သတ္တ၀ါမှန်သမျှချမ်းသာရကျမ္မာကြပါစေ ဘေးရန်မခ ကြံသမျှဆန္ဒပြည့် ပါစေ

Saturday 21 August 2010

ရှာဖွေနေတာဘယ်လိုချမ်းသာမျိုးလဲ

ဖုန်းလာသံကြား၍လှမ်းကိုင်လိုက်ရာ အလွန်းရင်းနှီးသောတကာမတစ်ယောက်၏ အသံဖြစ်နေ၍ ၀မ်းမြောက်ဝမ်းသာဖြစ်သွားသည် ၊ အဘယ်ကြောင်းဆိုသော် သူဖုန်းမဆက်လာသည်မှာ အတော်အတန်ကြာနေပြီ ၊ခါတိုင်းဆိုလျှင် သူသိလိုသည် ဘာသာရေး နှင့်ပတ်သတ်သည့်အကြောင်းအရာများကို မေးနေကြ မို့ ဦးဇင်းကလည်းသိသလောက်မှတ်သလောက်လေးများကို ဖြေကြားပေးနေကျဖြစ်သည် ၊ . ဒါနဲဘဲ ဟလို မဘယ်လ ဖုန်းမဆက်တာ တောင်အတော်ကြာသွားပြီး နေများကောင်းရဲ့လား ´ ဟု မေးလိုက်မိသည်၊ ဘယ်လ “ မှန်ပါ ဦးဇင်း တပည့်တော်မ အလုပ်တွေအရမ်းများနေလို့ပါဘုရား ပြီးတော လုပ်ငန်းတွေကလည်းနောက်ထပ်နှစ်ခုလောက်တိုးချဲ့ထားတော ပိုဆိုးသွားတာပေါ တပည့်တော်မလည်း အခုဘာသာရေးနဲတောင်းနဲနဲကင်းချင်လာပြီး “
ဦးဇင်း ၊ “ ဘာလို့ဒီလောက်တောင်ရှာနေရတာလဲ သားသမီးလည်းမရှိ ယောက်ျားလည်းမရှိတစ်ယောက်ထည်း အပျိုကြီးလုပ်နေပြီးတော” ၊
ဘယ်လ ၊ “ အပျိုးကြီးကပိုရှာရတယ်ဘုရား ငွေရှိမှလူချစ်လူခင်ပေါတာ အခုခေတ်က ၊ ဦးဇင်း ၊ “ ငွေရှိတိုင်းစိတ်ချမ်းသာတာဟုတ်ပါဘူးဘယ်လာရယ် ၊ ချမ်းသာတယ် ဆင်းရဲတယ်ဆိုတာ စိတ်ရဲ့အခြေအနေတစ်ခုပါ ပိုင်ဆိုင်မှု့တွေနဲမဆိုင်ပါဘူး “ ၊ ဘယ်လ ၊ “ ဟုတ်တာတောဟုတ်ပါတယ်လေ ဒါပေမဲ့ လူ့လောကမှာ က ငွေရှိမှဖြစ်တာဦးပဇင်းရယ် “ တကာမပြောတာကိုဦးပဇင်းမငြင်းပါဘူး ဒါပေမဲ့ အဲဒါကအများအမြင်ပါ သို့သော် တကာမကိုယ်တိုင်ချမ်းသာဖို့က တကာမရဲ့စိတ်ဘဲ အရေးကြီးတယ် ၊ လူသားတွေကို ဆင်းရဲစေတာ တဏှာ ဆိုတဲ့တရားဘဲ ဗုဒ္ဓဘာသာရဲ့နောက်ဆုံးပန်းတိုင်ဟာ ဒီတဏှာကုန်ရာ ဘဲ အဂ္ဂညသုတ်မှာ ဟောထားတာကတော ဟောဒီကမ္ဘာလောကကြီးစတင်တဲ့ဖြစ်ပေါ်လာတဲ့အချိန်မှာ လူသားတွေစားဝတ်နေရေးအတွက်ဘာမှပူစရာမလိုအပ်ဘူး သဘာဝတရားက သူ့အလိုအလျှောက်ဖြည့်စီးပေးတယ် နောက်ဆုံးတောလူသားတွေရဲ့ လောဘတဏှာကြောင်း ဒါတွေအားလုံးပျောက်ဆုံးပျက်စီးသွားစေတယ် ဘယ်လောက်ကြောက်စရာကောင်းသလဲ ‘ အဲဒီတကာမပြောတဲ့ ပစ္စည်းဥစ္စာဆိုတာက သူတော်ကောင်းတွေနှစ်သက်မြတ်နိုးတဲ့အရာတွေမဟုတ်ဘူး သူတော်ကောင်းတွေ နှစ်သက်မြတ်နိုးတဲ့ရတနာဆိုတာက (၇)ပါးတောင်ရှိတယ်အဲဒါက
၁။ သဒ္ဓါ-ရတာနာသုံးတန် ကံ ကံ၏အကျိုးအပေါ်ယုံကြည်တာ အဲဒါ သူတော်ကောင်းဥစ္စရတနာ တစ်ပါးဘဲ ၊
၂။ သီလ- ကာယကံ ၀စီကံ မနောကံ တွေကိုစောင့်ထိမ်းတာ အဲဒါလည်း သူတော်ကောင်းတွေမှာရှိတဲ့ ပစ္စည်းဥစ္စာတစ်မျိုး
၃။ သုတ- အကြားအမြင်များတာ၊
၃။ စာဂ- စွန့်ကြဲပေးကမ်းလှူဒါန်းတာ၊
၅။ ပညာ ရုပ်နာမ်ဓမ္မတွေကို ခွဲခြမ်းသိတာ
၆။ဟိရိ မကောင်းမှု့ကိုပြုလုပ်ရမှာကို ရှက်တာ ၊
၇။ သြတပ္ပ မကောင်းမှု့ပြုလုပ်ရမှာကိုလန့်တာ ဆိုတဲ့ ဒီတရား (၇)ပါးဟာ သူတော်ကောင်းတွေ လေးစားတန်ဖို့ထားတဲ့ရတနာ ပစ္စည်းဥစ္စာတွေ ပါဘဲ ဒီပစ္စည်တွေရတနာတွေကိုပိုင်ဆိုင်ထားသူတွေဟာ ဘယ်သူခိုးမှ
လုယူဖျက်စီးလို့မရသလို တန်းဖို့လည်းမဖြတ်နိုင်လောက်အောင် အဖို့ထိုက်တန်ပါတယ်၊ ဘယ်လ “ မှန်လှပါဘုရား တပည့်တော်မ လည်း အကာကိုအနှစ်ထင်နေခဲ့မိတာကိုး “အရှင်ဘုရားရှင်းပြမှဘဲ ကိုယ်ရှာနေတာဘယ်သူအတွက်လဲ ပျော်ရွင်မှု့အတွက်လား ထားခဲ့ဖို့အတွက်လားဆိုတာကိုသတိထားမိတောတယ် ၊အေးနောက်ပြီးတော ရှိသေးတယ် တကာမပြောသလို ပစ္စည်းဥစ္စာကြွယ်ဝတာကို ချမ်းသာခြင်းမဟုတ်ဘူး လို့တောဘုရားမငြင်းပါဘူး ဘုရားရှင်ကအင်္ဂုတ္တရနိကာယ်မှာ ဟောထားတာရှိတယ် ပစ္စည်းဥစ္စာတစ်ခုတည်းကို ကြည့်ပြီးတော ကိုယ်ကျင့်တရားမရှိတဲ့ပုဂ္ဂိုလ်ကို မျက်စိတစ်ဖက်သာရှိတဲ့ပုဂ္ဂိုလ်လို့ အဲဒီတော ပစ္စည်းဥစ္စာလည်းရှိရမယ်ကိုယ်ကျင့်တရားလည်းကောင်းရမယ် ဒါမှ တော်ကာကျမယ် ၊
အဲဒီတော မြတ်စွာဘုရားက ပစ္စည်းဥစ္စာတွေပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်ကို ကျ တော
၁။ အတ္ထိသုခ ဒါဟာလည်းချမ်းသာခြင်းတစ်မျိုးဘဲ
၂။ ဘောဂသုခ နောက်တစ်ခု ကိုယ်မှာပိုင်ဆိုင်တဲ့ပစ္စည်ဥစ္စာတွေကို သူများတွေနဲမျှဝေခံစားသုံးစွဲတာဟာလည်း ချမ်းသာခြင်းတစ်မျိုးဘဲ
၃။အနဏသုခ-တဲနောက်တစ်မျိုးက ကြွေးမြီးကင်းရှင်းတာဟာလည်း ချမ်းသာခြင်း တစ်မျိုးဘဲ
၎ ။ အန၀ိဇ္ဇ သုခ အပြစ်ကင်းတဲ့ချမ်းသာ ဒါဟာ ဗုဒ္ဓဘာသာ ရဲအဓိက အရေးပါတဲ့ချမ်းသာမှု့ ပေါ့ ကိုယ်လုပ်ထားတဲ့အလုပ်တစ်ခု အပြုအမှုတစ်ခုဟာ အပြစ်ကင်းတယ်ဆိုရင် အဲဒီ အလုပ်ဟာ လည်းချမ်းသာတစ်မျိုးပါဘဲ ဒီတော ချမ်းသာချင်ရင် ပစ္စဥစ္စာတွေရှိရုံတစ်ခုတည်းနဲတောမချမ်းသာသေးဘူး အပြစ်ကင်းဖို့လဲလိုအပ်ပါသေးတယ် ဆိုတာကို ပြောခြင်းပါတယ် ၊ ပြီးတောလောကမှ ဘယ်လောက်ဘဲပစ္စည်းဥစ္စာရှိရှိ ရောင့်ရဲတင်တိမ်တယ်လို့မှမရှိဘဲ ရပြီးရင် ရချင်နေတာ ဘဲ ဒါကြောင့် မြတ်စွာဘုရားက သန္တုဌိပရမံဓနံ လို့ဟောတော်မူခဲ့တာဘဲ ရောင့်ရဲတင်တိမ်မှု့ ဟာ လည်းအချမ်းသာဆုံးဘဲလောကမှာ သို့သော်လည်း လိုအပ်တာကိုကျပြန်တောကြိုးစားပြီးဖြည့်ဆည်းကြရမယ် လိုခြင်တာကိုသာအတတ်နိုင်ဆုံးထိန်းချုပ်ကြရမှာ ၊ မှန်လှပါဘုရားတပည့်တော်မ ကြိုးစားပါမယ်ဘုရား ။ အေးဟုတ်ပြီးတကာမ ချမ်းသာချင်းတာဘယ်လိုချမ်းသာခြင်းမျိုးလဲ ဆိုတာရွေးချယ်ပြီးတော ၊ ကိုယ်လိုခြင်းတဲ့ချမ်းသာကိုရှာပေတော ၊ မှန်လှပါဘုရား သာဓု သာဓု သာဓုပါဘုရား ။
.

0 comments:

About This Blog

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP