အသုံးချ၍ရပါ၏ ။ 

( ဓမ္မပဒ ပုပ္ဖ၀ဂ် )


.

~~ဆက်ဖတ်ရန်~~~

Tuesday 27 July 2010

ထိုင်းနိုင်ငံတောင်ပိုင်းဝါဆိုသင်္ကန်းကပ်လှူပွဲ


















ထိုင်းနိုင်ငံတောင်ပိုင်းဟတ်ယိုင်မြို့ ထုံးလုံလက်အိပ်စက်ရုံမှရွေ့ပြောင်းမြန်မာအလုပ်သမားများ
စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲကို ဟတ်ယိုင်မြို့   ၀တ်ခုတ်စာကျောင်းတိုက်အတွင်း ရွှေသာလျောင်း
ဘုရားရင်ပြင်ပေါ်တွင်ကျင်းပရာ ၊ ထိုင်းသံဃာတော်(၅)ပါး မြန်မာသံဃာတော် (၄)ပါး  အပါအ၀င်
စုစုပေါင်းသံဃာတော် (၉) ပါးအားဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို  လှူဒါန်းခဲ့ကြပြီး လှူးဒါန်းမှု့အစုစုတို့အတွက၊် ဆရာတော်အရှင်ခေမာဝံသမှ ရေစက်ချ အနုမောဒနာ တရားကိုဟောကြားချီးမြှင့်ခဲ့ကြောင်းသိရပါသည်။

~~ဆက်ဖတ်ရန်~~~

Sunday 18 July 2010

စကား

နေ့စဉ်နေ့တိုင်းပြောဆိုနေကြပါလျက်သတိမထားမိသောအရာမှာ " စကား " ပင်ဖြစ်သည် ၊လေ့ဆန်းစစ်သူများ၏ လေ့လာ သုတေသန ပြချက်အရ သာမန်အားဖြင့်လူတစ်ယောက်သည် တစ်နေ့ကိုစကားလုံး ၂၅၀၀၀ ကိုပျန်းမျှအားဖြင့်ပြောဆိုသည်ဟုဆို၏ ။
လူသားများသည် အချိန်အများဆုံးကို စကားပြောခြင်းဖြင့်သာကုန်လွန်စေကြ၏ သို့သော်လည်း အမြဲတမ်းဂရုမစိုက်မိသောအချက်မှာ ကျွန်ုပ်တို့ " ဘာကိုပြောနေသလဲ " ဆိုတာကိုဖြစ်သည် ။
ကျွန်ုပ်တို့ပြောစကားများသည်ထိထိရောက်ရောက်နှင့် မိမိသူတစ်ပါးနှစ်ဦးသားတို့၏ ပျော်ရွင်မှု့ကိုမဖန်းတီးနိုင်ခဲ့လျှင်စင်စစ် အချိန်ဖြုန်းခြင်းသာဖြစ်သည်။ စကားသည်အခြေခံအားဖြင့်အသံကြိုးမျှင်တုန်ခါမှု့မှတစ်ဆင့်တစ်စုံတစ်ယေက်၏ရည်ရွယ်ချက်ကို တစ်ပါးသူ၏နှလုံးသားသို့နားမှတစ်ဆင့်ပို့ဆောင်ခြင်းသာ ၊
" ကြီးကျယ်မြင့်မြတ်သောစကားများသည်အမြဲတမ်းစွမ်းအားရှိ၏ " ကောင်းသောစကားများသည် စိုးရိမ်ခြင်း ၊ ကြောက်လန့်ခြင်း ၊ နှင့်ဒေါသစသော တရားများကို ကုသရန်အတွက် ကမ္ဘာပေါ်တွင်ရှေးအကျဆုံးသော ဆေးတစ်မျိုး အဖြစ်အသိအမှတ်ပြုခံရသည်၊
အကယ်၍များလူတစ်ယေက်သည် စကားလုံးများကိုမည်သို့ အသုံးချရမည်ကိုသိလျင် ထိုစကားလုံးများသည် ငွေဖြင့်ဝယ်ယူ၍မရနိုင်သော ပျော်ရွင်မှု့ကိုဖြစ်စေနိုင်၏ ။

~~ဆက်ဖတ်ရန်~~~

Thursday 22 April 2010

HEAL THE WORLD


There´s a place in your heart
And I know that it is love
And this place could
Be much brighter than tomorrow
And if you really try
You´ll find there´s no need to cry
In this place you´ll feel
There´s no hurt or sorrow

There are ways
To get there
If you care enough
For the living
Make a little space
Make a better place

Heal the world
Make it a better place
For you and for me
And the entire human race
There are people dying
If you care enough
For the living
Make a better place
For you and for me

~~ဆက်ဖတ်ရန်~~~

ထိုင်းနိုင်ငံမှမြန်မာသင်္ကြန်


~~ဆက်ဖတ်ရန်~~~

ထိုင်းနိုင်ငံမှမြန်မာသင်္ကြန်

အိမ်ပြန်နေ့ရက်အတိအကျမရှိ ပေမဲ့ အပျော်အတိနှလုံးသားဖြင့် ရောက်ရာအရပ်မှာ ဘုရားမမေ့ တရားမမေ့သံဃာမမေ့ကြတဲ့ ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာ လူမျိုးများရဲ့သင်္ကြန်ပွဲတော်ဓာတ်ပုံတစ်ချို့ကိုတင်ပေးလိုက်ပါတယ်

မိမိသီတင်းသုံးနေထိုင်ခဲ့ရာထိုင်းနိုင်ငံတောင်ပိုင်း ၊ ဟတ်ယိုင်မြို့ ထုံးလုံလက်အိပ်စက်ရုံအပြင်တန်းလျှား မှာတော ဒုလ္လဘ၀တ်ပွဲ သက်ကြီးပူဇော်ပွဲ နှင့်တရားပွဲများကိုပြုလုပ်နိုင်ခဲ့ပြီးအလှူရှင် တကာ၊ မ များ က လည်း  စိတ်အားထက်ထက်သန်သန်ဖြင့် နောက်နှစ်များမှာလည်းယခုကဲ့ပြုလုပ်နိုင်ရန်အတွက် အားခဲ

လျှက်ရှိကြသည်။ တရားပွဲမစတင်မှီမြန်မာနိုင်ငံမှာကဲ့သို့ဓမ္မစကြာဝတ်ရွတ်အဖွဲ့မှ  ရွတ်ဖတ်ပူဇော်ကြပြီး တရားပွဲကိုလည်း မြန်မာနိုင်ငံမှာကဲ့သို စနစ်တကျ စီစဉ်ကျင်းပနိုင်ခဲ့ပါသည် ထိုင်းလူမျိုးများကလည်း လာရောက်လှူဒါန်းကြပြီး မြန်မာလူမျိုးများ၏ဘာသာသာသနာကိုင်းရှိုင်းပုံနှင့် အလှူအတန်း ရက်ရော ပုံတို့ကိုအနီးကပ်လေ့လာခွင့်ရကြသည် ။ အားလုံးသိကြတဲ့အတိုင်း ထိုင်းနိုင်ငံတွင် ဒုလ္လဘ၀တ်ဖို့အတွက်
အခက်ခဲများစွာရှိသည် ။ မြန်မာနိုင်ငံတွင် သင်္ကြန်ကာလဒုလ္လဘ၀တ်ပွဲ များကိုစည်စည်ကားကား ပြုလုပ် လေ့ရှိကြသော်လည်းထိုင်းနိုင်ငံတွင် ရဟန်းဝတ်ခွင့် ကို သံဃာနာယကများထံမှ ခွင့်ပြုချက် တောင်းခံရခြင်း  ကမ္မ၀ါစာဖတ်သောအခါတွင်လည်း သတ်မှတ်ထားသောပုဂ္ဂိုလ်ကသာဖတ်ရခြင်းစသော ကန့်သတ်မှု့များရှိသည် ။        သို့သော်မိမိနေသောကျောင်းမှ ကျောင်းထိုင်ဆရာတော်မှာ စိတ်ကောင်းစေတနာကောင်းရှိပြီးအိန္ဒိယနိုင်ငံတွင်ပညာသင်ယူဖူးသောပုဂ္ဂိုလ်ဖြစ်သည်အားလျှော်စွာ မိမိ၏လျှောက်ထားတောင်းပန်မှု့ကိုလိုက်လျောခဲ့သည် ။ (၇)ရက်မျှသာဝတ်မည်ဖြစ်သည့်အတွက် တာဝန်မလေးစေရန်အလို့ငှာ ကိုရင်သာစည်းပေးခဲ့သည် ။  အလားတူ ဆုံခလာပင်လယ်ကမ်းခြေ ငါးသေတ္တာစက်ရုံတွင်လည်း   မြန်မာနိုင်ငံမှလာရောက် အလုပ်လုပ်ကိုင်နေကြသောအလုပ်သမား တစ်ထောင်ကျော်ခန့်ရှိသည် ။ ထိုအထဲတွင် ရခိုင်လူမျိုးများမှ မိမိတို့၏ရိုးရာအစည်းအလာကို  ထိမ်းသိန်းရာလည်းရောက် ပျော်ပွဲ ရွင်ပွဲလည်းဖြစ်စေရန် ရခိုင်ရိုးရာ ချောတိုင်တက်ပွဲ နှင့် အထုတ်သတ်ပွဲများကိုကျင်းပပြုလုပ်ခဲ့ကြပြီး  ညပိုင်းတွင် ကာရာအိုကေသီဆိုပွနှင့်ကံစမ်းမဲ စီစဉ်များကို ကျင်းပပြုလုပ်ခဲ့ကြသည်။ ထိုနောက်သင်္ကြန်အကျနေ့မှာတော ရခိုင်မုန့်တီများဖြင့်ဧည့်ခံကျွေးမွေးခဲ့ကြပြီး လှူဒါန်းမှု့အစုစုတို့ကို ရေစက်သွန်းချအမျှပေဝေခဲ့ကြသည်။  အလားတူ မွန်၊ ထားဝယ်၊  ဗမာ စသောတိုင်းရင်းသားလူမျိုးများစုပေါင်း၍ သင်္ကြန်အကျနေ့နှင့် နောက်ဆုံးနေ့များတွင် သက်ကြီးပူဇော်ပွဲ ဓမ္မပူဇာတရားပွဲနှင့်ပျော်ပွဲရွင်ပွဲများအဖြစ်ကာရာအိုကေ သီဆိုပွဲများကို အထက်ပါစက်ရုံးတွင် ကျင်းပခဲ့ကြသည် ။ ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများမှာ လူမျိုးပေါင်းစုံဖြစ်သည် လူမျိုးအလိုက်စရိုက် ယဉ်ကျေးမှု့အနည်းငယ်ကွာဟမှု့ရှိကြသော်လည်း ဘုရားရှင် ၏ဆုံအမအောက်တွင် နေထိုင်ကြမည်ဆိုလျှင်မည်သည့်ပြဿနာမှ မရှိဘဲအေးချမ်းစွာ နေထို
်နိုင်ကြမည် ဖြစ်သကဲ့သို့သံဃာကိုလည်းမြတ်စွာဘုရား၏တပည့်သားသံဃာတစ်မျိုးတည်းသာမြင်ကြမည်ဆိုလျှင် အားလုံး ဗုဒ္ဓတရားတော်များရဲ့အနှစ်သာရများကိုခံစားကြရမည်သာဖြစ်သည်။ မတူကွဲပြားတာကိုခံစားတတ်ဖို့နှင့်နားလည်မှု့ရှိဖို့အလွန်းအရေးကြီးလှပေသည်။တစ်ဦးနှင့်တစ်ဦးလူမျိုးတစ်မျိုးနှင့်တစ်မျိုး အပြန်အလှန်လေးစား တန်ဖို့ထားမှု့နားလည်မှု့များကိုတည်ဆောက်နိုင်ကြပြီး မြတ်ဗုဒ္ဓ၏အဆုံးအမ အောက်တွင် တစ်နည်းအားဖြင့်ဘုရားအရိပ်အောက် တရားအရိပ်အောက် သံဃာ၏အရိပ်အောက် တွင် ခိုလှုံခွင့်ရကြပြီး ဘ၀၏ အခက်ခဲများဒုက္ခများကိုကျော်လွှားနိုင်ကြပါစေဟုဆန္ဒပြုလျှက် ။

~~ဆက်ဖတ်ရန်~~~

Monday 5 April 2010

ဘယ်တော့မှ မျှော်လင့်ချက်တွေကို မဆုံးရှုံးစေသင့်ဘူး



ကျွန်တော်တို့ ဘယ်တော့မှ မျှော်လင့်ချက်တွေကို မဆုံးရှုံးစေသင့်ဘူး

ဘ၀ ဆိုတာ ပန်းခင်းလမ်းစစ်စစ် မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ သိခဲ့ကြပြီး ဖြစ်ပါတယ် ။
ဆူးတွေ အပြည့်နဲ့ အချို့က သွေးသံရဲရဲ နဲ့ ဘ၀ရဲ့ အဓိပ္ပါယ်ဆိုတာ
ဘာမှန်းမသိအောင် ခံစားနေရတဲ့ သူတွေ ရှိပါတယ် ။ ဒါပေမယ့် ကျွန်တော်
အနှစ်သက်ဆုံး စကားတစ်ခွန်းရှိပါတယ် ။

" ကျွန်တော်တို့ ဘယ်တော့မှ မျှော်လင့်ချက်တွေကို မဆုံးရှုံးစေသင့်ဘူး " တဲ့ ။

အလွန်ကို မှန်ကန်တဲ့ စကားတစ်ခွန်း ဖြစ်ပါတယ် ။ လူတွေ အသက်ရှင်နေသရွှေ့ ဘာကို
အားကိုးပြီး နေထိုင်နေကြရတာပါလဲ ။ ကျွန်တော်တို့ ကြိုးစားမှုတွေရဲ့
နောက်ဆုံးရလဒ်က ဘာလဲ ။ ချမ်းသာမှုလား ... ပျော်ရွှင်မှုလား.... သေခြင်းတရားလား
။ မြန်မာ ဗုဒ္ဓဘာသာ အယူအဆ အရဆိုရင် ကောင်းကင်က အပ်တစ်စင်းနဲ့ လူ့ပြည်က
အပ်တစ်စင်း ဆုံချင်သာဆုံမယ် ။ လူ့ ဘ၀ကို ရရှိဖို့ဆိုတာ အလွန်ကို
ခက်ခဲလှပါတယ် တစ်ချို့ ငွေပုံကြီးပေါ်ထိုင်ပြီး ရောဂါသည်ဘ၀နဲ့ နေရတယ် ။
တစ်ချို့က တိုက်တွေကားတွေနဲ့ စက်ရုပ်ဆန်ဆန် နေထိုင်ကြရတယ် ။ တစ်ချို့ ကတော့
ဆင်းရဲလွန်းလို့ ထမင်းတောင် နပ်မှန်အောင် မစားရတဲ့ဘ၀ ။ သေဖို့
ကြံစည်တဲ့အထိတောင် ဖြစ်ကြတယ်လို့ ကျွန်တော် လေ့လာဖူးပါတယ် ။ အဲဒီလို
ဘ၀တွေအတွက် မျှော်လင့်ခြင်းကို မဆုံးရှုံးစေသင့်ပါဘူး ။ ။ ဒါဆို
လူဖြစ်ပေမယ့် လူခြင်း မတူရတဲ့ ဘ၀ ။ မပြည့်စုံတဲ့ဘ၀တွေအတွက် ဘာတွေက
မျှော်လင့်ချက်ဖြစ်မယ်လို့ သင်ထင်ပါသလဲ ။.

" ရှင်သန်ခြင်း " ဆိုတဲ့ မျှော်လင့် ချက်ပဲ ဖြစ်ပါတယ် ။ ရှင်သန်ခြင်းသာ အဓိကလိုအပ်တဲ့ မျှော်လင့်
ခြင်းဖြစ်ပါတယ် ။ ကဲ ဒါဆို မျှော်လင့်ချက် မရှိဘူးလို့ ကျွန်တော်တို့
ထင်ခဲ့တဲ့ ထင်နေတဲ့ ချို့ ယွင်းချက်ရှိတဲ့ လူသားတွေရဲ့ ဘ၀တွေကို လေ့လာ
ကြည့်ရအောင် ။

လူသားနှစ်ဦး လက်တွေပါမလာဘူး ။ ဒါပေမယ့် ရေလွှာလျောစီး နေကြတယ် ။ သာမန် လူတွေတောင် လုပ်ဖို့ ခက်ခဲတဲ့ကိစ္စ သူတို့ စွမ်းဆောင်နေကြတယ် ။ ကျွန်တော်တို့ သန်သန်စွမ်းစွမ်းကြီးတွေ
ဘာတွေကို စိတ်အားငယ်နေကြတာလဲ ။

လက်မပါတဲ့အတွက် သူက ပါးစပ်နဲ့ ဆော့ပင်ကို ကိုက်ပြီး စာရေးတတ်တယ် ။ ကျွန်တော်တို့ လက်နှစ်ဖက် နဲ့ စာရေးနိုင်ကြတယ် ။ ကွန်ပြူတာရိုက်နိုင်တယ် ။ ဘာကို ပျင်းနေကြတာလဲ ။


သူက ပခုံးနဲ့ ခေါင်းနဲ့ ညှပ်ပြီး ဂေါက်ရိုက်တတ်တယ် ။ ကျွန်တော်တို့ လက်နှစ်ဖက်လုံးပါကြတယ် ။ ဂေါက်လည်းရိုက်နိုင်တယ် ။ ဘာကို စိတ်ပျက်နေကြတာလဲ ။

သူရေကူးတတ်တယ် ။ မနစ်မြှုပ်အောင် စွမ်းစွမ်းတမံ ကြိုးစားခဲ့တယ် ။ ကျွန်တော်တို့ရော... အဲဒီလို ကြိုးစားဖူးကြရဲ့လား ။

သူ့မျက်နှာမှာ မျှော်လင့်ခြင်းတွေ အပြည့်နဲ့ လူတွေကို ရဲရဲ စိုက်ကြည့်လေ့ရှိတယ်။ ကျွန်တော်တို့ ဘာအတွက် ခေါင်းငုံ့နေကြမှာလဲ ။


တစ်ဖက်က ကလေးလေးက ပျင်းရိစွာ စာရေးနေချိန်မှာ လက်မပါတဲ့ ကလေးငယ်လေးက စာကို ခြေချောင်းလေးနဲ့ ညှပ်ပြီး ဂရုတစိုက်ရေးနေတယ်။ ကျွန်တော်တို့ ငယ်ငယ်က အဲဒီလို ကြိုးစားခဲ့ကြရဲ့လား ။


သူ့ရဲ့ မျက်နှာမှာ ပျော်ရွှင်မှုတွေအပြည့်နဲ့ ရှင်သန်ခြင်းဆိုတဲ့ မျှော်လင့်ချက်တွေ အပြည့်နဲ့ ။



ဒီကလေးငယ်လေးရဲ့ ရှေုဆက်ရမယ့် ဘ၀ကိုလည်း သင်တွေးမိရဲ့လား ။

ဒါဆို သူတို့ သူတို့တွေ..မျှော်ချက်တွေကို အဆုံးရှုံးမခံကြဘူး ။ ကျွန်တော်တို့ကရော
ဘာအတွက်ကြောင့်များ အဆုံးရှုံးခံကြရမှာလဲ ။

စာရေးသူ......သက်တန့်ချို (၂၄.၃.၁၀)




~~ဆက်ဖတ်ရန်~~~

About This Blog

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP