သတ္တ၀ါမှန်သမျှချမ်းသာရကျမ္မာကြပါစေ ဘေးရန်မခ ကြံသမျှဆန္ဒပြည့် ပါစေ

Tuesday 30 March 2010

ဘိက္ခုနီရှိသင့်မရှိသင့်

Bhikkhuni

~~ဆက်ဖတ်ရန်~~~

Wednesday 24 March 2010

ပြဿနာဖြေရှင်းခြင်းစွမ်းရည်

မည်သူ ?
မည်သည့်နေရာ ?
မည်သည့်အရာကို ?
မည်သည့်အချိန် ?
မည်သည့်အတွက်ကြောင့် ?
မည်ကဲ့သို ?
အထက်ပါအချက်များပေါ်တွင်အခြေခံလျှက်ကျွန်ုပ်တို့၏ပြဿနာကို ထိရောက်စွာနှင့်စနစ်တကျအကူညီပေးနိုင်လိမ့်မည်နည်းဟု စဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချပါ။


ပြဿနာတစ်ခုကို ပထမဆုံး စတင်ရင်ဆိုရလျှင် သင်မည်သို့ဖြစ်လာမည်နည်း ၊ ပြဿနာ၏အခြေနေပေါ်တွင်မူတည်၍ ပထမဆုံး စိတ်ဓာတ်ကျသွားမည်၊ စိတ်ပျက်သွားမည် သို့မဟုတ် မှင်သက်မိသွားမည် သို့သော်ထိုပြဿနာကိုသင်မဖြေရှင်ခဲ့လျှင်ရှေ့ဆက် စိတ်ဖိစီးပြီး ကျမ္မာရေးထိခိုက်လာနိုင်သည် ထိုကြောင်း သင်မည်သို့ဆက်လုပ်မည်နည်း အခြေအနေကို သုံးသပ်ပါထိုနောက် တစ်ခြားအဖြစ်နိုင်ဆုံး သောဆုံးဖြတ်ချကတစ်ခုကို ချပါ

ဝေဖန်ဆန်းစစ်ခြင်း

မည့်သည့်အရာကအကျိုးရှိမည်နည်း မည့်သည့်အရာကပို၍အကျိုးရှိမည်နည်း မည့်ကဲ့သို့အကျိုးသက်ရောက်မှု့မျိုးခံစားရနိုင်သနည်း
ပထမဆုံး အစီစဉ်ဆွဲ ပါ
အမှန်စင်စစ် ဝေဖန်ဆန်းစစ်ခြင်းဆိုသည်မှာ အခြေအနေ နှင့်အချက်အလက်ပေါ်တွင်အခြေခံ၍ ဖြစ်နိုင်ခြေရှိသော အခြေအနေတစ်ရပ်ကိုဝေဖန်ခြင်းစွမ်းရည်ကိုဆိုလိုပါသည် ။
အခြေအနေ
ဥပမာ သူငယ်ချင်းတစ်ယောက် ကျောင်းပြေးဖို့ လာဆွဲဆောင်နေလျှင် သို့မဟုတ် ဆေးလိပ်သောက်ဖို့လာရောက်ဆွဲဆောင်နေလျှင်
အကယ်၍လုပ်လိုက်လျှင် မည်ကဲ့သိုဖြစ်လာမည်နည်း
မလုပ်လိုက်လျှင်မည်ကဲ့သို့ဖြစ်လာမည်နည်း
အစရှိသည်အားဖြင့်အခြေအနေနှင့်အချက်အလက်များပေါ်တွင်အခြေခံလျှက် အကျိုးတရားရလဒ်ဖြစ်နိုင်ခြေကိုဝေဖန်ဆန်းစစ်ခြင်းပင်ဖြစ်ပါသည် ။

မြတ်စွာဘုရားပြဿနာဖြေရှင်ပုံ

မြတ်စွာဘုရားရှင်သည် ကောသလနှင့်ကပိလ၀တ် တိုင်းနှစ်တိုင်း ရေကိုအကြောင်းပြု၍စစ်ပွဲဖြစ်ခါနီးဆဲဆဲတွင် နှစ်ပြည်ထောင်းမင်းတို့အားငြိမ်းချမ်းရေးတရားဟောကြားတော်မူသည် ၊
ထိုသို့ဟောကြားတော်မူသောအခါ နှစ်ပြည်ထောင်မင်းတို့အား ရေနှင့် လူ၏အသက် မည့်သည်အရာ ကတန်းဖို့ရှိသနည်း ဟုမေးခွန်းမေးတော်မူ၏ ၊ ထိုအခါနှစ်ပြည်ထောင်မင်းတို့သည် လူ၏အသက်က ပို၍တန်ဖို့ရှိကြောင်းဖြေကြားကြသည်။ တန်းဖို့မရှိသည့်ရေကြောင်းတန်းဖို့ရှိလှတဲ့လူ့အသက်အိုးအိမ်စိစည်းချမ်းသာကို မစွန့်လွှတ်သင့်ကြောင်းမိန့်ကြားတော်မူ၏ နှစ်ပြည်ထောင်မင်းတို့သည် နားလည်းသဘောပေါက်၍ ပြဿနာပြေလည်ခဲ့သည်။

တီထွင်ကြံဆမှု့

ဤအရာကိုကျွန်ုပ်လုပ်နိုင်တယ် သို့သော် ကျွုပ်တစ်ခြားနည်းလမ်းကိုကြိုးစားကြည့်နိုင်တယ် သည်အရာကိုတစ်ခြားနည်းလမ်းဖြင့်ကြိုးစားကြည့်ခြင်းအားဖြင့်အထမြောက်နိုင်သည် စသည်အားဖြင့်
ထိုးထွင်းကြံဆမှု့ဖြစ်သည် ။ တီထွင်ကြံဆမှု့သည်ဘ၀လမ်းတစ်လျှောက်လုံးတွင်တွေ့ကြုံနိုင်သော
အခက်ခဲ့ပြဿနာများနှင့်တစ်ခြားသော ဖြစ်နိုင်ခြေနည်းလမ်းများကို အသုံးချလျှက် ဖြစ်ပေါ်လာသော၊ ပြဿနာဖြေရှင်းခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်း စွမ်းရည်တို့နှင့်ဆက်စပ်နေ၏ လက်ရှိနည်းလမ်းဖြင့်မရလျှင် တစ်ခြားနည်းလမ်းဖြင့် လုပ်မည် ။ ဥပမာကျွန်ုပ်စာကောင်းကောင်းမရေးနိုင်ဘူး ဒီတော စာရေးမည့်အစားပန်ချီးဆွဲမည် စသည်အားဖြင့်ဖြစ်သည် ။

တစ်ပါးသူ၏ခံစားချက်ကို နားလည်ခံစားခြင်း တစ်ပါးသူ၏ခံစားချက်ကိုနားလည်ခံစားခြင်းဆိုသည်မှာ တစ်ပါးသူ၏ခံစားချက်ကို
လေးစားတန်ဖို့ထား ခြင်းဖြစ်သည် ။
ဥပမာ ။ ခင်ဗျားဘယ်လိုခံစားရမယ်ဆိုတာကိုကျုပ်သိပါတယ် ဒါပေမဲ့ စိတ်မပူပါနဲ့ ခင်ဗျားအဲဒီလို့မဖြစ်စေရပါဘူး ခင်ဗျားအကူအညီလိုအပ်ရင်ကျုပ်ကိုပြောပါ စသော စကားများဖြစ်သည် ။
မိမိတို့အပေါ်တွင်တစ်ခြားသူများဂရုစိုက် ကူညီစောင့်ရှောက်မှု့ကို စဉ်းစားလျှက် တစ်ခြားလူများအပေါ်တွင်လည်း အကူအညီနှင့် လိုအပ်သည်များကိုထောက်ပံ့ပါ သင်ကိုယ်တိုင်စဉ်းစားကြည့်ပါ
ဥပမာ
လူတစ်ယောက် စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါ အခက်ခဲဖြစ်နေသည့်အချိန် သင်မည်ကဲ့သို့ ခံစားရမည်နည်း
မိမိတို့အပေါ်`၌တစ်ခြားလူများ ကူညီစောင့်ရှောက်ပေးခဲ့မှု့ကို ထောက်ထား၍တစ်ခြားသူများကိုလည်းနားလည်ပေးပါ သူတို့သည်မိမိတို့နှင့်မတူညီသည့်အရာကို လက်ခံပေးပါ ။
သနားခြင်း
ကူညီခြင်း
နားလည်ခြင်း ။

ထိရောကသော ဆက်ဆံရေး

ထိရောက်သောဆက်ဆံရေးဆိုသည်မှာ အခြေအနေအားလျှော်စွာရှင်းလင်းစွာနှုတ်ကထုတ်ဖော်ပြောဆိုနိုင်သောစွမ်းရည်ဖြစ်ပါသည်။ တစ်စုံတစ်ယောက်က အကူအညီတောင်ခံလာသောအခါ
တွေးပါ
ခံစားပါ
နားထောင် ၊
မျှဝေ
အနည်းဆုံး တစ်ခုခုကိုပေးနိုင်မည်လား မြတ်စွာဘုရားရှင်တရားဟောသောအခါ အဘယ်နည်းကိုအသုံးပြုသနည်း
မြတ်စွာဘုရား ပရိသတ်လေးမျိုးကိုတရားချီးဟောသောအခါ နည်းလေးနည်းဖြင့်ဟောကြားကြောင်းမှတ်သားဖူးပါသည်
၁ ။ အမေးအဖြေနည်းဖြင့်ဟောကြားတော်မူသည်
၂။ ကိုယ်တိုင်ပါဝင်လှုပ်ရှားစေသောနည်းဖြင့်ဟောကြားတော်မူသည် (ဥပမာ) ကိသာဂေါတမီ ကိုမြတ်စွာဘုရားမုံ့ညှင်းစေ့ရှာခိုင်းခြင်း
၃ ။ နားထောင်ခြင်းဖြင့်ပြီးနောက် တွေးတောဆင်ခြင်းခြင်းနည်းဖြင့်ဟောကြားတော်မူသည် ဤနည်းကိုမြတ်စွာဘုရားရှင်အများဆုံးအသုံးပြုဟောကြားတော်မူခဲ့သည်ဟုယူဆသည် ။
၎။ ရွတ်ဆိုစေခြင်းနည်းဖြင့်ဟောကြားတော်မူသည်။ ညာဏ်မကောင်းသောရဟန်းတစ်ပါးကို ဤနည်းကိုအသုံးပြုလျက်ဗုဒ္ဓတရားပေးတော်မူခဲ့သည့်အတွက်တရားထူးကိုရသွားကြောင်းသာဓကရှိသည်။ စာရွက်ပေါ်တွင်ရေးချလိုက်ပါ သင်မည်သို့ခံစားရသည်ကို ထိုနောက် နှုတ်ကထုတ်ဖော်၍ရှင်းပြပါ အဘယ့်ကြောင့်ခံစားရသည်ကို

လူ့ဝတ်တရားများ

ကောင်းမွန်သော ဆက်ဆံရေးများကို တည်ဆောက်ခြင်းထိန်းထားခြင်းသည် လူ့ဝတ်တရားများဖြစ်ကြသည် ။
မင်္ဂလာပါ
ကျွန်ုပ်အမည်က ----------
ကျွန်ုပ်တို့ ကောင်းမွန်သောအုပ်စုတစ်စုအဖြစ်တည်ဆောက်ပါတယ် ။
ကျွန်ုပ်တို့ မိသားစုကကျွန်ုပ်ကိုအမြဲတမ်းပံပို့ပါတယ် ။
ကောင်းမွန်သောလူမှု့ဆက်ဆံရေးသည်စွမ်းရည်သည် ကျွန်ုပ်တို့အနားတွင်ရှိသောလူများဆီမှရရှိပါသည်။
မိသားစုဝင်များဆက်ဆံရေး
ကျောင်းတွင်ဆက်ဆံရေး
သူငယ်ချင်းများနှင့်ဆက်ဆံရေး
လူမှု့ရေးနယ်ပယ်ဆက်ဆံရေး
ကျွန်ုပ် တစ်ခြားသောဌာန ရုံး လူများနှင့်အလွယ်တစ်ကူဆက်ဆံနိုင်ပါတယ် ။

တစ်ခြားလူများ၏ခံစားမှု့ကိုနားလည်းခံစားခြင်း

ခင်ဗျားမည်သို့ခံစားရသနည်းဒီနေ့
ကျွန်ုပ်အရမ်းဝမ်နည်းတယ်ဒီနေ့ = ကျွန်ုပ်အရမ်းဝမ်းသာတယ်ဒီနေ့
ကျွန်ုပ်မည်သို့လုပ်ရမည်နည်း သို့သော်ကျွန်ုပ်တို့ အချိန်အခါကိုတော ထည့်တွက်ဖို့လိုလိမ့်မယ်
တစ်ခြားလူများ၏ခံစားချက်ကိုနားလည်ခံစားခြင်းဆိုသည်မှာ ကျွန်ုပ်တို့ သူများကိုခံစားခြင်းနှင့် ကျွန်ုပ်တို့ကိုယ်တိုင်းခံစားတို့ကိုခွဲခြားပင်ဖြစ်ပါသည် ကျွန်ုပ်တို့ခံစားမှု့သည်မည်မျှ အတိုင်းအတာထိ အပြုအမူ ကိုအကျိုးသက်ရောက်စေသနည်း ပြီးလျှင်လျှောက်ပတ်စွာတုန့်ပြန်နိုင်စွမ်းရှိသနည်းဆိုသည်ကိုနားထားရန်လိုအပ်ပေသည် ။
မြတ်စွာဘုရားရှင်သည်ကိသာဂေါတမီကိုမည်ကဲသို့ကူညီခဲသနည်း ။
ကိုယ်ုတိုင်နားလည်သဘောပေါက်ပြီးနောက်ထိုအခြေအနေကိုလက်ခံနိုင်အောင်ဗုဒ္ဓကပရိယာယ်ဖြင့်ကူညီပေးခဲ့သည် ။ သင်စိတ်ဆိုးလာသောအခါမည်ကဲသို့လုပ်သနည်း

သူများ၏စိတ်ဖိစီးမှု့ကိုနားလည်ခံစားခြင်း

ကျောင်း တက်ရတာတကယ်ကိုမလွယ်ဘူး
ကျွန်ုပ်မိန်းမ ပြဿနာရှာတယ်
ကျွန်ုပ်ဦးလေးကိုကြောက်တယ် သူကျွန်တော်ကိုစိတ်ဆိုးလိမ့်မယ်
ပထမဆုံးဘာလုပ်သင့်သနည်း ထိုနောက် စိတ်ဖိစီးမှု့မဖြစ်အောင်မည်ကဲ့သို့ပြုလုပ်ရမည်နည်း
ဆွေးနွေးပါ
စိတ်ဖိစီးမှု့ကိုကျော်လွှားဖို့အတွက် `ဤကဲ့သို့ပြုလုပ်လိုက်သောအားဖြင့် ဘယ်လောက်အတိုင်းအတာထိဆိုးကျိုးသက်ရောက်နိုင်သနည်း ၊ပြီးတော ဘယ်လောက်အတိုင်းအတာထိအကျိုးသက်ရောက်မှု့ရှိလာမည်နည်း ဆိုသည်ကိုသင်တွက်ထားဖို့လိုလိမ့်မည် ။
ကလေးငယ်များနှင့် လူငယ်များ အသိပညာနှင့် လေ့ကျင့်မှု့တို့ကြောင်းနေ့စဉ်ဘ၀စွမ်းရည်များမြင့်တက်နိုင်၏
ဘ၀နေနည်းစွမ်းရည်သည် ယဉ်ကျေးမှု့ လူ့အဖွဲ့အစည်းအလိုက် ကွဲပြားနိုင်၏

အသိဉာဏ်
တန်ဖို့နှင့်
ယုံကြည်မှု့ ၊
စိတ်ထား
ပတ်ဝန်းကျင် ယဉ်ကျေးမှု့ ဘာသာရေး သတင်းနှင့် ပုဂ္ဂလိက စသည်များစွာသော အချက်အလက်များသည်ကျွန်တော်တို့၏အပြုအမူများအကျင့်များပေါ်တွင်အကျိုးသက်ရောက်လျက်ရှိပါသည် မိမိကိုယ်တိုင် ဘ၀နေနည်းစွမ်းရည်မြင့်မာလာမှုနှင့် ပတ်ဝန်ကျင်ကိုပါမြင့်မာလာစေခြင်းတို့သည်ယနေ့အမှန်တကယ်လိုအပ်နေသောဘ၀နေနည်း
စွမ်းရည်များပင်ဖြစ်ပါသည် ။










~~ဆက်ဖတ်ရန်~~~

Thursday 18 March 2010

အလိုတော်ပြည့်ဓမ္မာစရိယတက္ကသိုလ်ကထိန်အလှူပွဲမှတ်တမ်း

~~ဆက်ဖတ်ရန်~~~

Friday 12 March 2010

မိမိကိုယ်ကိုနားလည်သဘောပေါက်ခြင်း

မိမိကိုယ်ကိုနားလည်သဘောပေါက်ခြင်းဆိုသည်မှာ မိမိ၏ အားသာချက် အားနည်း ၊နှစ်သက်မှု့မနှစ်သက်မူ့များကို လေ့လာခြင်းဖြစ်ပါသည် ။ ဤအချက်များသည် တစ်ပါးသောသူများနှင့်ဆက်ဆံရေးတွင် အလွန်း အရေးပါသော အချက်များဖြစ်ပါသည် ။ ကျွန်ုပ်နှင့်ပတ်သတ်၍ အားသာချက်က ဘယ်အရာလဲ ?


ကျွန်ုပ်အဘယ်အရာကိုစိတ်ဝင်စားသလဲ ?
ကျွန်ုပ်၏ အဓိကစွမ်းရည်က ဘာလဲ ?
ကျွန်ုပ်၏တန်ဖို့က ဘာလဲ ?
ကျွန်ုပ်အတွက် ဘယ်အရာက ပိုအရေးကြီးသလဲ ?
ကျွန်ုပ်ကိုကျွန်ုပ် မည်သို့ခံစားမိသနည်း ?
ကျွန်ုပ်အတွက် အရေးပါသောအရာက အဘယ်နည်း ?
ကျွန်ုပ် အဘယ်သူနည်း ?
ကျွန်ုပ် ဘယ်အရာကိုယုံကြည်ပါသနည်း ?
စသောအချက်များသည်နေ့စဉ်ဘ၀လူမှု့ရေးနယ်ပယ်တွင် မိမိနှင့်ပတ်သတ်၍သိထားရမည့်အချက်များ ဖြစ်သည် ။ ဗုဒ္ဓဘာသာက မိမိကိုယ်ကိုနားလည်သဘောပေါရန်အတွက် မည်သို့ လမ်းညွှန်သနည်း မြတ်ဗုဒ္ဓက ၊နမေသောအတ္တာ နေတံမမ ။ ငါ့ ကိုယ်မဟုတ် ငါ့ ကိုယ်ပိုင်ပစ္စည်းမဟုတ် အစရှိသော အတ္တကို ပယ်သတ်ရန် ဆုံးမတော်မူ၏ အဘယ်ကြောင်းဆိုသော် ထိုအရာများတွင် ငါ ငါ့ဥစ္စာဟုစွဲလမ်း သောအားဖြင့် စိုးရိမ်ပူပန်ရ၏ဆင်းရဲ၏၊ တစ်ဖန် မိမိကိုယ်ကိုသတိဖြင့်အမြဲမပြတ်နေရန်ဆုံးမတော်မူ၏ ၊ အပ္ပမာဒေနဘိက္ခဝေ သမ္ပဒေထ ၊ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်မပြုမှီနောက်ဆုံးအချိန် မိန့်မှာ တော် မူ ခဲ့သောစကားလည်း ဖြစ်သည်။ အမှန်စင်စစ် ဤခန္ဓကိုယ်သည် ရုပ်နာမ်နှစ်ပါးမျှသာရှိသည်ထိုတရားများကို သိမြင်ရန်အတွက်ဗုဒ္ဓဘာသာက တိုက်တွန်း၏ သို့သော်လည်း ပုထုဇဉ်တို့၏ သန္တာန်၌ မသိမှု့အ၀ိဇ္ဇာ၊ သာယာမှု့တဏှာ၊ စွဲလန်းမှု့ ဥပါဒါန် စသောတရားများက ဖုံးလွှမ်းထားသည့်အတွက် လူသားများအနေဖြင့် အမှန်ကိုမသိမြင်နိုင်ခြင်းဖြစ်သည် ။ ထိုကဲ့သို့မသိမှုတို့ကြောင်း အတ္တဒိဋ္ဌိ အစွဲဖြင့် မြင်တိုင်း ၊ ကြားတိုင်း ၊ စားတိုင်း ၊ နံတိုင်း၊တွေ့ထိတိုင်း ၊ စိတ်ကူးတိုင်း မှာအတ္တဒိဋ္ဌိဖြင့်အနိုင်ယူလွှမ်းမို့ခံထားကြရသည် ထို့ကြောင်းမြတ်စွာဘုရားရှင်သည် ဥပါဒါန်၏အာရုံဖြစ်သော ခန္ဓာငါးပါး ကိုဝိပဿနာရူ့ရမည်ဟုမိန့်ကြားတော်မူခဲ့သည် ။

ဆုံးဖြတ်ချက်ချခြင်း

ဒီနေ့ကျောင်းသွားရမည်လော မသွားဘူးလော
ယနေ့ ဘယ်လို့အ၀တ်အစားမျိုးကိုဝတ်ရမည်နည်း
ကျွန်ုပ် ဘယ်အရာကိုလိုခြင်းသနည်း
ရပ်တန့်ကရပ်မလား ရှေ့ဆက်မလား
လုပ်သင့်သလော မလုပ်သင့်ဘူးလား စသည်

နေ့စဉ်ဆုံးဖြတ်ချက်ချမှု့စွမ်းရည်

အခြေအနေ
ဆုံးဖြတ်ချက်ချခြင်း
အချိန်
လွှမ်းမိုးသောအရာများ
အခြေအနေ
သူငယ်ချင်းတစ်ယောက်နှင့်အပြင်သွားမည်ဆိုလျှင် မည်ကဲ့သို့သောအ၀တ်အစား မျိုးကို ၀တ်ဆင်သင့်သလဲ ?
ဆုံးဖြတ်ချက်
အနီရောင်အင်္ကျီဝတ်ဆင်မည်
အချိန်
နှစ်မိနစ်ခန့်
လွှမ်းမိုးသောအရာများ
သူငယ်ချင် နှင့်နေရာ

~~ဆက်ဖတ်ရန်~~~

Monday 8 March 2010

ဘ၀နေနည်းစွမ်းရည်များ

Life Skills နှင့်ပတ်သတ်၍ဘ၀နေနည်းစွမ်းရည် ဟုအမည်ပေးလျှက် စာရေးသူ အနည်းငယ် တင်ပြချင်ပါသည် ၊ ဘ၀မှာ နေထိုင်ဖို့အတွက် ဘ၀နေနည်းစွမ်းရည်သည်အလွန်အရေးကြီးပါ သည် ၊ အထက်ပါစွမ်းရည်မှာ နှစ်မျိုးတွေ့ရမည်ဖြစ်သည် တစ်မျိုးက The ability to Adjust ဖြစ်ပြီး နောက်တစ်မျိုးက Adopt good behavior ဖြစ်သည် ။ မိမိတို့၏ကိုယ်ပိုင် စွမ်းရည် ကို မျှမျှ တတ မှန်မှန်ကန်ကန် အသုံးပြုတတ်ဖို့ (၁) အရေးကြီးပါသည် ။လူတိုင်းလူတိုင်တွင် ကိုယ်ပိုင်စွမ်းရည် ကိုယ်စီရှိကြသည် ထိုကဲ့သို့သော ကိုယ်ပိုင်စွမ်းရည်ကို မှန်မှန်ကန်ကန် နှင့်မျှမျှတတ အသုံးချသောအခါ လူသည် အောင်မြင်မှု့ဆီသို့ ဦးတည်၍ ဘေးဒုက္ခ ပေါင်းမှ လွတ်မြောက်နိုင်၏ ။

သို့သော်တစ်လွဲအသုံးချမိလျှင်ကား အန္တရာယ် နှင့် အခက်ခဲ့များ ဆင်းရဲဒုက္ခများကို ရင်ဆိုင်ရမည်ဖြစ်သည် ။ ဥပမာ
ပြရလျှင် မြတ်စွာဘုရားရှင် မိမိရရှိထားသောညာဏ်ကို မှန်မှန်ကန်ကန် အသုံးချနိုင် သောကြောင်း သတ္တ၀ါဝေနေယျ ဒုက္ခအပေါင်းမှလွတ်မြောက်ပြီး အေးချမ်းမှု့ကို ရရှိ ခံစား နိုင်ကြရ၏ ၊ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ကလည်း မိမိ၏စွမ်းရည်ကို မှန်မှန်ကန်ကန် ၊ မျှမျှတတ အသုံးပြုလျှက် ဉာဏ်လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းလာခဲ့သည်မှာ အားလုံးအသိပင်ဖြစ်ပါသည် ။
မြတ်စွာဘုရားရှင် တရားဟောသောအခါ ပုဂ္ဂလဇ္ဈာသယ ဟု ခေါ်သောတရားနာသော ပုဂ္ဂိုလ်၏ အလို ဆန္ဒကို ကြည့်၍ တရားချီမြှင့်တော်မူသည် ၊ ဤသည်မှာ လည်း မြတ်စွာ ဘုရားရှင်သည် မိမိ၏ ဉာဏ်စွမ်းရည်ကို မှန်မှန်ကန်ကန်
မျှမျှတတ အသုံးပြုခြင်း တစ်မျိုး ပင်ဖြစ်ပါသည် ။ ထို့ကြောင်းလည်းမြတ်စွာဘုရားရှင်နှင့်တွေ့သော ပုဂ္ဂိုလ်တိုင်းသည် ဘုရားရှင်ဟောသောတရားတော်ကို ကျေနပ်နှစ်သက်စွာလက်ခံလျှက် တရားထူး တရားမြတ်ကိုရသွားကြသည်သာများလှသည် ။ လူ့ဘ၀တွင်လည်း မိမိတို့ ၏ စွမ်းရည်ကို မှန်မှန်ကန်ကန် မျှမျှတတ အသုံးချသောကြောင်း နေ့စဉ်ဘ၀ အခက်ခဲများကို ကျော်လွှား နိုင်ကာ ဘ၀လိုအပ်ချက်များကို အချိန်ကုန်လူပန်း သက်သာစွာဖြင့်ဖြ ည့် ဆည်းနိုင်၏ ။
နောက်တစ်မျိုးက Adopt good behavior ဖြစ်သည် ကောင်းသော အမှုအကျင့်များကို ပြုစုပျိုးထောင် လေ့ကျင့် ယူရ မည်ဖြစ်သည် ။ ဗုဒ္ဓဘာသာရေးရှု့ဒေါင့်မှ တင်ပြ ရလျှင် ကာယကံ၊ ၀စီကံ ၊မနောကံ ၊ ကိုယ် ၊နှုတ် ၊ စိတ် တို့ကို အပြစ်ကင်းစင်သန့်ရှင်း စင်ကြည်အောင် လေ့ကျင့်ယူရမည်ဟုဆိုလိုပါသည် ။
လူ့မှု့ရေးနယ်ပယ်မှကြည်လျှင် စနစ်တကျဝတ်စားဆင်ယင်မှု့သည် လည်း ဘ၀နေနည်း စွမ်းရည်တစ်မျိုးပင်ဖြစ်ပါသည် ။ တစ်ချို့က နေရာတကာမှာ ခေတ်မှီတယ်ဟုအထင်ဖြင် မတော်မရော်များကိုဝတ်ဆင်လေ့ရှိ၏ ။ ထိုသို့ဝတ်ဆင်ခြင်းမှာ ခေတ်မှီခြင်းမဟုတ်ချေ စင်စစ် ဘ၀နေနည်းစွမ်းရည်ကိုမှားယွင်းစွာအသုံးချမှု့သာ ၊ သင့်တော်သောနေရာ၌ သင့်တော်သော ၀တ်စားဆင်ယင်မှု့မျိုးသာဖြစ်သင့်သည်။ တစ်စုံတစ်ဦးမှအရက်သောက်ရန် သို့မဟုတ် မကောင်းမှု့ပြုလုပ်ရန် လာရောက် ဆွဲဆောင် လျှင်လည်း နှုတ်ဖြင့်ပွင့်ပွင့်လင်းလင်း ငြင်း ဆိုရမည် မိမိ၏ခံစားမှု့ကို ထုတ်ဖော်ရမည် အားနာ၍ လိုက်သွားရသည့်အဖြစ်မျိုး မဖြစ်စေရ။ မိမိ၏မိတ်ဆွေ ၊ မိသားစုများနှင့် တစ်ခြားလူများအပေါ်တွင် ပြေပြစ်သောဆက်ဆံမှု့မျိုး ကိုပြုကျင့်ရမည် ။ ပြဿနာကို ရင်ဆိုင်ဖြေရှင်းရမည် ။ အထက်ပါဖော်ပြချက်မှာလူမှု့ရေးနယ်ပယ်တွင် ပြုစုပျိုးထောင် လိုက်နာကျင့်ကြံရမည့် ဘ၀နေနည်းစွမ်းရည်များပင်ဖြစ် ကြပါသည် ။
အဓိကကျသော ဘ၀နေနည်းစွမ်းရည်များမှာ
(၁) မိမိကိုယ်ကိုနားလည်ခြင်း Self Awareness
(၂) ဆုံးဖြတ်ချက်ချခြင်း Decision Making
(၃) ပြဿနာဖြေရှင်းခြင်း Problem Solving
(၄) ဝေဖန်ဆန်းစစ်ခြင်း Analytical Thinking
(၅) တီထွင်ကြံဆမှု့ Creative Thinking
(၆) တစ်ဖက်လူ၏ခံစားချက်ကိုနားလည်ခြင်း ကိုဖော်ပြခြင်း Interpersonal relationship / Showing Empathy
(၇) ထိရောက်သောဆက်သွယ်ရေး Effective Communication
(၈) လူ့ဝတ်တရားများ Social Responsibility
(၉) တစ်ပါးသူ၏ ခံစားချက်ကို ခံစားနားလည်ခြင်း Copying with Emotions
(၁၀) တစ်ပါးသူ၏ စိတ်ဖိစီးမှု့ကိုခံစားနားလည်ခြင်း Copying with Stress .
အထက်ဖော်ပြပါအရာများသည် အရေးပါသော ဘ၀နေနည်းစွမ်းရည်များဖြစ်ကြပါသည် ။
ဗုဒ္ဓဘာသာဝင်များ၏ဘ၀နေနည်းများမှာအောက်ဖော်ပြပါတရားများအားနေစဉ်ဘ၀တွင်အသုံးချလျှက်နေထိုင်ရှင်သန်ခြင်းပင်ဖြစ်ပါသည် ။
မင်္ဂင် (၈) ပါး
၁ ။ သမ္မာဝါစာ ၂ ။ သမ္မာကမ္မန္တ ။ ၃ သမ္မာအာဇီဝ ၄။ သမ္မာဝါယမ ၅။ သမ္မာဒိဋ္ဌိ ၆။ သမ္မာသင်္ကပ္ပ ၇။ သမ္မာသတိ ၈။ သမ္မာသမာဓိ ။
ဗြဟ္မ၀ိဟာရတရားလေးပါး (၄)ပါး
၁။ မေတ္တာ
၂ ။ ကရုဏာ
၃ ။ မုဒိတာ
၎ ။ ဥပေက္ခ
သစ္စာလေးပါး
ငါးပါးသီလ
၁ ။ သူတစ်ပါးအသက်ကိုသတ်ခြင်းမှရှောင်ကြဉ်ခြင်း
၂ ။သူတစ်ပါးမပေးသောဥစ္စာကိုခိုးယူခြင်းမှရှောင်ကြဉ်ခြင်း
၃။ သူများသားမယားအားလွန်ကျူးခြင်းမှရှောင်ကြဉ်ခြင်း
၎ ။ လိမ်ညာပြောဆိုခြင်းမှရှောင်ကြည်ခြင်း
၅ ။ မူယစ်သေစ်ာသောက်ခြင်းမှရှောင်ကြည်ခြင်း
ဤတရားများသည်ဗုဒ္ဓဘာသာရှု့ဒေါင့်မှ ဘ၀နေနည်းစွမ်းရည်တရားများဖြစ် ပါသည် အထက်ပါတရားများကိုနေ့စဉ်ဘ၀တွင်အသုံးချခြင်းဖြင့် ဆင်းရဲအပေါင်းမှလွတ်မြောက်လျှက် လောကီ ၊လောကုတ္တရာနှစ်ဖြာသောအကျိုးတရားများကိုရရှိစေနိုင်၏ ။

မှတ်ချက် ။ အထက်တွင်ဖော်ပြထားသောအဓိကကျသောဘ၀နေနည်းစွမ်းရည်(၁၀)ချက်နှင့်ပတ်သက်၍ ဆက်လက်ဖော်ပြပေးသွားပါမည် ။


~~ဆက်ဖတ်ရန်~~~

Saturday 6 March 2010

လူ့ဘ၀နှင့်ပြဿနာများ

ကျွန်ုပ်တို့သည် လူသားများဖြစ်သည့်အားလျော်စွာ ရာစုနှစ်တစ်ခုအလွန်က မည်သို့မျှ ကြံစည်မျှော်လင့်စိတ်ကူး
မထားခဲ့သော ရုပ်ပိုင်းဆိုင်ရာဖွံဖြိုးတိုးတက်မှု့များကို လက်ဝယ် ပိုင်ပိုင် အောင်မြင်ရရှိခဲ့လေပြီ။ ခေတ်သစ်
နည်းပညာများက အချိန်အဟုန်ပြင်းစွာဖြင့် သဘာဝတရားကို အနိုင်ယူလျှက် ကျွန်ုပ်တို့ဆီကိုရောက်ရှိလို့နေပြီး ၊ .

ထိုခေတ်သစ် နည်းပညာများ၏ အကူအညီများကြောင်း များစွာသော သဘာဝဘေးအန္တရာယ်များကို အောင်မြင်နိုင်သော် လည်း နောက်ဆုံး မေးခွန်းက ကျွန်ုပ်တို့သည် အတိတ်က ဘိုးဘွား ဘီဘင်တို့ ခေတ်က ကဲ့သို ပျော်ရွှင်ကြပါရဲ့လား? အဖြေကတော ဆန့်ကျင်ဘက်ဖြစ်ပါလိမ့်မည် ၊ အမျိုးသမီး များနှင့် ခလေးငယ်များအပေါ် အကြမ်းဖက်မှု့ ဆင်းရဲမွဲတေမှု့၊ ဘာသာရေးနှင့် လူမျိုးရေး ခွဲခြားမှု့၊ အသားအရောင် နှင့် ဇာတ် ခွဲခြားမှု့တို့က အရှိန်အဟုန်း မလျှော့ဘဲ ဆက်လက် ရှိနေဆဲပင်ဖြစ်ပါသည်။ စင်စစ် ရုပ်ဝတ္တုပိုင်းဆိုင်ရာ သာယာမှု့နောက်သို့ လိုက်ကြ သောသူများသည် ဆင်းရဲသော သူများထက်ပင်ပို၍ ဆင်းရဲဒုက္ခရောက်ကြရ နိုင်သည်။ ယနေ့ခေတ်သစ်ကမ္ဘာကြီးတွင်ရင်ဆိုင်တွေ့ကြုံနေကြရသော
ပြဿနာများမှာ စိတ်ဖိစီးမှု့၊ အထီးကျန်မှု့ကဲ့သို့သော စိတ်ပိုင်းဆိုင်ရာရောဂါတို့သည် အရေးပါသောအဓိကပြဿနာ တစ်ရပ် ဖြစ်နေပါသည် ။ ထိုကဲ့သို့သော ပြဿနာများအတွက် မည်သူ့မှာတာဝန်ရှိပါသနည်း?
လူသားများ၏ ဖွံဖြိုး တိုးတက်ရေးအတွက် အဓိကကျသောပုဂ္ဂိုလ်များဖြစ်ကြသည့် ဘာသာရေးခေါင်းဆောင်များ၊သိပ္ပံပညာရှင်များ ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် စီးပွါးရေးသမားများ အသံကောင်းဟစ် နေကြသည်မှာ “တိုးတက်ဖြစ်ထွန်းလာဖို့အတွက် ဆွေးနွေးနေပါသည်အဖြေရှာနေပါသည်“ ဟူ၍ဖြစ်ပါသည်။သို့သော်လည်း`ဤဆိုးကျိုးများ၏ အပြစ်တင်ခြင်းကို မည်သူများက မျှဝေခံစားရမည်နည်း? ကျွန်ုပ်ယုံကြည်သည်မှာ အားလုံးမှာညီတူညီမျှတာဝန်ရှိကြသည်။ ကျွန်ုပ်တို့ မိမိကိုယ်မိမိ ရိုးသားစွာဖွင့်ဟ၀န်းခံရမည်ဆိုလျှင်၊ ကျွန်ုပ်တို့အားလုံးသည် တစ်ခြားသော လူသားများ၏ ငြိမ်းချမ်းရေးနှင့်ပျော်ရွှင်မှု့အတွက် တာဝန်ကိုယ်စီးရှိကြပါသည်။ ဥပမာ လူသားများ၏ ကာမဂုဏ်အားရုံးခံစားမှု့ ဆိုင်ရာ အတွက် တရားမမျှတသောလုပ်ရပ်များ၊ အာဏာနှင့် ငွေအတွက် မတရားသောနည်းဖြင့် ဒေါ်လာသန်းပေါင်းမြောက်များစွာသောကုန်ထုတ်မှု့များ ကို ဤကာမဂုဏ်ကိစ္စများအတွက် အသုံးပြုနေသော လောဘ ။ သည် ဖြစ်ထွန်းမှု့များသည် လူငယ်နှင့်ကလေးသူငယ်များအား သားကောင်းဘ၀သို့ ကျရောက်စေပါသည်။ ကမ္ဘာ့ သမိုင်းမှာ ရှေးတုန်းက မရှိခဲ့ဖူးသော မကောင်းသော်ဆိုးကျိုးများ တစ်ကိုယ်ကောင်းဆန်သော လုပ်ရပ်များ၊ လိမ်လည်မှု့များ လူသားများအကြားမှာပဋိပက္ခများသည် လူသားများ၏ ဆန္ဒကြောင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့မရှိမဖြစ်လိုအပ်နေသော ငြိမ်းချမ်းရေးသည် ကျွန်ုပ်တို့ ကိုယ်ပိုင်ဘ၀၊ အိမ်တွင်း၊ အလုပ်တွင်းသာမကဲ တစ်ကမ္ဘာလုံးအတိုင်းအတာထိဖြစ်ပါသည် ။
ဆူပူသောင်းကျန်းမအေးချမ်းမှုမှ ဖြစ်လာသော ကြောင့်ကြ ပူပန်မှု နှင့် ကြောက်ရွံ့မှု တို့သည် ကျွန်ုပ်တို့ကာယစိတ္တာနှစ်ဖြာ ကျန်းမာ ချမ်းသာမှုတို့အပေါ် ပြဿနာဖြစ်သည်သာမက ယိုယွင်းပျက်စီးစေမှုလည်း ဖြစ်ကြပါသည်။
တဏှာသည်သူတို့အနားမှာရှိသော အရာအားလုံးကို စိုးမိုပြီး လူသားများသည် ကမ္ဘာမှာ ကြောက်စရာအကောင်းဆုံးသတ္တ၀ါ တစ်ကောင်းအဖြစ်ရောက်ရှိလာခဲ့သည်။ ဤနည်းဖြင့်လူသားများသည် စိတ်ချမ်းသာ မှု့ကိုစွန့်လွှတ်လျှက် အာဏာနှင့် ရုပ်ဝတ္တုဆိုင်ရာပြည့်စုံမှု့သို့သာအငမ်းမရလိုက်ပါနေကြတောသည်။
ကျွန်ုပ်တို့ယနေ့တွေ့ကြုံရင်ဆိုင်နေကြရသော ပြဿနာ၏အခြေခံမှာကိုယ်ကျင့်တရား ပျက်ပြားလာမှု့နှင့် ပညာကို မှားယွင်းသောစွာအသုံးချမှု့ ပင်ဖြစ်ပါသည်။ သိပ္ပံနှင့် နည်း ပညာများက အံ့မခန်း တီထွင်ကြံဆမှု့အသစ် မျာွးကို ထုတ်လုပ်နေသော်လည်း ကမ္ဘာကြီး သည် လုံခြုံမှု့နှင့် ငြိမ်းချမ်းမှု့ကင်းမဲ့နေဆဲရှိသေးသည်။ တကယ်တော သိပ္ပံနှင့် နည်းပညာ များကပင်လူဘ၀ကိုရှေ့ကနှင့်စာလျှင် ပို၍လုံခြုံမှု့မရှိအောင်ပြုလုပ်နေဘိသကဲ့သို့ ဖြစ်ချေသည်။
ကျွန်ုပ်တို့လက်ရှိရင်ဆိုင်တွေ့ကြုံနေကြရသော ပြဿနာတွင် ကိုယ်ကျင့်တရားပိုင်ဆိုင်ရာ သာ တိုးတက်ဖြစ်ထွန်းမလာလျှင်လူလောကကြီးသည် အန္တရာယ်များကြားမှာ ပင်ပန်းရုံမှလွဲ၍ ငြိမ်းချမ်းရေးနှင့် လုံခြုံမှုအတွက်ကတော အလှမ်းဝေးနေဆဲပင်ဖြစ်ပါလိမ့်မည် ။

မှတ်ချက် ။ ဆရာတော်ကေသိရီဓမ္မာနန္ဒ၏ Human life and problems ဆောင်ပါးအားစာရေးသူအမြင်ဖြင့်ဆီလျှော်သလိုဘာသာပြန်ဆို
ထားပါသည်


~~ဆက်ဖတ်ရန်~~~

Thursday 4 March 2010

အမြှောက်မ ကြိုက်သောဘုန်းကြီး နှင့်အလျှောက်တတ်သောတကာ (ဟာသ)

တစ်ခါက ရွာတစ်ရွာတွင်တောင်ကျောင်း ၊ မြောက်ကျောင်း ၊ ရွာကျောင်း ဟူ၍ ကျောင်းသုံးကျောင်း ရှိလေသည် ။
ထိုကျောင်းသုံးကျောင်းအနက် ရွာကျောင်းဆရာတော်မှာ အမြှေက်မကြိုက်ကြောင်း ထင်ရှားလေသည် ။ ထိုရွာတွင်းလည်း အမြှောက်တော်သောတကာတစ်ဦးရှိပြီး ထိုတကာက အမြှောက်မကြိုက်သော ဘုန်းကြီးကို မြှောက်ရန် အကြောင်းဖန်လာ၏ .

တစ်နေ့ ရွာအလယ်လူစုဝေးရာအရပ်တွင် ကျောင်းသုံးကျောင်းဆရာတော်များအကြောင်းကို ပြောကြရင်း ရွာကျောင်းဆရာတော်၏ အမြှောက်မကြိုက်ကြောင်း ပြောဆိုဖြစ်ကြလေသည် ထိုအခါ အမြှောက်တော်သောတကာက လောကမှာ အမြှောက်မကြိုက်တဲ့ ပုဂ္ဂိုလ်မရှိကြောင်းနှင့် ထိုအမြှောက်မကြိုက်သောဘုန်းကြီးကို သူ မြောက်အောင် မြှောက်ပြမည်ဟု အာမခံလေသည် ။ နောက်တစ်နေ့ မနက်မှာ ရွာကျောင်းဆရာတော်အထံသို့ဆွမ်းတစ်ပွဲဖြင့် သွားရောက်မြှောက်ပင့်လေ၏ ။ တကာမြှောက်ပင့်လျှောက်ထားလိုက်ပုံမှာ တကာ ‘’ အရှင်ဘုရား ဘုရားတပည့်တော် ဒီရွာမှာ အကြည့်ညိုဆုံးက အရှင်ဘုရားဘဲ ၊
ဘုန်းကြီး “ ဟဲဘာဖြစ်လို့တုန်းဟ ၊
တကာ “ ဘယ် မြောက်ကျောင်းဆရာတော်ကလည်း မြှောက်လိုက်ရင် မြောက်ကြွမြောက်ကြွ ၊ တောင်ကျောင်းဆရာတော်ကလည်း မြှောက်လိုက်ရင်မြောက်ကြွ မြောက်ကြွနဲ ။ အမြှောက်မကြိုက်တာ ဆိုလို့အရှင်ဘုရားတစ်ပါးဘဲ ရှိတာ ဒါ့ကြောင်း တပည့်တော် အရှင်ဘုရားကို ကြည်ညိုတာ ဟုလျှောက်ထားလိုက်လေသည် ။ ထိုအခါ ဘုန်းကြီးက သဘောကျလျှက် ဟေ တကာ မင်းမဆိုးဘူး ဟုဆိုကာကျောင်းမှာရှိသော အစားအစာများဖြင့် ဧည့်ခံလေတောသတည်း ။
ဗုဒ္ဓဘာသာမြန်မာနိုင်ငံတွင် ကား တကာက၊မများက ကိုယ့်ဆရာကို ဂုဏ်တင်ချီးမွှန်း ကြသည်မှာ ဓမ္မတာ ထို့ကြောင်းလည်းတစ်ခါတစ်ခါ ဂုဏ်ပုဒ်တွေက ကြီးလွန်း များလွန်းတော ဘုန်းကြီးက ဂုဏ်နှင့်မလိုက်ဖက်အောင်ဖြစ်နေသောပွဲမျိုးးလည်း တွေ့ဖူးပါ၏ ။ အထင်ရှားဆုံးကတော ဘုန်းကြီးပျံပွဲပင်ဖြစ်သည် ။ တစ်ခါ တကာတွေကအမြှောက်လွန်းလို့ ဘုန်းကြီးနှစ်ပါးအပြေးပြိုင်ကြရတဲ့အဖြစ်မျိုးလည်း အများအပြားပင် (ဘုန်းကြီးနှစ်ပါးအပြေးပြိုင်တဲ့ပုံပြင်ကို မကြာမှီတင်ပြပါမည် ) မည်သို့ပင်ဆိုစေကာမူ ဘုန်းကြီးဟူသည်ကား လူထု၏ခေါင်းဆောင် ဖြစ်သည် ခေါင်းဆောင် ဟူသည် ချီးမွန်းခံရမည်ကဲ့ရဲ့ခံရမည် ။ ထိုကဲ့သို့ချီးမွန်းမှု့ ကဲ့ရဲ့မှု့တို့တွင် သာယာလိုက် ဒေါသဖြစ်လိုက်နှင့်အချိန်မကုန်သင့်ကြောင်းကိုမြတ်ဗုဒ္ဓက ဗြဟ္မဇာလသုတ်မှာ ဟောကြားတော်မူထား၏။ သို့သော်လည်းပုထုဇဉ်တို့၏သဘာဝကိုဤပုံပြင်တွင် တွေ့နိုင်၏

~~ဆက်ဖတ်ရန်~~~

ဘာတွေကိုအားကိုးကြမလဲ

လူရယ်လို့ဖြစ်လာရင် အားကိုးအားထားရာ ကိုယ်စီ နှင့် ရှင်းသန်နေထိုင်သင့် လို့မြတ်စွာဘုရား ရှင် မိန့်ကြားတော်မူထားတယ် ။ မြတ်စွာဘုရားရှင်က သူ၏တပည့် တကာ၊ မများကို မိန့်ကြားတော်မူတာ ။ အားကိုအားထားရာ ကိုယ်စိနှင့်နေကြပါ တဲ့ ဘာဖြစ်လို့ဒီစကားကိုမြတ်စွာဘုရား ရှင် မိန့်တော်မူသလဲဆိုတော ဘ၀မှာ မှီခိုရာ အားထားရာ မရှိသူတွေဟာ ဆင်းရဲပါတယ်တဲ့ ဒါကြောင်း မြတ်စွာ ဘုရားရှင်ကသူတပည့်တကာ၊မတွေ ဆင်းရဲမှ လွတ်အောင် လို့ ဆင်းရဲမခံရအောင်လို့ ဒီတရားစကားကိုမိန့်ကြားတော်မူပါတယ် ။ .

အဲဒီတော ဘာတွေကို အားကိုးကြမလဲ အားကိုးအားထားပြုရမည့်တရားတွေကဘာတွေလမြတ်စွာဘုရားရှင် က ( ၁၀) ချက်
ဟောတော်မူထားတယ် အားကိုးအားထားပြုဖို့အတွက် ။

၁ ။ သီလ ဆိုတဲ့ ကိုယ်ကျင့်တရား ဟာ ဘ၀မှာ အားကိုအားထားပြုရမည့်တရားတစ်မျိုးဘဲ သီလအမျိုးအစား
ကွဲပြားခြားနား သော်လည်း အဓိကတော ကိုယ် နှုတ် စိတ် ဆိုတဲ့ တရားသုံးမျိုးကို စောင့်ထိမ်း ဖို့ သာအဓိကပါ
ဒီနေရာမှာ ကြုံလို့ပြောခြင်တာက တစ်ချို့ပညာရှင်တွေက သီလကို ဘယ်လို့ ပြောသလဲဆိုတော ကိုယ်ကျင့်တရားဆိုတာ ဆင်းရဲတဲ့လူတွေအတွက် အရင်းအနှီးဘဲ တဲ့ ဘ၀မှာ ဆင်းရဲတဲ့ပုဂ္ဂိုလ် တွေ ကိုယ်ကျင့်တရားကိုအခြေခံပြီး အရင်းအနှီးရအောင် ကြိုးစားနိုင်ပါတယ် ဒါဟာ လက်တွေ့ အနေအထားမှာလည်း တွေ့ကြုံနေရတဲ့ အခြေအနေတစ်ခု ပါ တစ်ချို့ကိုယ်ကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ် လူယုံကြည်အားကိုးပြီးတော အောင်မြင်မှု့တွေ ရသွား ဘ၀တိုးတက်ပြောင်းလွဲသွားတဲ့ပုဂ္ဂိုလ်တွေ အများကြီးတွေ့မြင်နိုင်ပါတယ် ။
ဒါကြောင်းမို့လို ဗုဒ္ဓဘာသာဝင်တွေ ဘာဘဲလုပ်လုပ်သီလကိုဆောက်တည်ကြရတယ် ။

၂ ။ နောက်တစ်ခါ ဘ၀မှာ အားကိုးအားထားပြုရမည့်တရားတစ်မျိုးကတော ဗဟုသုတ အကြားအမြင်များခြင်း တဲ့ အကြားအမြင်ဗဟုသုတ ဆိုတာဟာလည်း ဘ၀မှာ အင်မတန်မှ အရေးကြီးပါတယ် အမှား၊အမှန် အကောင်း ၊ အဆိုး အကြောင်း၊ အကျိုးကို ခွဲခြားနိုင်တာ က အကြားအမြင် ဗဟုသုတရှိဖို့လိုတယ် တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေ ပရိယတ္တိသုတ မရှိရင် တရားကို နည်းမှန်လမ်းမှန်အားထုတ်နိုင်ဖို့မလွယ်ဘူး ဒါကြောင်း တရားနာတယ်ဆိုတာ ဒီအသိညာဏ်တွေဆည်းပူနေတာ လို့မှတ်ပါ ။

၃။ နောက်တစ်ခါ အားကိုးအားထားပြုရမည့်အရာက ကလျာဏမိတ္တ ဆိုတဲ့မိတ်ကောင်းဆွေကောင်းတဲ့ ဘ၀ခရီးကိုလျှောက်လှမ်းတဲ့အခါမှာ အခက်ခဲအမျိုးမျိုးကိုတွေ့ကြုံနိုင်တယ် ဒီအခက်ခဲတွေကို ကျော်ဖြတ်ဖို့အတွက် မိတ်ဆွေကောင်းအရေးကြီးတယ် ဒီတော မိတ်ကောင်းဆွေကောင်းဆိုတာ ဘယ်လို့လဲ လောကနီတိမှာ ဖော်ပြထားတာကတော ။
(၁) ။ ရောဂါ ဖြစ်တဲ့အခါ ကူညီစောင့်ရှောက်တဲ့ပုဂ္ဂိုလ် ၊
( ၂) ။ ငတ်မွတ်ခေါင်းပါးတဲ့အခါ ကူညီစောင့်ရှောက်တဲ့ပုဂ္ဂိုလ်
( ၃) ။ရေ မီး စတဲ့အန္တရာယ်တွေကြောင်း စိည်းစိမ်ဥစ္စပျက်စီးသွားတဲ့ အခါ မှာ ကူညီတဲ့ပုဂ္ဂိုလ်
(၄ )။ ရန်သူဖမ်းမိတဲ့အခါ ရန်သူ့လက်အောက်ကိုရောက်သွားတဲ့အခါ ကူညီတဲ့ပုဂ္ဂိုလ်
(၅ ) တရားရုံးမှာ အမှု့ရင်ဆိုင်တဲ့အခါ ကိုယ်တတ်နိုင်တဲ့ဘက်ကကူညီတဲ့ပုဂ္ဂိုလ်
(၆) နာရေးကိစ္စကြုံလာတဲ့ အခါ ကိုယ်တတ်နိုင်တဲ့ဘက်က ကူညီစောင့်ရှောက်ပေးတဲ့ပုဂ္ဂိုလ်မျိုးကို မိတ်ဆွေကောင်း မိတ်ဆွေစစ်လို့ လောကနီတိဆရာကထောက်ပြပါတယ် ။ မိတ်ဆွေကောင်းနှင့်ပတ်သက်ပြီးတော တစ်ခါက အရှင်အာနန္ဒာက မြတ်စွာဘုရားရှင်ကိုလျှောက်ထားတယ် မြတ်စွာဘုရား မိတ်ကောင်း ဆွေကောင်း ဆရာသမားကောင်း ကိုမှီဝဲဆည်းကပ်ရတယ်ဆိုတာ အရိယာမဂ်ဆိုတဲ့တရားထူးတရားမြတ်ကိုရဖို့ တစ်ဝက်လောက်သေချာပါတယ်ဘုရား လို့လျှောက်ထားတယ် ဒီတော မြတ်စွာက ဘုရားရှင်က ချစ်သား အဲဒီလို့မပြောပါနဲ မိတ်ကောင်းဆွေကောင်း ဆရာသမားကောင်းကို မှီဝဲဆည်းကပ်ရတဲ့အတွက် တစ်ဝက်မဟုတ်ဘူး အကုန်လုံးသေချာပါတယ် လို့ပြန်လည် မိန့်ကြားတော်မူတယ် ဘာဖြစ်လို့လဲဆိုတော ငါဘုရားတည်းဟူသော မိတ်ဆွေကောင်းကို ဆည်းကပ်ခွင့်ရတဲ့အတွက် သံသရာဝဋ်ဆင်းရဲကလွတ်မြောက်သွားကြတဲ့ပုဂ္ဂိုလ်တွေ မရေတွက်နိုင်ဘူး လို့မိန့်ကြားတော်မူပါတယ် ။

(၅) နောက်တစ်ခါ အားကိုးအားထားပြုရမည့်တရားက သုဝစ လို့ဆိုတဲ့ ပြောဆို ဆုံးမ လွယ်တဲ့ ပုဂ္ဂိုလ် မျိုးဖြစ်ရမယ် ပြောဆို ဆုံးမလွယ်ခြင်းဆိုတဲ့တရား ကိုလည်း အားကိုးအားထားပြုရမယ် လက်ကိုင်းထားရမယ် ဒီတော ပြောဆိုဆုံးမလွယ်တဲ ပုဂ္ဂိုလ်ရဲ့ အကြောင်းတရားတွေက ဘာတွေလဲ

(၁ ) ယောနိသောမနသိကာရ သင့်တင့်အောင်နှလုံးသွင်းတတ်ရမယ် ။ ကောင်းတဲ့ဘက်ကရပ်တည်ပြီးတော့ကြည့်တတ်ရမယ် ။
(၂ ) နိဝါတ =မိမိကိုယ်ကို နှိမ့်ချ ထားရမယ်
(၃ ) ဂါ ရ၀ = ဆုံး မတဲ့ပုဂ္ဂိုလ် ကို ရိုသေလေးစားရမယ် ။
(၄ ) သေ၀စသတာ = ဆုံးမတဲစကားကို မြတ်မြတ်နိုး နိုးတန်ဖိုးထားနိုင်ရမယ် ။

သူ့ရဲဆန့်ကျန်ဖက်က ပြောဆိုဆုံးမခက်တဲ့ပိုဂ္ဂိုလ်ရဲ့အကြောင်းတရားတွေကတော

(၁ )အယောနိသောမနသိကာရ =နေရာတစ်ကာအပြစ်မြင်တတ်တယ် သို့မဟုတ်အဆိုးမြင်ဝါဒရှိတယ်
(၂ ) အတိမာန = မာန်မာန အလွန်ကြီးတယ်
(၃) အဂါရ၀ ပြောဆိုဆုံးမတဲ့ပုဂ္ဂိုလ်ကို မရိုသေမလေးစားဘူး
(၄) ဒေါဝစသတာ ပြောဆိုဆုံးမတဲ့စကားကိုလည်းမြတ်မြတ်နိုးနိုး တန်ဖို့မထားဘူး
ဆရာဟူသည်

ရှေ့ရှူးမေတ္တာကရုဏာနှင့် ၊ နာနာကြင်ကြင်အပြစ်မြင်တိုင်း ၊ ၀မ်းတွင်မသို ဟုတ်တိုင်းဆို၍ ၊ ကျိုးလိုစိတ်က ၊ဆုံးမတတ်သူ ဆရာဟူလော ။ (မာဃဒေ၀ ပိုဒ်ရေ ၂၃၆ )

(၅) အမှု့ကြီးငယ်တို့ကိုပြုလုပ်ဆောင်ရွက်ခြင်း ဝေယာဝေစ္စ ဆိုတာဟာလည်း ဘ၀မှာအားကိုးအားထားပြုလုပ်ရမည့် တရားတစ်မျိုးပါဘဲတဲ့ ဒါ့ကြောင်း ရှေ့လူကြီးတစ်ယောက်ကပြောပြဖူးပါတယ် လုပ်စရာကိုင်စရာရှိရင် ၀င်လုပ်ပါ ခိုင်းသမျှကိုလိုက်လုပ်ပေးပါ တဲ့ နောက်တော ဒီလုပ်ငန်းတွေထဲမှာ သူဟာကျွန်းကျင်တဲ့ လူတစ်ယောက်
ဖြစ်လာပါလိမ့်မယ်ပြီးတော ဒီပတ်ဝန်းကျင်အတွက် မရှိမဖြစ်လူတစ်ယောက် သို့မဟုတ်အရေးပါတဲ့ လူတစ်ယောက်ဖြစ်လာပါလိမ့်မယ်တဲ့ ။

(၆ ) မြတ်စွာဘုရားရှင်၏တရားတော်များကို လိုလိုခြင်ခြင်ရှိရမယ် မြတ်မြတ်နိုးနိုးထားရမယ်
ဆိုလိုခြင်းတာက တရားအလုပ်အားထုတ်တယ် ကောင်းတဲ့အမူအကျင့်တွေကို ကျင့်တယ်ဆိုတာဟာ တကယ်တော မိမိတို့ရဲ့စိတ်နှင့် အပြုအမူဒီနှစ်ခုကို အပြောင်းအလွဲလုပ်လိုက်တာပါ ဒီတောပထမအဆင့်အနေနဲမိမိတို့စိတ်ထဲမှာ အပြောင်းအလွဲဖြစ်ဖို့လိုပါတယ် အဲဒီလို့ဖြစ်ဖို့အတွက် တရားတော် ကိုလိုလိုခြင်းခြင်းရှိရမယ် ဒါမှလည်းဒီတရားရဲ
သဘောကို ရှင်းရှင်းလင်းလင်းနားလည်သွားမယ် အဲဒီလိုနားလည်မှလည်း သူရဲ့စိတ်ထဲမှာ ကောင်းတဲ့ဘက်ကို ဦးတည်းတဲ့စိတ်တွေ လိုက်နာကျင့်သုံးခြင်တဲ့စိတ်တွေပေါလာမယ် အဲဒီတောမှ လက်တွေကျကျလိုက်နာလာမယ် လို့ဆိုလိုပါတယ် ဒါကြောင်းတရားတော်ကိုလိုလိုခြင်ခြင် မြတ်မြတ်နိုးနိုးတန်ဖို့ထားခြင်းဆိုတာဟာလည်း အားကိုးအားထားပြုရမဲ့တရားတစ်မျိုး လက်ကိုင်ထားရမဲ့တရားတစ်မျိုးဘာဘဲ ။

(၇) အာရဒ္ဓ၀ီရိယော တဲ့နောက်တစ်မျိုးက အင်မတန်မှထက်သန်သောလုံ့လ၀ိရီယ ရှိရမယ် ဒါကတော အထူးရှင်းစရာမလိုလောက်အောင် လူတိုင်းသိပါတယ် ဘ၀မှာ မှီခိုအားထားရမဲ့တရားတစ်မျိုး ။

(၈) နောက်တရားတစ်မျိုးက သန္တုဌော ရောင့်ရဲလွယ်ရမယ် ဘ၀မှာအားကိုးအားထားပြုရမည့်တရားတစ်မျိုး ဒီနေရာမှာရဟန်းတော်များအတွက်ကတော ရရသမျှသောပစ္စည်းလေးပါးနှင့်ရောင့်ရဲတင်တိမ်နေပါ
လိုဆိုလိုခြင်ပေမဲ လူတွေအတွက်ကြ တောသားကျွေးမှု့မယားကျွေးမှု့ရှိနေသေတော ရှိတာလေးနှင့်ရောင့်ရဲနေရင်ငတ်ရုံဘဲရှိမှာ ပေါ့လို့ပြောစရာရှိလာတယ် ဒီနေရာမှာ လူတွေအတွက်ဆိုလိုခြင်တာက လိုခြင်တာရယ် လိုအပ်တာ ဒီစကားလုံးလေးနှစ်လုံးကို သဘောပေါက်ဖို့လိုအပ်ပါတယ် လိုခြင်းတယ်ဆိုတာ အဆုံးမရှိဘူး လောဘ သို့သော်လိုအပ်တာကျတော အထက်ကပြောခဲ့တဲ့အတိုင်း အာရဒ္ဓ၀ီရိယော တဲ့ကြိုးစားပြီးတော ရှာဖွေဖြည့်ဆည်းရမယ် ။

(၉)နံပါတ် (၉)ကတောသတိရှိရမယ် ဘာလုပ်လုပ်သတိလက်လွတ်မလုပ်ရဘူး တရားအလုပ်လုပ်တဲ့ပုဂ္ဂိုလ်ဆိုရင်တော အထူးသဖြင့်သတိဦးစီးတဲ့စိတ်နှင့် အမြဲတမ်းနေရပါတယ်ဒါကြောင်းမို့လို့မိမိကိုယ်ကိုနိုင်ခြင်ရင်သတိကိုဆောင်ပါ သတိတရားကိုလက်ကိုင်ထားပြီးတော နေရာတကာမှာ နေထိုင်သင့်တယ် သတိလက်လွတ်သွားတာနှင့် အမှားတွေများလာမယ် ဒါကြောင်း လက်တွေနေ့စဉ်ဘ၀မှာလည်း သတိတရားကိုလက်ကိုင်းထားပြီးတော သွားလာနေထိုင်သင့်တယ် ။

(၁၀)နောက်ဆုံး လက်ကိုင်းထားရမည့်တရားကတော ပညာ ဒီနေရာမှာ ဆိုလိုတာက၀ိပသနာပညာဖြစ်ပေမဲ့ လက်တွေ့နေ့စဉ်ဘ၀မှာ ကတော အသိညာဏ် ကိုပြောခြင်ပါတယ် အဆိုးအကောင်း အကျိုးအကြောင်း အမှား အမှန်ကိုခွဲခြားနိုင်တဲ့အသိပညာမျိုးကို လက်ကိုင်ထားပြီးတောလဲဘ၀ခရီကိုးလျှောက်လှမ်းသင့်ပါတယ် လျှောက်လှမ်းကြပါလို့မြတ်စွာဘုရားနာထသုတ်မှာ ဒီတရား (၁၀)မျိုးကို မိန့်ကြားတော်မူထားပါတယ် မြတ်စွာဘုရားရှင်၏တရားတော်များသည်နောက်ဆုံးမှာတော ဆင်းရဲဒုက္ခအဆုံးသတ်ရေးဆိုတဲ့လမ်းစဉ်သို့ သာ ဦးတည်သောတရားတော်များဖြစ်ပေမဲ့ လက်တွေ့နေစဉ်ဘ၀မှာလည်းဘဲဒီတရားများကို အသုံးချပြီးတော
ဆင်းရဲနည်းအောင် ဆင်းရဲခြင်းကလွတ်မြောက်အောင်ကျင့်ကြံနိုင်ပါတယ် ကျင့်ကြံပြီးတောလည်း ဆင်းရဲအပေါင်းမှလွတ်မြောက်၍ စစ်မှန်သောလောကီလောကုတ္တရာချမ်းသာများကိုခံစားနိုင်ကြပါစေ ။

~~ဆက်ဖတ်ရန်~~~

About This Blog

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP