သတ္တ၀ါမှန်သမျှချမ်းသာရကျမ္မာကြပါစေ ဘေးရန်မခ ကြံသမျှဆန္ဒပြည့် ပါစေ

Thursday 22 April 2010

HEAL THE WORLD


There´s a place in your heart
And I know that it is love
And this place could
Be much brighter than tomorrow
And if you really try
You´ll find there´s no need to cry
In this place you´ll feel
There´s no hurt or sorrow

There are ways
To get there
If you care enough
For the living
Make a little space
Make a better place

Heal the world
Make it a better place
For you and for me
And the entire human race
There are people dying
If you care enough
For the living
Make a better place
For you and for me

~~ဆက်ဖတ်ရန်~~~

ထိုင်းနိုင်ငံမှမြန်မာသင်္ကြန်


~~ဆက်ဖတ်ရန်~~~

ထိုင်းနိုင်ငံမှမြန်မာသင်္ကြန်

အိမ်ပြန်နေ့ရက်အတိအကျမရှိ ပေမဲ့ အပျော်အတိနှလုံးသားဖြင့် ရောက်ရာအရပ်မှာ ဘုရားမမေ့ တရားမမေ့သံဃာမမေ့ကြတဲ့ ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာ လူမျိုးများရဲ့သင်္ကြန်ပွဲတော်ဓာတ်ပုံတစ်ချို့ကိုတင်ပေးလိုက်ပါတယ်

မိမိသီတင်းသုံးနေထိုင်ခဲ့ရာထိုင်းနိုင်ငံတောင်ပိုင်း ၊ ဟတ်ယိုင်မြို့ ထုံးလုံလက်အိပ်စက်ရုံအပြင်တန်းလျှား မှာတော ဒုလ္လဘ၀တ်ပွဲ သက်ကြီးပူဇော်ပွဲ နှင့်တရားပွဲများကိုပြုလုပ်နိုင်ခဲ့ပြီးအလှူရှင် တကာ၊ မ များ က လည်း  စိတ်အားထက်ထက်သန်သန်ဖြင့် နောက်နှစ်များမှာလည်းယခုကဲ့ပြုလုပ်နိုင်ရန်အတွက် အားခဲ

လျှက်ရှိကြသည်။ တရားပွဲမစတင်မှီမြန်မာနိုင်ငံမှာကဲ့သို့ဓမ္မစကြာဝတ်ရွတ်အဖွဲ့မှ  ရွတ်ဖတ်ပူဇော်ကြပြီး တရားပွဲကိုလည်း မြန်မာနိုင်ငံမှာကဲ့သို စနစ်တကျ စီစဉ်ကျင်းပနိုင်ခဲ့ပါသည် ထိုင်းလူမျိုးများကလည်း လာရောက်လှူဒါန်းကြပြီး မြန်မာလူမျိုးများ၏ဘာသာသာသနာကိုင်းရှိုင်းပုံနှင့် အလှူအတန်း ရက်ရော ပုံတို့ကိုအနီးကပ်လေ့လာခွင့်ရကြသည် ။ အားလုံးသိကြတဲ့အတိုင်း ထိုင်းနိုင်ငံတွင် ဒုလ္လဘ၀တ်ဖို့အတွက်
အခက်ခဲများစွာရှိသည် ။ မြန်မာနိုင်ငံတွင် သင်္ကြန်ကာလဒုလ္လဘ၀တ်ပွဲ များကိုစည်စည်ကားကား ပြုလုပ် လေ့ရှိကြသော်လည်းထိုင်းနိုင်ငံတွင် ရဟန်းဝတ်ခွင့် ကို သံဃာနာယကများထံမှ ခွင့်ပြုချက် တောင်းခံရခြင်း  ကမ္မ၀ါစာဖတ်သောအခါတွင်လည်း သတ်မှတ်ထားသောပုဂ္ဂိုလ်ကသာဖတ်ရခြင်းစသော ကန့်သတ်မှု့များရှိသည် ။        သို့သော်မိမိနေသောကျောင်းမှ ကျောင်းထိုင်ဆရာတော်မှာ စိတ်ကောင်းစေတနာကောင်းရှိပြီးအိန္ဒိယနိုင်ငံတွင်ပညာသင်ယူဖူးသောပုဂ္ဂိုလ်ဖြစ်သည်အားလျှော်စွာ မိမိ၏လျှောက်ထားတောင်းပန်မှု့ကိုလိုက်လျောခဲ့သည် ။ (၇)ရက်မျှသာဝတ်မည်ဖြစ်သည့်အတွက် တာဝန်မလေးစေရန်အလို့ငှာ ကိုရင်သာစည်းပေးခဲ့သည် ။  အလားတူ ဆုံခလာပင်လယ်ကမ်းခြေ ငါးသေတ္တာစက်ရုံတွင်လည်း   မြန်မာနိုင်ငံမှလာရောက် အလုပ်လုပ်ကိုင်နေကြသောအလုပ်သမား တစ်ထောင်ကျော်ခန့်ရှိသည် ။ ထိုအထဲတွင် ရခိုင်လူမျိုးများမှ မိမိတို့၏ရိုးရာအစည်းအလာကို  ထိမ်းသိန်းရာလည်းရောက် ပျော်ပွဲ ရွင်ပွဲလည်းဖြစ်စေရန် ရခိုင်ရိုးရာ ချောတိုင်တက်ပွဲ နှင့် အထုတ်သတ်ပွဲများကိုကျင်းပပြုလုပ်ခဲ့ကြပြီး  ညပိုင်းတွင် ကာရာအိုကေသီဆိုပွနှင့်ကံစမ်းမဲ စီစဉ်များကို ကျင်းပပြုလုပ်ခဲ့ကြသည်။ ထိုနောက်သင်္ကြန်အကျနေ့မှာတော ရခိုင်မုန့်တီများဖြင့်ဧည့်ခံကျွေးမွေးခဲ့ကြပြီး လှူဒါန်းမှု့အစုစုတို့ကို ရေစက်သွန်းချအမျှပေဝေခဲ့ကြသည်။  အလားတူ မွန်၊ ထားဝယ်၊  ဗမာ စသောတိုင်းရင်းသားလူမျိုးများစုပေါင်း၍ သင်္ကြန်အကျနေ့နှင့် နောက်ဆုံးနေ့များတွင် သက်ကြီးပူဇော်ပွဲ ဓမ္မပူဇာတရားပွဲနှင့်ပျော်ပွဲရွင်ပွဲများအဖြစ်ကာရာအိုကေ သီဆိုပွဲများကို အထက်ပါစက်ရုံးတွင် ကျင်းပခဲ့ကြသည် ။ ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများမှာ လူမျိုးပေါင်းစုံဖြစ်သည် လူမျိုးအလိုက်စရိုက် ယဉ်ကျေးမှု့အနည်းငယ်ကွာဟမှု့ရှိကြသော်လည်း ဘုရားရှင် ၏ဆုံအမအောက်တွင် နေထိုင်ကြမည်ဆိုလျှင်မည်သည့်ပြဿနာမှ မရှိဘဲအေးချမ်းစွာ နေထို
်နိုင်ကြမည် ဖြစ်သကဲ့သို့သံဃာကိုလည်းမြတ်စွာဘုရား၏တပည့်သားသံဃာတစ်မျိုးတည်းသာမြင်ကြမည်ဆိုလျှင် အားလုံး ဗုဒ္ဓတရားတော်များရဲ့အနှစ်သာရများကိုခံစားကြရမည်သာဖြစ်သည်။ မတူကွဲပြားတာကိုခံစားတတ်ဖို့နှင့်နားလည်မှု့ရှိဖို့အလွန်းအရေးကြီးလှပေသည်။တစ်ဦးနှင့်တစ်ဦးလူမျိုးတစ်မျိုးနှင့်တစ်မျိုး အပြန်အလှန်လေးစား တန်ဖို့ထားမှု့နားလည်မှု့များကိုတည်ဆောက်နိုင်ကြပြီး မြတ်ဗုဒ္ဓ၏အဆုံးအမ အောက်တွင် တစ်နည်းအားဖြင့်ဘုရားအရိပ်အောက် တရားအရိပ်အောက် သံဃာ၏အရိပ်အောက် တွင် ခိုလှုံခွင့်ရကြပြီး ဘ၀၏ အခက်ခဲများဒုက္ခများကိုကျော်လွှားနိုင်ကြပါစေဟုဆန္ဒပြုလျှက် ။

~~ဆက်ဖတ်ရန်~~~

Monday 5 April 2010

ဘယ်တော့မှ မျှော်လင့်ချက်တွေကို မဆုံးရှုံးစေသင့်ဘူး



ကျွန်တော်တို့ ဘယ်တော့မှ မျှော်လင့်ချက်တွေကို မဆုံးရှုံးစေသင့်ဘူး

ဘ၀ ဆိုတာ ပန်းခင်းလမ်းစစ်စစ် မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ သိခဲ့ကြပြီး ဖြစ်ပါတယ် ။
ဆူးတွေ အပြည့်နဲ့ အချို့က သွေးသံရဲရဲ နဲ့ ဘ၀ရဲ့ အဓိပ္ပါယ်ဆိုတာ
ဘာမှန်းမသိအောင် ခံစားနေရတဲ့ သူတွေ ရှိပါတယ် ။ ဒါပေမယ့် ကျွန်တော်
အနှစ်သက်ဆုံး စကားတစ်ခွန်းရှိပါတယ် ။

" ကျွန်တော်တို့ ဘယ်တော့မှ မျှော်လင့်ချက်တွေကို မဆုံးရှုံးစေသင့်ဘူး " တဲ့ ။

အလွန်ကို မှန်ကန်တဲ့ စကားတစ်ခွန်း ဖြစ်ပါတယ် ။ လူတွေ အသက်ရှင်နေသရွှေ့ ဘာကို
အားကိုးပြီး နေထိုင်နေကြရတာပါလဲ ။ ကျွန်တော်တို့ ကြိုးစားမှုတွေရဲ့
နောက်ဆုံးရလဒ်က ဘာလဲ ။ ချမ်းသာမှုလား ... ပျော်ရွှင်မှုလား.... သေခြင်းတရားလား
။ မြန်မာ ဗုဒ္ဓဘာသာ အယူအဆ အရဆိုရင် ကောင်းကင်က အပ်တစ်စင်းနဲ့ လူ့ပြည်က
အပ်တစ်စင်း ဆုံချင်သာဆုံမယ် ။ လူ့ ဘ၀ကို ရရှိဖို့ဆိုတာ အလွန်ကို
ခက်ခဲလှပါတယ် တစ်ချို့ ငွေပုံကြီးပေါ်ထိုင်ပြီး ရောဂါသည်ဘ၀နဲ့ နေရတယ် ။
တစ်ချို့က တိုက်တွေကားတွေနဲ့ စက်ရုပ်ဆန်ဆန် နေထိုင်ကြရတယ် ။ တစ်ချို့ ကတော့
ဆင်းရဲလွန်းလို့ ထမင်းတောင် နပ်မှန်အောင် မစားရတဲ့ဘ၀ ။ သေဖို့
ကြံစည်တဲ့အထိတောင် ဖြစ်ကြတယ်လို့ ကျွန်တော် လေ့လာဖူးပါတယ် ။ အဲဒီလို
ဘ၀တွေအတွက် မျှော်လင့်ခြင်းကို မဆုံးရှုံးစေသင့်ပါဘူး ။ ။ ဒါဆို
လူဖြစ်ပေမယ့် လူခြင်း မတူရတဲ့ ဘ၀ ။ မပြည့်စုံတဲ့ဘ၀တွေအတွက် ဘာတွေက
မျှော်လင့်ချက်ဖြစ်မယ်လို့ သင်ထင်ပါသလဲ ။.

" ရှင်သန်ခြင်း " ဆိုတဲ့ မျှော်လင့် ချက်ပဲ ဖြစ်ပါတယ် ။ ရှင်သန်ခြင်းသာ အဓိကလိုအပ်တဲ့ မျှော်လင့်
ခြင်းဖြစ်ပါတယ် ။ ကဲ ဒါဆို မျှော်လင့်ချက် မရှိဘူးလို့ ကျွန်တော်တို့
ထင်ခဲ့တဲ့ ထင်နေတဲ့ ချို့ ယွင်းချက်ရှိတဲ့ လူသားတွေရဲ့ ဘ၀တွေကို လေ့လာ
ကြည့်ရအောင် ။

လူသားနှစ်ဦး လက်တွေပါမလာဘူး ။ ဒါပေမယ့် ရေလွှာလျောစီး နေကြတယ် ။ သာမန် လူတွေတောင် လုပ်ဖို့ ခက်ခဲတဲ့ကိစ္စ သူတို့ စွမ်းဆောင်နေကြတယ် ။ ကျွန်တော်တို့ သန်သန်စွမ်းစွမ်းကြီးတွေ
ဘာတွေကို စိတ်အားငယ်နေကြတာလဲ ။

လက်မပါတဲ့အတွက် သူက ပါးစပ်နဲ့ ဆော့ပင်ကို ကိုက်ပြီး စာရေးတတ်တယ် ။ ကျွန်တော်တို့ လက်နှစ်ဖက် နဲ့ စာရေးနိုင်ကြတယ် ။ ကွန်ပြူတာရိုက်နိုင်တယ် ။ ဘာကို ပျင်းနေကြတာလဲ ။


သူက ပခုံးနဲ့ ခေါင်းနဲ့ ညှပ်ပြီး ဂေါက်ရိုက်တတ်တယ် ။ ကျွန်တော်တို့ လက်နှစ်ဖက်လုံးပါကြတယ် ။ ဂေါက်လည်းရိုက်နိုင်တယ် ။ ဘာကို စိတ်ပျက်နေကြတာလဲ ။

သူရေကူးတတ်တယ် ။ မနစ်မြှုပ်အောင် စွမ်းစွမ်းတမံ ကြိုးစားခဲ့တယ် ။ ကျွန်တော်တို့ရော... အဲဒီလို ကြိုးစားဖူးကြရဲ့လား ။

သူ့မျက်နှာမှာ မျှော်လင့်ခြင်းတွေ အပြည့်နဲ့ လူတွေကို ရဲရဲ စိုက်ကြည့်လေ့ရှိတယ်။ ကျွန်တော်တို့ ဘာအတွက် ခေါင်းငုံ့နေကြမှာလဲ ။


တစ်ဖက်က ကလေးလေးက ပျင်းရိစွာ စာရေးနေချိန်မှာ လက်မပါတဲ့ ကလေးငယ်လေးက စာကို ခြေချောင်းလေးနဲ့ ညှပ်ပြီး ဂရုတစိုက်ရေးနေတယ်။ ကျွန်တော်တို့ ငယ်ငယ်က အဲဒီလို ကြိုးစားခဲ့ကြရဲ့လား ။


သူ့ရဲ့ မျက်နှာမှာ ပျော်ရွှင်မှုတွေအပြည့်နဲ့ ရှင်သန်ခြင်းဆိုတဲ့ မျှော်လင့်ချက်တွေ အပြည့်နဲ့ ။



ဒီကလေးငယ်လေးရဲ့ ရှေုဆက်ရမယ့် ဘ၀ကိုလည်း သင်တွေးမိရဲ့လား ။

ဒါဆို သူတို့ သူတို့တွေ..မျှော်ချက်တွေကို အဆုံးရှုံးမခံကြဘူး ။ ကျွန်တော်တို့ကရော
ဘာအတွက်ကြောင့်များ အဆုံးရှုံးခံကြရမှာလဲ ။

စာရေးသူ......သက်တန့်ချို (၂၄.၃.၁၀)




~~ဆက်ဖတ်ရန်~~~

About This Blog

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP