သတ္တ၀ါမှန်သမျှချမ်းသာရကျမ္မာကြပါစေ ဘေးရန်မခ ကြံသမျှဆန္ဒပြည့် ပါစေ

Sunday 18 July 2010

စကား

နေ့စဉ်နေ့တိုင်းပြောဆိုနေကြပါလျက်သတိမထားမိသောအရာမှာ " စကား " ပင်ဖြစ်သည် ၊လေ့ဆန်းစစ်သူများ၏ လေ့လာ သုတေသန ပြချက်အရ သာမန်အားဖြင့်လူတစ်ယောက်သည် တစ်နေ့ကိုစကားလုံး ၂၅၀၀၀ ကိုပျန်းမျှအားဖြင့်ပြောဆိုသည်ဟုဆို၏ ။
လူသားများသည် အချိန်အများဆုံးကို စကားပြောခြင်းဖြင့်သာကုန်လွန်စေကြ၏ သို့သော်လည်း အမြဲတမ်းဂရုမစိုက်မိသောအချက်မှာ ကျွန်ုပ်တို့ " ဘာကိုပြောနေသလဲ " ဆိုတာကိုဖြစ်သည် ။
ကျွန်ုပ်တို့ပြောစကားများသည်ထိထိရောက်ရောက်နှင့် မိမိသူတစ်ပါးနှစ်ဦးသားတို့၏ ပျော်ရွင်မှု့ကိုမဖန်းတီးနိုင်ခဲ့လျှင်စင်စစ် အချိန်ဖြုန်းခြင်းသာဖြစ်သည်။ စကားသည်အခြေခံအားဖြင့်အသံကြိုးမျှင်တုန်ခါမှု့မှတစ်ဆင့်တစ်စုံတစ်ယေက်၏ရည်ရွယ်ချက်ကို တစ်ပါးသူ၏နှလုံးသားသို့နားမှတစ်ဆင့်ပို့ဆောင်ခြင်းသာ ၊
" ကြီးကျယ်မြင့်မြတ်သောစကားများသည်အမြဲတမ်းစွမ်းအားရှိ၏ " ကောင်းသောစကားများသည် စိုးရိမ်ခြင်း ၊ ကြောက်လန့်ခြင်း ၊ နှင့်ဒေါသစသော တရားများကို ကုသရန်အတွက် ကမ္ဘာပေါ်တွင်ရှေးအကျဆုံးသော ဆေးတစ်မျိုး အဖြစ်အသိအမှတ်ပြုခံရသည်၊
အကယ်၍များလူတစ်ယေက်သည် စကားလုံးများကိုမည်သို့ အသုံးချရမည်ကိုသိလျင် ထိုစကားလုံးများသည် ငွေဖြင့်ဝယ်ယူ၍မရနိုင်သော ပျော်ရွင်မှု့ကိုဖြစ်စေနိုင်၏ ။

0 comments:

About This Blog

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP