သတ္တ၀ါမှန်သမျှချမ်းသာရကျမ္မာကြပါစေ ဘေးရန်မခ ကြံသမျှဆန္ဒပြည့် ပါစေ

Saturday 30 April 2011

ထိုင်းတောင်ပိုင်းဟတ်ယိုင်မြို့မှမြန်မာ့သမီးပျိုများ၏အကအလှပဒေသာ


~~ဆက်ဖတ်ရန်~~~

Friday 22 April 2011

ဆုံခလာပင်လယ်ကမ်းခြေငါးသေတ္တာစက်ရုံမြူးမြူးကြွကြွရက္ခိတသင်္ကြန်ည




နှစ်စဉ်ကျင်းပမြဲဖြစ်သောလေးဝတီရခိုင်လူငယ်များ၏ ၊ မြူးမြူးကြွကြွရက္ခိတသင်္ကြန်ည အစီအစဉ်ကို ဆုံခလာပင်လယ်ကမ်းခြေငါးသေတ္တာစက်ရုံတွင်ကျင်းပရာ ။ဧပြီ (၁၃)ရက်နေ့ ၂၀၁၁နေ့ နံနက် (၈)နာရီအချိန် ပရိတ်တရားတော်များနှင့်မင်္ဂလာတရားတော်များကိုနာယူကြပြီး ၊ နံနက် (၉)နာရီမှ (၁၁)နာရီထိရခိုင်မုန့်တီနှင့်အအေး တို့ကိုကျွေးမွေးဧည့်ခံကြ သည် ၊နေ့လည်(၁၂)နာရီမှာ ရခိုင်ရိုးရာကျင်ပွဲ ကျင်းပကြပြီး ညနေပိုင်တွင်း တိုင်းရင်းစုံညီ မြန်မာညီငယ်ညီမငယ်များမှသီဆိုဖျော်ဖြေ သည့်၊ မြူးမြူးကြွကြွရက္ခိတသင်္ကြန်ညစင်တင်တေးဂီတအစီအစဉ်များကိုကျင်းပ ပြုလုပ်ခဲ့ ကြ ကြောင်း သိရသည်။.

~~ဆက်ဖတ်ရန်~~~

ဟတ်ယိုင်မြို့ထုံးလုံလက်အိပ်စက်ရုံမြန်မာအလုပ်သမားများစုပေါင်းရဟန်းခံပွဲနှင့်တရားပွဲဓာတ်ပုံများ




















ထိုင်းနိုင်ငံတောင်ပိုင်းရွှေ့ပြောင်းမြန်မာများစုပေါင်းဒုလ္လဘရဟန်းခံပွဲနှင့်အထူးတရားပွဲများကို ဟတ်ယိုင်မြို့ ထုံးလုံလက်အိပ် စက်ရုံအရှေ့ အပြင်တန်းလျှားတွင်ကျင်းပပြုလုပ်ရာ၊ ၁၂ရက် ၄လ ၂၀၁၁ နေ့တွင်တွင် ရဟန်းလောင်း၂၁ပါးတို့အားဆံချမင်္ဂလာပြုလုပ်ပြီး ၊ ၁၃ရက်နေ့နံနက် ၈နာရီအချိန်တွင် သိမ်ဝင် ရဟန်းခံခြင်းမင်္ဂလာကိုပြုလုပ်ခဲ့ကြခဲ့ကြသည် ထို့ နောက်ညနေပိုင်းအထူးတရားပွဲများအဖြစ် တရားဟော ဆရာတော် အရှင်အာလောက ဓမ္မာစရိယ (B.A) နှင့် အရှင်ခေမာဝံ (Ph D ) မဟိဒေါတက္ကသိုလ်တို့မှ ဟောကြားချီးမြှင့်ကြပြီး ဟတ်ယိုင် ဆုံခလာ ဆဒါအို ပတ်ဝန်းကျင်များမှ တရားနာပရိသတ် (၆၀၀)ခန့်လာရောက်ကာတရားနာယူခဲ့ကြကြောင်းသိရသည် ၊ ယခုကဲ့သို့သင်္ကြန်ဒုလ္လဘ၀တ်ပွဲများ ကို ပြုလုပ်ခြင်းမှာ ဒုတိယအကြိမ်ရှိပြီးဖြစ်ကြောင်း   “ နှစ်တိုင်းတောမွန်မကဦးဆောင်ပြီးတော သူနိုင်သလောက် ဘာသာ သာသနာအတွက် အခုလိုဒုလ္လဘကိုရင်စီပေးတာကိုလုပ်နေကြပါ သို့သော်လည်း မနှစ်က စ ပြီး တော တစ်ခြားတစ်ခြားသောရွှေ့ပြောင်းမြန်မာအလုပ်သမားများအားလုံးစည်းစည်းလုံးလုံးနှင့်ပူပေါင်းပါဝင်
လာကြတာ ဒီနှစ်ဆိုရင်အထူးစည်ကားပြီး အောင်မြင်လာတာကိုတွေ့ရပါတယ်။ဟု  ဟတ်ယိုင် အိုင်ဘီစီ ကောလိပ်မှအမ်အေကျောင်းပြီးလာပြီးယခုမဟိဒေါတက္ကသိုလ်တွင် ဒေါက်တာဘွဲ့အတွက်ဆက်လက် ပညာသင်ကြားနေသော ဆရာတော်အရှင်ခေမာဝံသမှမိန့်ကြားသည်။ ဒုလ္လဘရဟန်းခံပွဲနှင့်တရားပွဲများမှ လက်ကျန်ငွေဘတ်ငွေ (သုံးသောင်း) မြန်မာကျပ်ငွေဆယ်သိန်းကိုရုပ်ရှင်သရုပ်ဆောင်ဦး ကျော်သူ ဦးဆောင် သော  ဗြဟ္မစိုရ်လူမှု့ကူညီရေးအသင်းသို့ပေးအပ်လှူဒါန်း လိုက်ကြောင်းလည်းသိရသည်။

~~ဆက်ဖတ်ရန်~~~

Sunday 3 April 2011

အလှူမှာ ပွဲမထည့်နဲ

သင်္ကြန်ကျတောဒီလိုအသက်ကြီးရွယ်အိုတွေတောင်မနေနိုင်ပေါင်၊သင်္ကြန်ဆိုတဲ့အသံကိုကြားကတည်းကစိတ်ထဲမှာအလိုလို

မြူးကြွလာတာမြန်မာလူမျိုးများရဲ့သဘ၀ဘဲမဟုတ်လားဒါကြောင်းဘဲဘယ်နေရာကိုရောက်ရောက်မြန်မာ လူမျိုးများရဲချစ်စရာ
ကောင်းတဲ့ဓလေအစဉ်အလာတွေကိုတွေ့နိုင်ပါတယ်၊ ၀ါသနာဆိုတာကလည်း ထိမ်းနိုင်ရန်ခက်သား၊အမေရိကန်နိုင်ငံ
အရီဇိုးနားပြည်နယ် အလိုတော်ပြည့်ဗုဒ္ဓဓမ္မ၀ိဟာရ ရံပုံငွေ ဈေးရောင်း ပွဲတော်တွင်ဒီလို့အဖွားအိုတွေတောင်ကနေတာကိုတွေ့ရတော
ပုံပြင်လေးတစ်ပုဒ် ကိုသွားသတိရမိတယ် ၊တစ်ခါကရွာတစ်ရွာတွင်ကျောင်းထိုင်ဆရာတော်သည်ဝိနည်းအလွန်လေးစား၍ အလှူလုပ်တိုင်းပွဲမထည့်ရန်

တားမြစ်လေ့ရှိကြောင်းသတင်းထွက်သည်ရွာသားများကလည်းမိမိတို့ဆရာတော်အလှူပွဲတွင် ပွဲမထည့်ခိုင်းခြင်းမှာဆရာတော်သည်ဝိနည်းကိုလေးစားလွန်း
သောကြောင်း ဟူ၍ပင်မှတ်ယူထားကြ၏၊၊ တစ်ခြားသောရွာနီးချောင်းစပ်များမှအလှူလုပ်တိုင်းပွဲနှင့်ဆိုင်းဝိုင်းနှင့် စည်းစည်းကားကားပြုလုပ်နေကြ

သည်ကိုတွေ့ရတောသူတို့ရွာသားများလည်းအားကျကြ၏သို့သော် ခက်သည်မှာ ကြောက်၊ချစ၊်ရိုသေ ရသောရွာကျောင်းဆရာတော်မှာကားပွဲထည့်ရန်လျှောက်တိုင်း
တွင်တွင်ငြင်းဆန်နေပြန်၏။ တစ်ခါသော်ကား ရွာတွင်ငွေကြေးပြည့်စုံ၍သြဇာညောင်းသောကိုသာညာဏ်အလှူပွဲလုပ်ရန်အကြောင်း ဖန်လာသည်

တစ်ရွာလုံးကလည်းကိုသာညာဏ်အလှူမှာပွဲထည့်ရန်အားခဲထားကြ၏နောက်ဆုံးဆရာတော်ရဲ အရေးပါတဲ့ တကာလည်းဖြစ်တစ်ရွာလုံးကလည်းဝိုင်းဝန်းလျှောက်
ထားကြတောဆရာတော်မှာ မနေသာဘဲ လက်လျှော့ကာကိုသာညာဏ်အလှူပွဲထည့်ရန်ခွင့်ပြုလိုက်ရလေသည်၊တစ်ရွာလုံးကလည်းဝမ်းမြောက်ဝမ်းသာ ကိုသာညာဏ်
အလှူပွဲကလည်းစည်မှစည် လှူဖွယ်ဝတ္ထုတွေကလည်း စုံလို့ပင့်သံဃာ အရှင်သူမြတ်များကလည်းစုံစုံလင်လင်ရောက်ရှိလို့နေပြီး  ညနေခင်းဆိုင်းဝိုင်းမှ

စ၍အသံပေးသည်နှင့်တစ်ပြိုင်နက်ဆရာတော်မှာ သင်္ကန်စွန်ကိုမကာကွေးနေအောင်ကလေတောသည် ဒီတောမှအနီးအနားမှတကာ၊မများမှ ၀ိုင်းဝန်း တောင်ပန်ကြလေသည်   " 

ဟာဆရာတော်ဘုရားမသင့်တော် ပါ ဘူး ဘုရား ၊ စိတ်ထိန်းပါဘုရား " ဆိုတောမှ ဘုန်းကြီးပြန်ပြောလိုက်သည်မှာ  " အစကတည်းက ကျုပ်ပြောသား ခင်များတို့ကို ပွဲမထည့်ပါနဲ

ပွဲမထည့်ပါနဲဆိုနေကဲအခုတော ကောင်းကြသေးရဲ့လား "  တဲ့ ၊ ၀ါသနာ ပါရာဖျာကာတားလည်းမရ ဆိုသလိုမျိုးပေါ့ စာရေးသူတို့ရွာမှာနေတုန်းကရွာကျောင်းဆရာတော်ကလည်း ၊

ရွာမှလှေပြိုင်ပွဲဝင်ပြိုင်တဲ့ လှေ ပထမဆုကိုရလာပြီးဆိုရင် တိုက်ခန်းထဲကိုဝင်ကာတံခါးပိတ်ပြီး  တစ်ပါးထည်း ဂျွန်းထိုးသတဲ့   ကြားဖူးတာပါ ။ ဒါကြောင်းကြာနီးကန်ဆရာတော်က
ဘုန်းကြီးတွေပျံတော်မူတောမီးရှိုးတဲ့အခါ ပေါက်ကွဲတာဟာအောင့်ထားတဲအလုံးတွေလို့ပြောတာကို ၊

.

~~ဆက်ဖတ်ရန်~~~

ဓမ္မကထိကဒေါက်တာအရှင်ခေမာဝံသ သင်္ကြန်အထူးတရားပွဲများ

.


ဆုံခလာမြို့
ဧပြီ(၁၂)ရက်နေ့ညဆုံခလာပင်လယ်ကမ်းခြေငါးသေတ္တာစက်ရုံတွင်တရားချီမြှင့်မည်ဖြစ်ပြီး (၁၃)ရက်နေ့ည ၄င်းစက်ရုံတွင် ကာရာအိုကေသီဆိုပွဲကိုကျင်းပမည်။ 
သင်္ကြန်အထူးတရားပွဲများအဖြစ်
ထိုင်းနိုင်ငံတောင်ပိုင်းဟတ်ယိုင်မြို့ရွေ့ပြောင်း မြန်မာအလုပ်သမားများစုပေါင်း၍ ဒုတိယအကြိမ် သင်္ကြန် ဒုလ္လဘရဟန်းဝတ်ပွဲနှင့်အထူးတရားပွဲများကိုသင်္ကြန်ရက်များအတွင်းစည်းကားသိုက်မြိုက်စွာကျင်းပပြုလုပ်မည် ဖြစ်ပါ၍ဓမ္မမိတ်ဆွေများအား အသိပေးအပ်ပါသည။
ဧပြီး (၁၃) ရက်နေ့ ည (၇)နာရီအချိန်ချင်းမိုင်မြို့မဟာချူလာတက္ကသိုလ်မှ ဓမ္မကထိကဆရာတော် အရှင်အာလောကဓမ္မာစရိယ (B.A )မှဟောကြားချီးမြှင့်မည်ဖြစ်ပြီး၊
ဧပြ(ီ ၁၄ )ရက်နေ့ည ဘန်ကောက်မြို့ မဟိဒေါတက္ကသိုလ်မှ ဓမ္မကထိက ဒေါက်တာအရှင်ခေမာဝံသမှ တရားတော်များကိုဟောကြားချီးမြှင့်မည်ဖြစ်ပါသည်၊
ဟတ်ယိုင်မြို့
 (၁၄)ရက်နေ့နံနက်တရားပွဲကိုဟတ်ယိုင်မြို့ရာဘာစက်ရုံတွင်ရခိုင်လူငယ်များအားဟောကြားချီမြှင့်မည်ဖြစ်ပြီး၊ 
အလားတူ ၁၅ရက်နေ့ ဟတ်ယိုင်သစ်စက်တွင် ရခိုင်လူငယ်များအားတရားချီမြှင့်မည်ဖြစ်ပါသည် ။ 
ဆုံခလာမြို့ 

 ၊ ၁၆ ရက်နေ့ ချနငါးသေတ္တာစက်ရုံးတွင်တရားဟောကြားချီမြှင့်မည်ဖြစ်ပါသည်၊ ဧပြီ (၁၈)ရက်နေ့ ဘန်ကောက် သို့ပြန်ရောက်မည်။ 

~~ဆက်ဖတ်ရန်~~~

Saturday 2 April 2011

အမေရိကန်နိုင်ငံအရီဇိုးနားပြည်နယ် အလိုတော်ပြည့်ကျောင်း သိမ်သမုတ်ပွဲနှင့် ထီးတော်တင်ပွဲ

.ဆန်ဖရန်ဆစ္စကို၊ဗေးဧရိယာသဒ္ဓါရွှင်ဥပသကာတစ်စု ဦးဆောင်ပြီး ၊Burmese classic ၀ိုင်းတော်သားများပံပို့မှု့ဖြင့်ရန်ပုံငွေနိဗ္ဗာန်ဈေးရောင်းပွဲတော်ကြီးကို ကျင်းပလျှက်ရှိကြောင်းသိရပါသည်၊ 
ပရိသတ်များ ကုသိုလ်ယူနိုင်ရန်အောက်ပါဝတ်ဆိုက်တွင် သွားရောက်ကြည့်ရှု့ နိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။http://www.burmeseclassic.com/

~~ဆက်ဖတ်ရန်~~~

ထိုင်းတောင်ပိုင်းရေကြီး

. Type the rest of your post here.



ထိုင်းနိုင်ငံတောင်ပိုင်ရှိ ရေဘေးဒုက္ခသယ်များကို ထိုင်းစစ်တပ်မှ ရဟတ်ယဉ်များကိုအသုံးပြုလျှက်ကယ်ဆယ်ရေး လုပ်ငန်း များကိုလုပ်ဆောင်နေသည်ကိုတွေ့ရစဉ် ။
ထိုင်းနိုင်ငံတောင်ပိုင်း ရေကြီးမှုကြောင့် ယင်းဒေသမှ မြန်မာအလုပ်သမားများ ထောင်နှင့်ချီ၍ ဒုက္ခရောက်နေကြပြီး အကူအညီမဲ့နေကြောင်း သိရသည်။
တချို့နေရာတွေ ခါးလောက်ရောက်တယ်။ တချို့နေရာတွေဆို လည်ပင်းလောက် ရောက်တယ်။ ဘုန်းကြီးကျောင်းမှာ ထိုင်းတွေရော မြန်မာတွေရော အားလုံး ရောနေကြတယ်လေ။ အားလုံးပေါင်းရင်တော့ ၃၀၀ ကျော်မှာပေါ့” ဟု ဆိုသည်။

ရေဘေးဒဏ်သင့်ရာ ဒေသများမှ မြန်မာများမှာ အဆင်ပြေသလို နီးစပ်ရာ မိတ်ဆွေများရှိသည့်နေရာများသို့ သွားရောက် ခိုလှုံနေကြကြောင်း၊ လျှပ်စစ်မီးများ ပြတ်တောက်နေသည်မှာ ၂ ရက်ခန့်ရှိပြီဖြစ်ကြောင်း၊ တချို့နေရာများတွင် အစားအစာနှင့် သောက်ရေ ခက်ခဲလျက်ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။

ထိုင်းလူမျိုးများကိုယ်တိုင်မှာလည်း အတိဒုက္ခရောက်နေသဖြင့် မြန်မာများအချင်းချင်း ၀ိုင်းဝန်းကူညီကြရန် လိုအပ်ကြောင်း Thai Action Committee for Democracy in Burma (TACDB) မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက တိုက်တွန်းပြောဆိုသည်။

“ကျနော်တို့ ဘက်ကရော NGO တွေကို ချိတ်ဆက်ပြီး ကူညီနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေပါတယ်။ ထိုင်းတွေဘက်က ကြည့်ရင်လည်း သူတို့ကိုယ်တိုင် ဒုက္ခရောက်နေပြီ။ လုပ်ငန်းရှင်တွေမှာလည်း လုပ်ငန်းတွေ ပျက်စီးထိခိုက်နေကြပြီ။ အဖွဲ့အစည်းတွေအနေနဲ့ရော တဦးချင်းအနေနဲ့ရော ကိုယ်တတ်နိုင်သရွေ့ ကူညီသင့်ပါတယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံအတွင်းတွင် အလုပ် လုပ်ကိုင်နေသော မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းခွဲမှ ၄ သန်းအထိ ရှိနိုင်ကြောင်း အလုပ်သမား အရေးဆောင်ရွက်သူများက ခန့်မှန်းထားသည်။

~~ဆက်ဖတ်ရန်~~~

About This Blog

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP