သတ္တ၀ါမှန်သမျှချမ်းသာရကျမ္မာကြပါစေ ဘေးရန်မခ ကြံသမျှဆန္ဒပြည့် ပါစေ

Tuesday 21 December 2010

ဘာသာရေးနှင့်ကျန်းမာရေး စာအုပ်များ ထွက်ရှိမှု အားကောင်းကာ ရောင်းအားတက်

သဲသဲထွေး
စာအုပ်အမျိုးအစား များစွာရှိသည့် အနက် ဘာသာရေးစာအုပ်များနှင့် ကျန်းမာရေးစာအုပ်များ ပိုမိုထွက်ရှိလာ သလို အခြားစာအုပ်များထက် ပိုမို ရောင်းရသည်ဟု ရန်ကုန်မြို့ရှိ စာအုပ် အရောင်းဆိုင်များမှ သိရသည်။
"ဆရာတော်တွေဟောတဲ့ တရား တွေက များသောအားဖြင့် စီဒီလိုခွေ တွေထဲမှာပဲ ရှိတယ်။ စာအုပ်ဆိုတော့ အေးအေးဆေးဆေး အချိန်မရွေး ဖတ် လို့ရတယ်။ စာအုပ်ဖတ်ပြီး ဆရာတော်တွေရဲ့ တရားကို နှလုံးသွင်း လို့ရတာ ပေါ့"ဟု ရန်ကုန်မြို့ စာပေဗိမာန်စာအုပ်ဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
ယခုနှစ် ဩဂုတ်လက စတင်ထွက်ရှိ ခဲ့ပြီး မကြာမီက ဒုတိယ အကြိမ် ထပ်မံ ရိုက်နှိပ်ခဲ့ရာ အုပ်ရေ ၂၀၀ နီးပါးအထိ ရောင်းရသည့် အရှင် ကေလာသ ရေး သားထားသော 'ဓမ္မအမေးအဖြေများ' စာအုပ်သည် ယခုနှစ်အတွက် ၎င်းတို့ ဆိုင်တွင် အရောင်းရဆုံးဖြစ်သည်ဟု ဆိုသည်။
"ခုချိန်အထိလည်း ရောင်းနေရတယ်။ ဒီစာအုပ်ကတော့ ဒီနှစ်မှာ ထူးထူးခြား ခြား အရောင်းရဆုံးပဲ"ဟု ၎င်းက အားရ ၀မ်းသာ ပြောသည်။ "ဒီနှစ်မှာ ဘာသာရေးစာအုပ်တွေက ထွက်တာလည်း များတယ်။ ဖတ်တဲ့ သူလည်း များလာတယ်။ အရင်က ခုလောက် သိပ်မများ သေးဘူး။ ဒီနှစ်မှာ ရောင်းရတာလည်း များလာတယ်"ဟု ပါရမီစာအုပ်ဆိုင်မှ ဆိုင်ရှင် ဒေါ်စန်းစန်းလှိုင်က ပြောသည်။
ယခုကဲ့သို့ ဘာသာရေးစာအုပ်များကို လူငယ်များ ပိုမိုဖတ်ရှုလာကြခြင်းမှာ ဘာသာရေးကို ယခင်ကထက် ပိုမို စိတ် ၀င်စားလာကြ သည့်အတွက် ဖြစ်နိုင်သည်ဟု စာအုပ်ဆိုင်များက ပြောသည်။
"ကိုယ်တိုင်လည်း ဒီစာအုပ်တွေကို ဖတ်ဖြစ်တယ်။ ကြိုက်လည်းကြိုက်တယ်။ သူငယ်ချင်းတွေကိုလည်း လက်ဆောင်ပေးလို့ ကောင်း တယ်။ ကုသိုလ်လည်း ရတယ်။ လူတိုင်း ဖတ်သင့်တယ်လို့ထင်တယ်။ ဒီမြို့နယ်ဘက်မှာတော့ လူငယ်တွေ ၀ယ်ဖတ်ကြတာများတယ်" ဟု ရန်အောင်စာပေမှ မစန္ဒီတိုးအောင် က ပြောသည်။
"စာအုပ်ထွက်တာများတော့ စာဖတ်သူတွေ ရွေးချယ်စရာတွေ များလာတော့ ပိုအဆင်ပြေပါတယ်။ ကျန်းမာရေး စာအုပ်တွေဆိုလည်း လူတိုင်းအတွက် လိုအပ်နေတာပဲဆိုတော့ ကိုယ်နဲ့ အဆင်ပြေရာ ရွေးဝယ်လို့ရတယ်"ဟု ၎င်းက ပြောသည်။
"ဘာသာရေးစာအုပ်တွေမှာတော့ လူပုဂ္ဂိုလ်တွေရေးတာထက် ဘုန်းကြီး ရဟန်းတွေရေးတာတွေ ပိုရောင်းရတယ်။ မေတ္တာရှင် (ရွှေပြည်သာ)၊ ရှင်ဆန္ဒာဓိက၊ ရဝေနွယ်(အင်းမ)၊ ဦးဇောတိကတို့လို စာအုပ်တွေပါ"ဟု မစန္ဒီတိုးအောင်က ပြောသည်။
သတင်းစာ၊ ဂျာနယ်များတွင် ကြော်ငြာသည့်စာအုပ်များမှာ အခြားစာအုပ်များထက် ပိုမိုရောင်းအားကောင်းလေ့ရှိသည်ဟု ဆိုသည်။
"တချို့ဆို စာအုပ်မျက်နှာဖုံးလေးကို ပြပြီး လာဝယ်ကြတယ်။ သတင်းစာ၊ ဒါမှမဟုတ် ကြော်ငြာတစ်ခုခုထည့်တဲ့ စာအုပ်တွေကတော့ ပိုရောင်းရတယ်" ဟု မစန္ဒီတိုးအောင်က ပြောသည်။
 

.

~~ဆက်ဖတ်ရန်~~~

Friday 17 December 2010

တာချီလိတ်မြို့ အလိုတော်ပြည့်ကျောင်းတိုက်



တာချီလိတ်မြို့ အလိုတော်ပြည့်ကျောင်းတိုက်အတွင်းဆောက်လုပ်ပြီးစီကာနီးဖြစ်သောသာသနာ့ဝုဎိုကရဏသိမ်းတော်နှင့်
ဆောက်လုပ်ပြီးဖြစ်သောမုတ်ဦး နဂါးရုံဘုရားများကိုတွေ့ရစဉ် မုတ်ဦးအလှူရှင်များမှာ
ထိုင်းနိုင်ငံဘန်ကောက်မြို့ နေ ခွန်ဆပ်ဒခွန်ပါလီပွန်ဏနှင့် ခွန်နုံးလတ်ဝိုင်ဒီမိသားစုများမှ လှူဒါန်းထားခြင်းဖြစ်ပါသည်။  .

~~ဆက်ဖတ်ရန်~~~

About This Blog

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP