သတ္တ၀ါမှန်သမျှချမ်းသာရကျမ္မာကြပါစေ ဘေးရန်မခ ကြံသမျှဆန္ဒပြည့် ပါစေ

Tuesday 29 March 2011

တာလေငလျင် အပျက်အစီးများ









 
ဘယ်လိုမှရှောင်လွှဲမရနိုင်သောသဘာဝဘေးအန္တရာယ်များ ၊ ဂျပန်မှာဖြစ်တောဝေးလို့စိတ်မကောင်း ဖြစ်တာမှလွဲ၍ဘာမှသိပ်ပြီးတောမခံစားလိုက်ရပေမဲ့အနီးအနားမှာ ဖြစ်တောလည်  အန္တရယ်ဟာ နီးလာပြီး ဆိုတာကိုသတိပေးသလိုရှိလို့ ကြောက်စိတ်နှင့်အတူ သံဝေဂဖြစ်မိပါရဲ့ ၊ 
                         အကြောင်းတရားများ 

ဒီလိုဖြစ်တာဟာ ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတုပြောင်းလွဲမှု့ကြောင်းလို့ဆိုပါတယ် အရင်းစစ်လိုက်တော အသိညာဏ်ရှိပါတယ်ဆိုတဲ့လူသားတွေရဲ့လောဘဇောကြောင်းဖြစ်ရတာချည်းဘာဘဲ ။
ကုသနည်း 
လိုချင်တပ်မက်မှု့နှင့်ကိုယ်ကျိုးဆန်တဲ့အတ္တလွန်ကဲမှု့ကိုလျှော့ချဖို့ဖြစ်ပါတယ် ဒါကြောင်း အဖြေဟာ လူသားတွေရဲ့နေ့စဉ်ဘ၀ကိုပြောင်းလွဲရမယ်ဆိုတဲ့အဖြေတစ်ခုထွက်လာပါတယ် ဗုဒ္ဓရဲ့အဆုံးအမတရားတွေထဲမှာ သက်ရှိလောကနှင့်သဘ၀ပတ်ဝန်းကျင်ရော သက်ရှိသတ္တ၀ါအားလုံး အချင်းချင်းပါ တစ်ဦးကိုတစ်ဦးအညမညသဘောတရားနဲအပြန်အလှန်အမှီသဟဲပြုနေကြတယ် မိမိလုပ်တဲ့အလုပ်အတွက်မိမိမှာတာဝန်ရှိတယ်လို့ဆုံးမပါတယ် ။
လူတိုင်းရဲ့တာဝန်
.တည်ရှိပြီးကောင်းမွန်နေတဲ့လူအဖွဲ့အစည်းတစ်ခုဆိုဆို နိုင်ငံတစ်နိုင်ငံဘဲပြောပြောဤကမ္ဘာကြီးပြိုကွဲ ပျက်စီးဖို့ကြုံလာပြီးဆိုရင် ပြင်ပကအဖျက်ဆီးတဲ့အကြောင်းတရားထက် အတွင်းမှာရှိတဲ့ အကြောင်းတရားတွေက ပိုအရေးကြီးပါတယ် ၊ လူလုပ်လို့လှပနေတဲ့အရာတွေအားလုံး 
လူကြောင်းဘဲပျက်စီးမသွားရအောင်လူသားတို့ရဲ့အသိပညာဆင်ခြင်တုံတရားဘာသာရေးအလေ့အကျင့်တွေနဲ့
ထိန်းချုပ်သင့်ပါတယ် ။ 

0 comments:

About This Blog

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP