သတ္တ၀ါမှန်သမျှချမ်းသာရကျမ္မာကြပါစေ ဘေးရန်မခ ကြံသမျှဆန္ဒပြည့် ပါစေ

Friday 10 September 2010

ယောအဝေလဂန်း (You are well come ) (ဟာသ)

တစ်နေ့သ၌ကျွန်ုပ်သူငယ်ချင်း မောင်ဖိုးမှိန်သည် ၊ အားအားယားယား အလည်ရောက်ရှိ၍လာလေသည် ကျွန်ုပ်မှာရှိသော ပေါက်ပေါက်ဆုတ်ထန်းလျှက် ရေနွေးကြမ်းဖြင့်ဧည့်ခံထားလိုက်လေသည် ၊ မောင်ဖိုးမှိန်ဆိုသူကား နယ်နယ်ရရ ပုဂ္ဂိုလ်မဟုတ် အင်္ဂလိပ်စာတတ်ပုဂ္ဂိုလ်တစ်ဦး ၊ သူပြောသောစကားများတွင်လည်းအင်္ဂလိပ်စကားလုံးလေးများကိုညှပ်ကာပြောလေ့ရှိသည် ။ . ကျွန်ုပ်၏မြေးမလေး ဆယ်တန်းအောင်စာရင်ထွက်သည့်အခိုက်နှင့်ကြုံကြိုက်နေပြန်တော စကားမစပ် ကိုယ်မြေး(၁၀)တန်းအောင်ကြောင်းကို ထည့်ကြွားလိုက်လေသည် ၊ ကိုယ်ဖိုးမှိန်ရယ် ၊ ဒီနှစ်တောကျုပ်မြေး ဆယ်တန်းအောင်သဗျာ့ အေ ဟုတ်လားဘယ်မှာခင်ဗျားမြေးဘယ်မလဲ ခေါ်လိုက်စမ်းပါ ဂုဏ်ပြုရအောင် ၊ ဟုဆိုကာ မြေးမလေးကိုလှမ်းခေါ်လိုက်လေသည် ဟေ ငါ့မြေးလာစမ်းပါအုံး ဒီကို မြေးမလေးမှာအိပ်ပေါ်မှကမန်းကတန်းဆင်းအလာ
ဒါနဲမောင်ဖိုးမှိန်မှ အင်္ဂလိပ်စကားဖြင့် Congratulation ဟုပြောလိုက်လေသည် ကျွန်ုပ်ကနားမလည်စွာဖြင့် အဲဒါဘာလဲအဓိပ္ပါယ်ဟု မေးသောအခါ '' ဂုဏ်ပြုတာပါ ''ဟုကျွန်ုပ်မိတ်ဆွေမောင်ဖိုးမှိန်မှဖြေကြားလေသည် ။ ကျွန်ုပ်မြေးကလည်းဆယ်တန်းအောင်ဆိုတောခေသူတောမဟုတ် မောင်ဖိုးမှိန်ပြောသောစကားကိုကြားလျှင်ကြားချင်း You are well come ဟုပြန်ပြောလိုက်လေသည် ။ ထိုစကားနှစ်လုံးတို့၏အဓိပ္ပါယ်အသီးသီးကိုကျွန်ုပ်သူငယ်ချင်းမောင်ဖိုးမှိန်ပြောပြသောကြောင်းကျွန်ုပ်ကောင်းစွာသိလိုက်ရလေပြီး
သို့သော်နောက်နောက်ကြုံကြိုက်သောအခါ ပြောဆိုနိုင်ရန်အတွက် မောင်ဖိုးမှိန်အား အကူအညီတောင်းရလေတောသည် ၊
မောင်ဖိုးမှိန်မင်းငါကိုအခုနားကစကားတွေကိုမြန်မာဘာသာအသံထွက်နှင့်ပြန်ဆိုရေးပေးပါကွာနောက်နောင်ကြုံကြိုက်ရင်ငါလည်း
ပြောကြည့်ရအောင်ဟုအကူအညီတောင်းလိုက်လေသည်။
မောင်ဖိုးမှိန်သည် ခဲတံနှင့်စာအုပ်တောင်းကာကောက်ကာငြင်ကာရေးသားလိုက်လေသည် ။ ကွန်ကရက်ဂျူလေရှင်း . ယောအဝေလဂန်း ထိုအခါကျွန်ုပ်သည် အထက်ပါစကားလုံးနှစ်လုံးကိုမြန်မာအသံထွက်ဖြင့်တစ်တွတ်တွတ်ရွတ် ဆိုနေလေတောသတည်း ။
ကွန်ဂရက်ဂျုလေရှင် ၊ ယောအဝေလဂန်း
ကွန်ဂရက်ဂျုလေရှင် ၊ ယောအဝေလဂန်း ။



.

0 comments:

About This Blog

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP