သတ္တ၀ါမှန်သမျှချမ်းသာရကျမ္မာကြပါစေ ဘေးရန်မခ ကြံသမျှဆန္ဒပြည့် ပါစေ

Tuesday 8 February 2011

သီဟိုဠ်အနွယ် နှင့်ပုဂံသာသနာ

အရှင်ဥတ္တရဇီဝနှင့်အတူ ဆပဋ အမည်ရှိသောသာမဏေတစ်ပါးလည်းလိုက်ပါသွားခဲ့သည် ၊ ဤသာမေဏသည်သီဟိုဠ် မဟာဝီဟာရကျောင်းတိုက်တွင်ရဟန်းအဖြစ်ကိုခံယူခဲ့ပြီး ၊မြန်မာနိုင်ငံ၌မတွေ့ရသော သီဟိုဠ်ရှိ ရှေးဟောင်း ကျမ်း ဂန်မြောက်များစွာကိုတတ်မြောက်သွားသည်ဟု ယူဆရသည်။ သုတ္တနိဒ္ဒေသ (ကစ္စယနသုတ္တနိဒေသ) ကျမ်းသည် အိန္ဒိယ သဒ္ဒါဆရာ ကစ္စယနသုတ်စဉ်များကို ရှင်းပြသည့်သဒ္ဒါကျမ်းဖြစ်သည်၊ Forchammer အဆိုအရ သုတ္တနိဒ္ဒေသကျမ်းအား အရှင်ကစ္စယနကရေးသားပြီး အရှင်ဆပဋမထေရ်ကမြန်မာပြည်သို့ယူဆောင်ခဲ့သည်ဟုယူဆသည် သို့သော်လည်း သာသနာဝံသ ဂန္ထ၀ံသ နှင့်သာသနာ့ဝံသဒီပကျမ်းတို့၌ အရှင်ဆပဋကိုကျမ်းပြုပုဂ္ဂိုလ်အဖြစ်ဖော်ပြသည် ။ ဂန္ထ၀ံသကျမ်း၌ အရှင်ဆပဋမထေရ်သည်တပည့်ဖြစ်သူအရှင်ဓမ္မစာရီ၏တောင်းပန်မှု့ကြောင်း သုတ္တနိဒ္ဒသကို ရေးသည် ဟုဖော်ပြသည် ၊ အရှင်ဆပဋ၏ကျော်ကြားသောနောက်ကျမ်းတစ်စောင်မှာသင်္ခေပ၀ဏ္ဏနာ ဖြစ်သည် Forchammer ၏အထောက်အထားများအရ အရှင်ဆပဋမထေရ်သည် သင်္ခေပ၀ဏ္ဏနာကျမ်းကိုသီဟိုဠ်မှယူဆောင်ခဲ့ပြီး ၊ သီဟိုဠ်မှ မြန်မာ သို့မဟုတ် တလိုင်းအက္ခရာသို့ပြောင်လွဲခဲ့ကြောင်း ဖော်ပြထားပါသည်၊ သာသနာဝံသ ၊ သာသနာဒီပ ၊ဂန္ထ၀ံသကျမ်းတို့က . အရှင်ဆပဋမထေရ်ရေးသားကြောင်းဆိုသည် ။ ဂန္ထ၀ံသကျမ်းအလိုအရ အရှင်ဆပဋမထေရ် ရေးသားသောကျမ်း (၈)ကျမ်းအနက် သင်္ခေပ၀ဏ္ဏနာကျမ်စတစ်ခုကိုသာသီဟိုဠ်တွင်ရေးသားခဲ့ကြောင်း စာမူတွင် ဖော်ပြထားသောခေါင်းစဉ်အရသိရသည်၊ ဤကျမ်းသည် အရှင်ဆပဋနှင့် အလှမ်းမကွာလွန်းသောအချိန်က သီဟိုဠ်သားအရှင်အနုရုဒ္ဓါရေးသောအဘိဓမ္မထ္ထသင်္ဂဟကျမ်း ၏အဖွင့်ဖြစ်သည်ကိုတွေ့ရသည်၊ ကျမ်းစာကိုစီစဉ်ရာ၌ အဘိဓမ္မထ္ထသင်္ဂဟကျမ်းကဲ့သို့ပင် ကဏ္ဍ (၉)ခုခွဲထားသည် ကိုတွေ့ရသည်။ ရဟန်းတော်များ၏ကံဆောင်ရာ (သိမ်)အကြောင်းကိုဖော်ပြသည့် သီမာလင်္ကာရသိုမဟုတ်သီမာလင်္ကာရဋီကာကျမ်းကား သီဟိုဠ်သားရဟန်းတော် အရှင်ဝါစိဿရ ရေးသားသော ကျမ်းတစ်ကျမ်း၏အဖွင့်ဋီကာကျမ်းဖြစ်သည်။ ၀ိနည်းနှင့်ပါတ်သတ်သည်နောက်ကျမ်းစာတစ်ခုမှာ ၀ိနယသမုဠာနဒီပနီဖြစ်ပြီး အရှင်ဆပဋမထေရ်၏ဥပဇဈယ် ဆရာ တောင်ပန်မှု့ ကြောင်းရေးသားခဲ့သည်။ တစ်ဖန်ဝနယဂုဠဋ္ဌဒီပနီးကျမ်းသည်လည်း ၀ိနယပိဋကတ်လာခက်ခဲ့သောစာပိုဒ်များကို ရှင်းပြသောကျမ်းစာဖြစ်သည် ၊ နာမာစာရဒီပနီကျမ်းလည်း Forchammer အလို ၀ိနယကျမ်းစာ ပိဋကတ်သမိုင်းအလို အဘိဓမ္မာကျမ်းစာ )အရှင်ဆပဋမထေရ်၏ကျမ်းစာဖြစ်နိုင်သည် ၊ယင်းတို့အားလုံးကို အရှင်ဆပဋမထေရ်က မြန်မာပြည်သို့ယူဆောင်ခဲ့သည်။
ဂန္ဓိသာရ သိုမဟုတ် ဂဏ္ဍိသာရ ကျမ်းမှာ အရေးကြီးသော ပါဠိတော်များမှ လေ့လာရန်ထုတ်နှုတ်ထားသော အနှစ်ချုပ်ကျမ်းဖြစ်သည်။ အရှင်ဆပဋမထေရ်ရေးသည်ဟုယူဆရသောကျမ်းစာများမှာအဘိဓမ္မာအကြောင်းအရာဖြစ်သည် မာတိကထ္ထဒီပနီနှင့် ပဋ္ဌာနဂဏာနယ ကျမ်းစာဖြစ်သည် ။
ဤနေရာ၌ဒေါက်တာမာဘယ် မှတ်ချက်ပြုထားသည်မှာ သီဟိုဠ်မြန်မာနှစ်နိုင်ငံ၏စာပေသမိုင်းကိုမလေ့လာဘဲ ခေတ်ဦး ပိုင်မှာပင် မြန်မာရဟန်းတော်မျာသည် သီဟိုဠ်ရဟန်းတော်များထက်အဘိဓမ္မာလေ့လာမှု့ကိုပို၍စိတ်ဝင်စားသည်ဟုပြော လျှင်မဆင်မခြင်ပြောရာရောက်လိမ့်မည် ဟုသူမကဆိုသည် ။



.

0 comments:

About This Blog

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP