သတ္တ၀ါမှန်သမျှချမ်းသာရကျမ္မာကြပါစေ ဘေးရန်မခ ကြံသမျှဆန္ဒပြည့် ပါစေ

Thursday 22 April 2010

ထိုင်းနိုင်ငံမှမြန်မာသင်္ကြန်

အိမ်ပြန်နေ့ရက်အတိအကျမရှိ ပေမဲ့ အပျော်အတိနှလုံးသားဖြင့် ရောက်ရာအရပ်မှာ ဘုရားမမေ့ တရားမမေ့သံဃာမမေ့ကြတဲ့ ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာ လူမျိုးများရဲ့သင်္ကြန်ပွဲတော်ဓာတ်ပုံတစ်ချို့ကိုတင်ပေးလိုက်ပါတယ်

မိမိသီတင်းသုံးနေထိုင်ခဲ့ရာထိုင်းနိုင်ငံတောင်ပိုင်း ၊ ဟတ်ယိုင်မြို့ ထုံးလုံလက်အိပ်စက်ရုံအပြင်တန်းလျှား မှာတော ဒုလ္လဘ၀တ်ပွဲ သက်ကြီးပူဇော်ပွဲ နှင့်တရားပွဲများကိုပြုလုပ်နိုင်ခဲ့ပြီးအလှူရှင် တကာ၊ မ များ က လည်း  စိတ်အားထက်ထက်သန်သန်ဖြင့် နောက်နှစ်များမှာလည်းယခုကဲ့ပြုလုပ်နိုင်ရန်အတွက် အားခဲ

လျှက်ရှိကြသည်။ တရားပွဲမစတင်မှီမြန်မာနိုင်ငံမှာကဲ့သို့ဓမ္မစကြာဝတ်ရွတ်အဖွဲ့မှ  ရွတ်ဖတ်ပူဇော်ကြပြီး တရားပွဲကိုလည်း မြန်မာနိုင်ငံမှာကဲ့သို စနစ်တကျ စီစဉ်ကျင်းပနိုင်ခဲ့ပါသည် ထိုင်းလူမျိုးများကလည်း လာရောက်လှူဒါန်းကြပြီး မြန်မာလူမျိုးများ၏ဘာသာသာသနာကိုင်းရှိုင်းပုံနှင့် အလှူအတန်း ရက်ရော ပုံတို့ကိုအနီးကပ်လေ့လာခွင့်ရကြသည် ။ အားလုံးသိကြတဲ့အတိုင်း ထိုင်းနိုင်ငံတွင် ဒုလ္လဘ၀တ်ဖို့အတွက်
အခက်ခဲများစွာရှိသည် ။ မြန်မာနိုင်ငံတွင် သင်္ကြန်ကာလဒုလ္လဘ၀တ်ပွဲ များကိုစည်စည်ကားကား ပြုလုပ် လေ့ရှိကြသော်လည်းထိုင်းနိုင်ငံတွင် ရဟန်းဝတ်ခွင့် ကို သံဃာနာယကများထံမှ ခွင့်ပြုချက် တောင်းခံရခြင်း  ကမ္မ၀ါစာဖတ်သောအခါတွင်လည်း သတ်မှတ်ထားသောပုဂ္ဂိုလ်ကသာဖတ်ရခြင်းစသော ကန့်သတ်မှု့များရှိသည် ။        သို့သော်မိမိနေသောကျောင်းမှ ကျောင်းထိုင်ဆရာတော်မှာ စိတ်ကောင်းစေတနာကောင်းရှိပြီးအိန္ဒိယနိုင်ငံတွင်ပညာသင်ယူဖူးသောပုဂ္ဂိုလ်ဖြစ်သည်အားလျှော်စွာ မိမိ၏လျှောက်ထားတောင်းပန်မှု့ကိုလိုက်လျောခဲ့သည် ။ (၇)ရက်မျှသာဝတ်မည်ဖြစ်သည့်အတွက် တာဝန်မလေးစေရန်အလို့ငှာ ကိုရင်သာစည်းပေးခဲ့သည် ။  အလားတူ ဆုံခလာပင်လယ်ကမ်းခြေ ငါးသေတ္တာစက်ရုံတွင်လည်း   မြန်မာနိုင်ငံမှလာရောက် အလုပ်လုပ်ကိုင်နေကြသောအလုပ်သမား တစ်ထောင်ကျော်ခန့်ရှိသည် ။ ထိုအထဲတွင် ရခိုင်လူမျိုးများမှ မိမိတို့၏ရိုးရာအစည်းအလာကို  ထိမ်းသိန်းရာလည်းရောက် ပျော်ပွဲ ရွင်ပွဲလည်းဖြစ်စေရန် ရခိုင်ရိုးရာ ချောတိုင်တက်ပွဲ နှင့် အထုတ်သတ်ပွဲများကိုကျင်းပပြုလုပ်ခဲ့ကြပြီး  ညပိုင်းတွင် ကာရာအိုကေသီဆိုပွနှင့်ကံစမ်းမဲ စီစဉ်များကို ကျင်းပပြုလုပ်ခဲ့ကြသည်။ ထိုနောက်သင်္ကြန်အကျနေ့မှာတော ရခိုင်မုန့်တီများဖြင့်ဧည့်ခံကျွေးမွေးခဲ့ကြပြီး လှူဒါန်းမှု့အစုစုတို့ကို ရေစက်သွန်းချအမျှပေဝေခဲ့ကြသည်။  အလားတူ မွန်၊ ထားဝယ်၊  ဗမာ စသောတိုင်းရင်းသားလူမျိုးများစုပေါင်း၍ သင်္ကြန်အကျနေ့နှင့် နောက်ဆုံးနေ့များတွင် သက်ကြီးပူဇော်ပွဲ ဓမ္မပူဇာတရားပွဲနှင့်ပျော်ပွဲရွင်ပွဲများအဖြစ်ကာရာအိုကေ သီဆိုပွဲများကို အထက်ပါစက်ရုံးတွင် ကျင်းပခဲ့ကြသည် ။ ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများမှာ လူမျိုးပေါင်းစုံဖြစ်သည် လူမျိုးအလိုက်စရိုက် ယဉ်ကျေးမှု့အနည်းငယ်ကွာဟမှု့ရှိကြသော်လည်း ဘုရားရှင် ၏ဆုံအမအောက်တွင် နေထိုင်ကြမည်ဆိုလျှင်မည်သည့်ပြဿနာမှ မရှိဘဲအေးချမ်းစွာ နေထို
်နိုင်ကြမည် ဖြစ်သကဲ့သို့သံဃာကိုလည်းမြတ်စွာဘုရား၏တပည့်သားသံဃာတစ်မျိုးတည်းသာမြင်ကြမည်ဆိုလျှင် အားလုံး ဗုဒ္ဓတရားတော်များရဲ့အနှစ်သာရများကိုခံစားကြရမည်သာဖြစ်သည်။ မတူကွဲပြားတာကိုခံစားတတ်ဖို့နှင့်နားလည်မှု့ရှိဖို့အလွန်းအရေးကြီးလှပေသည်။တစ်ဦးနှင့်တစ်ဦးလူမျိုးတစ်မျိုးနှင့်တစ်မျိုး အပြန်အလှန်လေးစား တန်ဖို့ထားမှု့နားလည်မှု့များကိုတည်ဆောက်နိုင်ကြပြီး မြတ်ဗုဒ္ဓ၏အဆုံးအမ အောက်တွင် တစ်နည်းအားဖြင့်ဘုရားအရိပ်အောက် တရားအရိပ်အောက် သံဃာ၏အရိပ်အောက် တွင် ခိုလှုံခွင့်ရကြပြီး ဘ၀၏ အခက်ခဲများဒုက္ခများကိုကျော်လွှားနိုင်ကြပါစေဟုဆန္ဒပြုလျှက် ။

0 comments:

About This Blog

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP