သတ္တ၀ါမှန်သမျှချမ်းသာရကျမ္မာကြပါစေ ဘေးရန်မခ ကြံသမျှဆန္ဒပြည့် ပါစေ

Monday 27 September 2010

အမှတ်ရနေသောဆရာဦးမိုးဟိန်း၏ ဘာသာပြန်ဆိုချက်

ဘိက္ခု နှစ်မျိုးရှိကြောင်းကို မဟာစည်းဆရာတော်ဘုရားကြီးမှ သုတ္တဘိက္ခုနှင့်ဝိနယဘိက္ခုနှစ်မျိုးတို့တွင် သုတ္တဘိက္ခုမှာဗုဒ္ဓ၏ အရိယာလမ်းစဉ်ကိုလိုက်နာကျင့်သုံးသောလူနှင့်နတ်တို့ကိုရည်ညွှန်းကြောင်းဖော်ပြ ထားပါသည် တစ်ဖန် မဇ္ဈိမနိကယ် သုဘသုတ်တွင်းလည်း ၊ ရဟန်းဘ၀နှင့်လူ့ဘ၀တွင်မည်သည့်ဘ၀က ပိုမိုကောင်းမွန်ပါသနည်ဟု ဗြဟ္မဏ တစ်ဦးမှ မေးသော အခါ မြတ်စွာဘုရားရှင်ကတစ်ဖက်သတ် လှေနံဒါးထစ်မပြောလိုကြောင်း လူပင်ဖြစ်စေကုသိုလ်တရားပွါးများအားထုတ်ပါက ဘ၀မြင့်မြတ် ကြောင်းမိန့်ကြား၏ ။အထက်ပါအကြောင်းအရာများကို ထောက်ဆသောအားဖြင့် . ဆရာကြီးဦးမိုးဟိန်းကို သုတ္တဘိက္ခု ဟူ၍ခေါ်ဆိုမည်ဆိုက လွန်အံမထင် ဆရာကြီးကွယ်လွန်သောသတင်းကိုတွေ့လိုက်ရတောမှ စာရေးသူမြန်မာနိုင်ငံသို့ အလည်ပြန်ဖြစ်ခဲ့စဉ်ကသွားရောက်မတွေ့ဖြစ်ခဲ့သည်ကို နောင်တရနေမိသည် တကယ်တော  ဆရာကြီးကဘောက်ထော်မှာနေတာ ဆိုတောစာရေးသူနေသော တာမွေနှင့်သိပ်တော မဝေးလှ   ဆရာကြီးကိုပထမဆုံးအကြိမ်နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်တွင်   စတင်သိရှိခဲ့ရသော်လည်း       ဆရာကြီးနှင့်အနီးကပ်စကားပြောဆိုဖူးခြင်းမရှိခဲ့ပါ သို့သော်လည်း ဆရာကြီး၏မေတ္တာစေတနာကိုတောအလွန်လေးစားတန်ဖို့ထားခဲ့မိသည်တက္ကသိုလ်ကကိုယ်တော်တွေ
အင်္ဂလိပ်စာတိုးတက်စေခြင်သောကြောင်း ညဖက်ကိုအချိန်ပိုအင်္ဂလိပ်စာသင်တန်းများကိုအပင်ပန်းခံ၍
လာရောက်သင်ပြပေးသည်နောက်ဆုံးဆရာကြီးလာရောက်သင်မပြပေးနိုင်သည့်အဆုံး
သူ့တပည့်တစ်ယောက်ကို အစားထိုးပေးထားခဲ့သည် သို့သော်လည်း ဆရာကြီးနှင့်ရေစက်ရှိနေခဲ့သောစာရေးသူအဖို့ တက္ကသိုလ်ကထွက်သွားပြီးအပြင်ကျောင်းမှာ
အင်္ဂလိပ်စာသင်တန်းများကိုလိုက်တက်နေသောအချိန် ပုဇွန်တောင် တွင် ဆရာကြီးဦးမိုးဟိန်း ၏အင်္ဂလိပ်စာသင်တန်းကြော်ငြာကိုတွေ့၍ သွားတက်လိုက်ပြန်သည်
ထိုအချိန်ကျမှဆရာကြီးကိုပို၍လေးစားကြညိုညိုလာမိသည် ဆရာကြီးသည် ဘော်ဒါဆောင်များမှငွေကြေးအမြောက်အများပေးကာ ဆရာကြီးကိုလာငှားသော်လည်း လိုက်ပြခြင်းမရှိပါ
ဆရာကြီးအင်္ဂလိပ်စာသင်ပြသောနေရာများမှာ အထူးသဖြင့်ပညာဒါနစာသင်ကျောင်းများနှင့် အခကြေးငွေ အနည်းငယ်မျှသာယူသောကျောင်းများတွင်သာဖြစ်သည် ဆရာကြီးသည်
သေသည့်တိုင်အောင်(၈)ပါးသီလဖြင့်နေထိုင်သောလူဝတ်ကြောင်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သက်သက်လွတ်အဓိဌာန်ကိုလည်းသေသည့်တိုင်းအောင် မဖျက်ခဲ့ပါ ပညာဒါနအခမဲ့
စာသင်ပေးလာခဲ့သည်မှာနှစ်ပေါင်းနှစ်ဆယ်ကျော်ပြီးဟုဆရာကြီးပြောပြမှသိရသည် သို့သော်ခြွင်းချက်အားဖြင့် သူမိသားစုငွေကြေးအခက်ခဲဖြစ်ချိန် သားသမီးများလည်း
ကျောင်းတက်နေချိန်ဖြစ်သောကြောင်း အခငွေကြေးဖြင့်ပညာသင်းပေးခဲ့သောအချိန်ရှိခဲ့သော်လည်း
သူများ တစ်ရာတွင် တစ်ဆယ်ရာခိုင်နှုန်းသာယူကြောင်းကိုဆရာကြီးကိုယ်တိုင်းပြောပြဖူးသည် ဆရာကြီးတွင်အမြဲတမ်းလွယ်အိပ်တစ်လုံးကိုလွယ်လျက်စာပေသမားပီပီ
ရိုးရိုးရှင်ရှင်နေထိုင်သောပုဂ္ဂိုလ်တစ်ဦးဖြစ်သည် ၊ တစ်ခါတစ်လေစာသင်ရင် ရယ်စရာလေးများပြောပြတတ်သည်ဆရာကြီးပြောပြစကားလုံးလေးတစ်လုံးကိုအခု

အချိန်ထိနားထဲမှာစွဲနေမိသည် ။
အင်္ဂလိပ်ဘသာ attire ဆိုတဲ့စကားလုံးကိုမြန်မာလို့ပုံစံပေါ်အောင်ပြောနိုင်သောဆရာကြီးကို မည်သူမလေးစားဘဲနေနိုင်အံနည်း attire ဆိုတဲ့စကားကိုဆရာကြီးကရယ်ကာသွန်ကာပြော

လိုက်ပုံမှာ
attire is with ခေါင်းပေါင်း and တိုက်ပုံ တဲ့ ဆိုလိုခြင်တာက ရိုးရာဝတ်စုံပါ သို့သော်လည်း ဆရာကြီးပြောလိုက်သောစကားကြောင်းရယ်လည်းရယ်သလို့တစ်သက်လုံးလည်း
မျက်စိထည့်မှာမြင်ယောင်ကာမှတ်မိနေမိသည် ။ ဆရာကြီးသည် သေဖို့အတွက်အဆင့်အသင့်ပြင်ဆင်ထားသည့်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့်အတွက် နောက်ဆုံးသူလမ်းကိုသူထွက်ခွါသွားခဲ့ပြီးဖြစ်ပေမဲ့ ဆရာကြီးရဲ့ဘာသာပြန်ဆိုချက်လေးကိုတော စာရေးသူစိတ်ထဲမှာ အခုချိန်ထိအမှတ်ရနေတုန်းရှိသလိုဆရာကြီး ၏စာသင်ပေးနေတဲ့ပုံရိပ်ကိုလည်း ပြန်မြင်ယောင်လာမိသည် ။
.

0 comments:

About This Blog

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP