သတ္တ၀ါမှန်သမျှချမ်းသာရကျမ္မာကြပါစေ ဘေးရန်မခ ကြံသမျှဆန္ဒပြည့် ပါစေ

Monday 30 November 2009

ရာသီဥတုဖောက်ပြန်မှု့ဒလိုင်လားမားပြောကြား

တိဗက်ဘုန်းတော်ကြီးဒလိုင်းလားမား သည် သြစတြေးလျနိုင်ငံ တွင် ရာသီးဥတုဖောက်ပြန်မှုနှင့်ပတ်သတ်၍ ဆွေးနွေးပွဲသို့တနင်္လာနေ့က တက်ရောက်စကားပြောခဲ့သည်။ ဘုန်းတော်ကြီးကသြစတြေးလျအစိုးရကို ရာသီးဥတုဖောက်ပြန်မှု့နှင့်ပတ်သက်၍ အလေးအနက်ထားလုပ်ဆောင်ဖို့တိုက်တွန်းသွားခဲ့ ပြီး သြစတြေးလျ နိုင်ငံ၏ ရာသီဥတုဖောက်ပြန်မှု့အခြေအနေနှင့်ပတ်သတ်၍ တစ်ကမ္ဘာလုံးက အာရုံစိုက်လာအောင်လုပ်ဆောင်ဖို့တိုက်တွန်းသွားခဲ့သည် ။

ဘုန်းတော်ကြီးဒလိုင်းလားမားက ရာသီဥတုဖောက်ပြန်မှု့နှင့်ပတ်သက်၍တစ်ဦးတစ်ယောက်ချင်းမှ သည် အစုအဖွဲ့လိုက် အရေးယူလုပ်ဆောင်ဖို့ တိုက်တွန်းပြောကြားသွားခဲ့သည် ၊ ဘုန်းတော်ကြီးသည် သူကိုယ်တိုင်က ရေပန်းကိုသာအသုံးပြု၍ရေချိုလေ့ရှိကြောင်း နှင့် bathtub ကိုအသုံးပြုလေ့မရှိကြောင်း ၊ အခန်းထဲတွင် နေချိန် အမြဲတမ်း မီးပတ်ထားလေ့ရှိကြောင်းသတင်းစာရှင်းလင်းပွဲတွင်ပြောကြားသွားခဲ့သည် ။


ပတ်ဝန်းကျင်ကို ဂရုစိုက်ခြင်းသည် ငါ့ဘ၀၏ အစိတ်အပိုင်းတစ်ခု ၊


ပတ်ဝန်ကျင်ကိုဂရုစိုက်စိုက်လျှက် နေ့စဉ်ဘ၀ရှင်သန်သင့်တယ် ။

(ဘုန်းတော်ကြီး ဒလိုင်းလားမား )

http://www.buddhistchannel.tv/

~~ဆက်ဖတ်ရန်~~~

ဗုဒ္ဓဘာသာ (၅)မျိုး

ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။
ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း
မသိကြတော့ပါဘူး။ဒီလိုအခြေအနေတွေကိုသိလို မြတ်စွာဘုရားက
“နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟု
ဟောတော်မူခဲ့ပါတယ်။အဲ့ဒီ ဗုဒ္ဓဘာသာ(၅)မျိုးကတော့
(၁)ကုလ ဗုဒ္ဓဘာသာ
(၂)လာဘ ဗုဒ္ဓဘာသာ
(၃)ဘယ ဗုဒ္ဓဘာသာ
(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)ပညာဓိက ဗုဒ္ဓဘာသာ

(၁)ကုလ ဗုဒ္ဓဘာသာ
ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက
ဗုဒ္ဓဘာသာဖြစ်လာ
ရတာပါ။မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ဒါကို မိရိုးဖလာ
ကုလဗုဒ္ဓဘာသာပေါ့။မိဘက ဗုဒ္ဓဘာသာ
မို့သာ သားသမီးကဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ ပွင့်မှန်းမသိ။ဘုရား
ဘာတရားဟောမှန်းလည်းမသိ။ကိုးကွယ်
နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ။တရားတော်ကို
ဘာကြောင့်ကိုးကွယ်ရမှန်းမသိ။ဘုရားကိုဦးချ
တာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ။ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့
အလေးပြုနေမှန်းကို မသိတာ။လုပ်တော့လုပ်
နေတာပဲ အသိပညာ ဘာမှမပါတာ။ကုလ ဗုဒ္ဓဘာသာပါ။

(၂)လာဘ ဗုဒ္ဓဘာသာ

လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာကို ဆိုလိုတာပါ။ဒီဘဝ
စီးပွားရေးလေးတက်မလား
ဆိုပြီးမှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးကိုးကွယ်တယ်။ဒီဘုရား ကိုးကွယ်ရင်တော့
လာဘ်လာဘ ပေါများတယ် ဟိုဘုရား
ကိုးကွယ်ရင်တော့ စီးပွားရေးတက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘ
ဗုဒ္ဓဘာသာပါ။ဘုရားကိုးကွယ်မှ လာဘ်ပေါများ
မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေလဲ။အဓိက
စီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရား
ကြောင့်မဟုတ်ပါဘူး။ကံ၊ညဏ်၊ဝိရိယ သတ္တိကြောင့်ပါ။
အိမ်ခြံ ဝယ်မယ်။ရောင်းမယ်။အိမ်နေရာပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး
ရွေးနေတာတွေ။ဘုရားကျောင်းဆောင်
ပေါ်မှာ ဘိုတော် ဘွားတော်ပုံတွေ တင်ထားတာတွေ။ကိုကြီးကျော် ၊ မနှဲလေး အစရှိတဲ့
နတ်တွေ ကိုးကွယ်တာတွေ။ဗေဒင်
ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့
ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာလို့
ခေါ်ပါတယ်။

(၃)ဘယ ဗုဒ္ဓဘာသာ
ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့
ကိုးကွယ်တာကိုခေါ်ပါတယ်။အန္တရာယ်ကင်းဖို့၊ ဘေးရှင်းဖို့၊အသက်ရှည်ဖို့၊
ကျန်းမာဖို့၊ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရား ကိုးကွယ်တာကို ဘယ
ဗုဒ္ဓဘာသာဟုခေါ်ပါသည်။ဒီဘုရား ကိုးကွယ်မှ
အသက်ရှည်မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန် အစလာမ်တွေ အသက်ရာကျော်
ရှည်နေကြတာ ဘာလို့ပါလဲ။
ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒဘာသာ၊လာဘ်လာဘ လိုချင်လို့ကိုးကွယ်တာ လာဘ
ဗုဒ္ဓဘာသာ။
ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ။ဒီ ကုလ၊လာဘ၊ဘယ ဗုဒ္ဓဘာသာ
(၃)မျိုးကို အောက်တန်း
စား ဗုဒ္ဓဘာသာဟုခေါ်ပါသည်။
ဟိုလူမပါ။ဒီလူမပါ။ဟိုလူပသပါတယ်။ဒီလူပသပါတယ်။လက်ညှိုးထိုး ခွက်လှန်
လုပ်နေတာတွေကို ဘုရားက သူတောင်းစား
ဗုဒ္ဓဘာသာပါတဲ့။
ခန္ဓာမှာ အသိ၊ဘာသာရေအသိဓာတ်ခံ နည်းတော့ လိမ်စားနေတဲ့သူတွေက
လိမ်လို့ကောင်းနေပါတယ်။ဘုရားလည်း
ကိုးကွယ်ရသေး၊တရားလည်းကိုးကွယ်ရသေး၊ဆွမ်းဦးကိုလည်း
လောင်းလှူရသေး၊သာသနာတော်ကိုလည်း ပစ္စည်းလေးပါး
နဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ဘာအတွက် ဒါတွေ လုပ်နေရတာလည်း ဘာအတွက်
သာသနာကိုချီးမြှောက်နေတာလည်း
ဘာအတွက် ကျောင်းဆောက်နေတာလည်း။စဉ်းစားပါ။ဝေဖန်ပါ။သုံသပ်ပါ။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဒါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဒါတရားကို အရင်းခံပါတယ်။သဒ္ဒါတရားဆိုတာ
ယုံကြည်ချက်ပါ။ဘုရား၊တရား၊သံဃာကို
တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန်
ယုံကြည်တဲ့ သမ္မာသဒ္ဒါ နဲ့ မှားမှား
ယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဒါဆိုပြီး (၂)မျိုးရှိပါတယ်။
သမ္မာသဒ္ဒါ မှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့
မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကို
သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက်
အနက်ကိုဟောကြားတော်မူခဲ့ပါတယ်။ဒီတရားတော် အနက်
တွေကိုပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ
နိဗ္ဗာန်ဝင်စံသွားကြပါတယ်။နိဗ္ဗာန်ဆိုတာ အို ၊သေ၊
နာ လွတ်ရာပါ။အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ ဆိုတဲ့
ယုံကြည်ချက်ဟာ မှန်ကန်သောယုံကြည်ချက်
တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။မြတ်စွာဘုရားဟောတော်မူခဲ့သော တရားတော်ကို
ကြိုစားအားထုတ်လိုက်လို့
တရားလမ်းကြောင်းးအတိုင်းသာ လျှောက်သွားနိုင်ရင် နိဗ္ဗာန်ရောက်ပါမည်။ထို
အသေလွတ်ရာ ပို့ဆောင်တာ တရားက ပို့
ဆောင်တာပါ။ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ဘူး။
ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာတွေရဲ့
ကျေဇူးပါ။ဘုရားရှင်ဟောတော်မူသော
ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊သုတ်ဝိနည်း အဘိဓမ္မာတရားတွေ သံဃာတော်တွေက
ဆောင်ထားတာပါ။ပိဋကသုံးပုံ
ကို သံဃာတော်တွေက ***ရှောက်ထားတာပါ။သံဃာတော်ကို ယုံကြည်မှု။ဒါတွေက
ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်
ယုံကြည်တဲ့ သမ္မာသဒ္ဒါယုံကြည်မှု။
မိစ္ဆာသဒ္ဒါယုံကြည်မှုက လာဘ်လာဘပေါတယ်။အန္တရာယ်ကင်းတယ်ဆိုပြီး ကိုးကွယ်ယုံကြည်နေတာ
မိစ္ဆာသဒ္ဒါ။လာဘ်လာဘ
ပေါတယ်ဆိုတဲ့ လာဘ ဗုဒ္ဓဘာသာယုံကြည်ချက်၊အန္တရာယ်ကင်းအောင်ဆိုပြီး ဘယ
ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက်၊
ဗုဒ္ဓရဲ့ ဂုဏ်ကျှေဇူးကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့
ကုလ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု
ဒါတွေဟာ မိစ္ဆာသဒ္ဓါတွေပါ။
အသေလွတ်ရာလမ်းကို ပြတတ်လို့ ၊ အသေလွတ်ရာ ပို့ဆောင်နိုင်လို့၊ အသေလွတ်ရာ
တရားကိုဆောင်ထားနိုင်လို့ ရတနာ
သုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဒါ။အနှစ်သာရမရှိတာကို မရှိဘူးလို့
သိပါတယ်။အနှစ်သာရ ရှိတာကို ရှိတယ်လို့သိပါ
တယ်။မှားတာကို မှားတယ်လို့ သိတယ်။မှန်တာကို မှန်တယ်လို့သိတယ်။သိတဲ့
အပြင်၊အမှားလမ်းကို ရှောင်၊အမှန်လမ်းကို
ဆောင်တာသည် သမ္မာသဒ္ဒါ ရှိတဲ့ သဒ္ဒါဓိက ဗုဒ္ဓဘာသာပါ။

(၅)ပညာဓိက ဗုဒ္ဓဘာသာ
သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိက ဟုခေါ်သည်။ပညာဓိက ဗုဒ္ဓဘာသာဟာ
တရားတော်ကို ယုံကြည်တယ်။
တရားတော်ကို ဘယ်လိုယုံကြည် တာလည်းဆိုတော့ ရမ်းယုံကြည်တာမဟုတ်ဘဲ ခန္တာအသိနဲ့
အသေအချာသိပြီး ယုံတယ်။ထိုသို
သိတာကို ပညာ ဟုခေါ်ပါသည်။သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊
ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာ
ဖြစ်ပျက်မြင်တာ ခန္တာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာကမြင်တာပါ။ပညာဓိက
ဗုဒ္ဓဘာသာပါ။ဘုရားက
မင်းတို့ခန္တာ ထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတာလို့ဟောခဲ့ပါတယ်။ဒါကို
ကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြည့်
လိုက်တော့ မြင်တယ်။ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ယုံကြည်တော့
သဒ္ဒါ၊ဖြစ်ပျက်မြင်တာက ပညာ။
ထိုကြောင့် သဒ္ဒါနဲ့ပညာ သွားပြီး တွဲနေပါတယ်။သဒ္ဒါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။
သဒ္ဒါတရား မှန်မှန်ကန်ကန် နဲ့သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ
လွတ်မြောက်နိုင်၏။
တို့မှာ အပါယ်မျိုးစေ့တွေ၊အပါယ်ကျ ကြောင်းကံတွေ လုပ်ထာတာရှိတယ်။ဒါတွေကို
ဘယ်သူမှ ဝင်တားလို့ မရပါဘူး။
သူကိုတားချင်ရင်၊ သူကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့
ဖြတ်ရမယ်။ဥာဏ်နဲ့ ဖြတ်လိုက်လို့
ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဒါလည်းပါတယ်၊ပညာလည်းပါတယ်။ဒါသည် သဒ္ဒါဓိက
နှင့် ပညာဓိက ဗုဒ္ဓဘာသာ
ဖြစ်ပါသည်။
သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာပါ။
သဒ္ဓါနှင့် ပညာ balance( ဟန်ချက်ညီ)ဘို့လဲ လိုပါတယ်၊ သဒ္ဓါလွန်ကဲ ပညာနဲပြန်ရင်
(နှစ်လုံးလှ လူမိုက်ကြီး) သူတော်ကောင်းလူအကြီးဖြစ်သွားပါတယ်၊
ဆင်ခြင်တုံတရားနဲပါးသူတွေက (superstitious rites, scarified,
prayer,)အကျိုးမရှိတဲ့နေရာနေမှာ ကိုယ့်အချိန်တွေကို အသုံးချနေကြပါတယ်။
သဒ္ဓါနဲပြီး ပညာကဲနေပြန်ရင်လဲ ပညာရှိလူမိုက်ကြီး ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက
ဘယ်အရာမဆို အစွန်းမရောက်စေဘို့ပါဘဲ။
ထေရ၀ါဒ ဒို့တိုင်းပြည် ဘလော့မှကူးယူဖော်ပြပါသည်

~~ဆက်ဖတ်ရန်~~~

Wednesday 25 November 2009

~~ဆက်ဖတ်ရန်~~~

တစ်ပါးနေ ယောဂီအဆောင်

~~ဆက်ဖတ်ရန်~~~

~~ဆက်ဖတ်ရန်~~~

Sunday 22 November 2009

နယ်စပ်မြို့ကလေးမှငြိမ်းချမ်းရေးသံစဉ်

ကျွန်တော်အခုခရီးထွက်ဖြစ်သောနေရာသည်ကား ထိုင်းမြန်မာ နယ်စပ်ဖက်ကို ဖြစ်သည် ၊ ဘန်ကောက်မှ

ကားစီလျှင် ၁၂နာရီခန့်စီးရသောမြန်မာနိုင်ငံတာချီလိတ်မြို့၏တစ်ဖက်မဲဆိုင် ဆိုတဲ့မြို့ကလေးကိုရောက်တော

မြန်မာနိုင်ငံ၏အငွေ့အသက်များကိုတွေ့မြင်နေရ၏တကယ်တောနှစ်နိုင်ငံလုံးထေရ၀ါဒဗုဒ္ဓဘာသာတွေဖြစ်နေတော

ယဉ်ကျေးမှု့အရသိပ်ပြီးတောခြားနားလှသည်တောမဟုတ်နှစ်နိုင်ငံလုံး၏ယဉ်ကျေးမှု့ဓလေ့ထုံးတမ်းစဉ်လာများမှာ

ထေရ၀ါဒတရားတော်များမှဆက်သက်လာသောယဉ်ကျေးမှု့များသာသို့သော်လည်းလူနေမှု့အဆင့်အတန်း

အနေအားဖြင့်သိသိသာသာကွာခြားနေသည်။တာချီလိတ်မြို့ကလေးသည်ကားအရောင်အသွေးစုံလင်လှသောနယ်စပ်မြို့

ကလေးတစ်မြို့မြန်မာနိုင်ငံမှတိုင်းရင်းသားလူမျိုပေါင်းစုံနေထိုင်ရာနေရာဖြစ်သလိုစီပွါးရေအရလည်း အချက်

အချာကျသောနေရာတစ်နေရာပင်ဒေသခံလူအများစုမှာထိုင်နိုင်ငံနှင်အပြန်အလှန်ကုန်သွယ်မှု့ တစ်ချို့မှာလည်း ထိုင်နိုင်ငံဖက်ခြမ်းတွင်အလုပ်လုပ်ကိုင်မှု့ဖြင့် အသက်မွေးကြ၏ ။


ဘာဘဲပြောပြောနှစ်နိုင်ငံလုံးဗုဒ္ဓဘာသာနိုင်ငံဖြစ်နေသည်အတွက် ဒီနယ်စပ်ကလေးကတောဒေသခံ
ပြည်သူများအဖို့အေးချမ်းတည်ငြိမ်နေလေသည်။ နိုင်ငံခြားသားဧည့်သယ်တစ်ချို့ မြန်မာနိုင်ငံဘက်ခြမ်းကို
လာရောက်လည်ပတ်ကြသည်ကိုလည်းမြင်တွေ့ရ၏။ထိုင်နိုင်ငံတောင်ပိုင်မလေးရှားနယ်စပ်မြို့ကလေးများနှင့်နှိုင်းယှဉ်ကြည့်လျှင် သိသာသောအချက်တစ်ခုမှာလုံခြုံရေးကိုထူးထပ်စွာချမထားခြင်းဒေခံပြည်သူများအပြန်အလှန် ဖော်ရွေးသော
အပြုံးများနှင့်ချစ်ချစ်ခင်ခင်နေထိုင်နိုင်ခြင်းတို့ပင်ဖြစ်သည်ဗုဒ္ဓတရားတော်များအကျိုးကျေးဇူး(သို့)ဗုဒ္ဓဘာသာဖြစ်ရခြင်း၏
အနှစ်သာရဟုဆိုကမှားမည်မထင်၊မှန်၏မြတ်စွာဘုရားရှင်သည်လူသားများ၏အကျိုးအတွကပွင့်ထွန်းပေါ်ပေါက်လာခဲ့ရသလို
မြတ်စွာဘုရားရှင်၏တရားတော်များသည်လည်းလူသားတွေရဲ့အကျိုးစီးပွါးအတွက်သာဒါကြောင်းမြတ်စွာဘုရားရှင်၏
တရားတော်များဖြင့်လွှမ်းမိုးနေသောဒီနေရာလေးသည်ကားဘန်ကောက်မြို့တွင်မွန်းကျပ်စွာနေခဲ့ရသောနသော
ကျွန်တော်အတွက် လေကောင်းလေသန့်များကိုတ၀ကြီးရှုးရင် ကိုယ်စိတ်နှစ်ပါး ပေါ့ပါးလန်းဆန်းနေ၏ ။
မဲဆိုင်မြို့ဦးအောင်ဇေယျဘုရားထက်ဆီမှ တာချီလိတ်မြို့လှမ်းကြည့်လိုက်လျှင်ကျက်သရေရှိလှသော
ရွှေတိဂုံစေတိတော်မြတ်ကိုဖူးမြင်ရ၏ကျွန်တော်ရန်ကုန်မြို့သို့ရောက်ခဲ့သည်အချိန်တွင် အကြောင်း
အမျိုးမျိုးကြောင်းဖူးခွင့်မရခဲ့သောရွှေတိဂုံဘုရားလက်အုပ်ချီးကာကန်တောနေမိသည်။

တောင်ကုန်တောင်တန်လေးများတွင်လည်းဘုန်းတော်ကြီးကျောင်းများတရားရိပ်သာများဖြင့်ထေရ၀ါဒဗုဒ္ဓဘာသာ
ထွန်းကားရာအမိမြန်မာပြည်တွင်လူတွေရဲ့ကိုယ်စိတ်နှစ်ပါးကိုအေးမြမှု့ပေးနိုင်သောအရာသည်ကားဗုဒ္ဓ၏တရားအရိပ်သာတည်း။ အဝေးကနေလှမ်းမြင်နေရသောတာချီလိတ်မြို့ကလေး၏တောင်းထက်တွင် ကျက်သရေရှိစွာတည်ရှိနေသော
ကျောင်းတိုက်ကလေးတစ်ခုလှမ်းမြင်တောကျွန်တော်စိတ်ထဲတွင်ပီတိဖြာမိသည်၊လွန်ခဲ့သော(၅)နှစ်ခန့်ကပင်အဆက်အသွယ်ပြတ်နေခဲ့သော
ကျွန်တော်လေးစားကြည်ညိုသော ဆရာတော်ဦးသောဘနဒီကျောင်းတိုက်ကလေးမှာရှိနေသည်ဆိုတာက
ကျွန်တော်မကြာသေးခင်အချိန်အတွင်ကမှသိခွင့်ရသည်၊နယ်စပ်မြို့ကလေးဖြစ်သည်အားလျှော်စွာဆက်သွယ်ရေးကထိုင်းနိုင်ငံရဲ့မြို့ကလေးတစ်မြို့လို တာချီလိတ်မြို့မှဆရာဦးသောဘန၏သတင်းကားကျွန်တော်ဆီကိုရောက်လာခဲ့၏

သိပ်မကြာခင်မှာဘဲကျွန်တော်အားလပ်ရက်ဆရာတော်ဦးသောဘနဆီကို သွားဖို့ဆုံးဖြတ်ခဲ့တယ် ။



~~ဆက်ဖတ်ရန်~~~

ဆွမ်းစားကျောင်းဆောင်

~~ဆက်ဖတ်ရန်~~~

ဆက်သွယ်ရန်လိပ်စာ

ဆရာတော်ဦးသောဘန ပုဂံအလိုတော်ပြည့်ကျောင်း
တာချီလိတ်မြို့ ဖုန်း ၀၈၉၇၀၁၄၈၉၀
email : alodawpyi@gmail.com

~~ဆက်ဖတ်ရန်~~~

Tuesday 17 November 2009

သတင်း

ပုဂံအလိုတော်ပြည့်(တာချီလိတ်)ကျောင်းတိုက်အတွင်းဆောက်လုပ်နေဆဲဖြစ်သော ဗောဓိရတနာကျောင်းဆောင်အား မြင်တွေ့ရပုံအထက်ပါကျောင်းဆောင်ကိုအလှူရှင်
ထွန်းနေဦး(ခ)ဗုတို မိသားစုမှ လှူဒါန်းပါသည် ၊

~~ဆက်ဖတ်ရန်~~~

ပုဂံအလိုတော်ပြည့်(တာချီလိတ်)ကျောင်းတိုက်


~~ဆက်ဖတ်ရန်~~~

ကျောင်းတိုက်သမိုင်းအကျဉ်း

ပုဂံအလိုတော်ပြည့်(တာချီလိတ်) ကျောင်းတိုက်ကို ၂၀၀၄ ခုနှစ် နိုဝင်ဘာ လ ၆ ရက်နေ့ ကျေးဇူးတော်ရှင်ပုဂံဒေသနှင့် နယ်စပ်ဒေသ ပြည်တွင်း၊ပြည်ပသာသနာပြု အလိုတော်ပြည့်ဆရာတော်ဘဒ္ဒန္တ ဒေါက်တာအရိယ၀ံသ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ဘုရားအားတပည့် တကာ၊မများမှ သာသနာတော်အကျိုး ရည် မျှော် ကိုးလျှက် လှူဒါန်းခဲ့ပါသည်။
၂၀၀၅ ခုနှစ် မေလ ၁ရက်နေ့တွင် ဆရာတော်ဘုရား၏တာဝန်လွှဲအပ်ချက်အရ တပည့်ဦးသောဘန အားကျောင်းထိုင်ဆရာတော်ဖြစ် သာသနာပြု လုပ်ငန်းများကိုဆောင်ရွက်စေခဲ့ပါသည်။
ဆရာတော်ဦးသောဘနရောက်ရှိသီတင်းသုံးချိန်မှစ၍ယနေ့အထိရဟန်း၊သာမဏေ၊ယောဂီ၊သီလရှင် များကို ဆရာတော်ကြီး၏သြ၀ါဒ အတိုင်း တရားဟောတရားပြ စာချ လျှက် သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်လာခဲ့သည်မှာ(၅)နှစ်တိုင်တိုင်ရှိခဲ့ပြီးဖြစ်ပါသည်၊ ကျောင်းထိုင်ဆရာတော်ဦးသောဘနစတင်ရောက်ရှိခဲ့ချိန်တွင်ကျောင်းဆောင်အဆောက်အဦး ပင်မဆောင် တစ်ဆောင်သာရှိခဲ့သော်လည်းယခုအခါဆရာတော်ဦးသောဘန၏သာသနာပြု လုပ်ဆောင်ချက်များကြောင်း ယောဂီးများတရားအားထုတ် နိုင်ရန် ဓမ္မာရုံ များ ယောဂီဆောင်များ ဆွမ်းစား ဆောင်များသိမ်ကျောင်းဆောင် နှင့်ဇရပ်များမုခ်ဦးတန်းဆောင်များဆောက်လုပ်ပြီးဆောက်လုပ်ဆဲဖြစ်ပါသည်။ တရားအားထုတ်လိုသော ယောဂီများအနေဖြင့်စိတ်ချမ်းသာကိုယ်ချမ်းသာဖြင့်လာရောက်တရားအားထုတ်နိုင်ပြီဖြစ်ပါသည်။

~~ဆက်ဖတ်ရန်~~~

About This Blog

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP