အေဒီ၁၁ရာစုသည်မြန်မာနိုင်ငံ၏ပါဠိစာပေ စတင်သောခေတ်အဖြစ် သမိုင်းသုတေသီများ လက်ခံအတည်းပြု ထားကြည်၊ထိုထက်စောသောအထောက်အထားများကိုကားမတွေ့ရသေးချေ ၊မြန်မာ တို့သည် အိမ်နီးချင် တလိုင်းခေါ်မွန်များဆီမှပါဠိစာပေနှင့် ဗုဒ္ဓဘာသာကိုလက်ခံရရှိခဲသည် ။ပါမောက္ခပီတာစကီလင်းက မူ ပျူဒေသ သရေခေတ္တရာမြို့ဟောင်းနှင့် မွန်ဒေသဒွါရာဝတီ တို့တွင်တွေ့ရှိသော ကျောက်စာအထောက်အထားအရ အေဒီ
၆ရာစု ၇ ရာစုကတည်းက မြန်မာပြည်သို့ ဗုဒ္ဓဘာသာရောက်ရှိပြီးဖြစ်ကြောင်း သက်သေထူသည် ထိုတွေ့ရှိသောကျောက်စာ များသည်လည်း အိန္ဒိယအရှေ့ပိုင် ပလ၀ အက္ခရာများ ဖြစ်သောကြောင်းအေဒီငါး ၊ခြောက်ရာစု ဟုသတ်မှတ်ကြသည် ၊ ထို့အပြင်ပီတာစကီလင်း အဆိုအရ အရှေ့တောင်အာရှသို့ ပထမဆုံး ရောက်ရှိ လာသော ဗုဒ္ဓဘာသာမှာ ထေရ၀ါဒသာဖြစ်သည်ဟုမှတ်ချက်ပြုသည် အဘယ်ကြောင်းဆိုသော်. သရေခေတ္တရာနှင့်ဒွါရာဝတီ ကျောက်စာတို့တွင်ရေးထိုးထားသောစာပေမှာပါဠိအက္ခရာဖြစ်သောကြောင်းတည်း ဒုတိယရာစုနှစ်တစ်ဝက်တွင်ဂိုဏ်းကွဲလေးခုပြန့်နှံလာကြောင်း ထိုဂိုဏ်းတို့တွင်။
၁ ။မူလသာဝတ္ထီဝါဒ
၂။ သာမိတ္တိယဂိုဏ်း
၃။ မဟာသံဃိက
၎။သတ္ထ၀ီရ တို့ဖြစ်သည် ၊ထို့ကြောင်းပါမောက္ခပီတာစကီးလင်း ဆုံးဖြတ်ချက်ချသည်မှာ အထက်ပါဂိုဏ်းတို့တွင် ထေရ၀ါဒမှလွဲတစ်ခြားဂိုဏ်းများပါဠိဘာသာကိုမသုံးကြောင်းဆုံးဖြတ်ချက်ချ ထားသည်။(မှတ်ချက် သတ္ထ၀ီရ ဂိုဏ်းမှာထေရ၀ါဒ၏အနွယ်ဖြစ်သည်) သို့သော်လည်း Mabel Haynes Bode ၏ the pali literature in Burma စာအုပ်တွင် ဖော်ပြထားပုံမှာ ။
It was certainly no in the upper valley of the Irrawaddy that the Pali Literature of Burma had its origin.
မြန်မာနိုင်ငံပါဠိစာပေ၏မူလအရင်အမြစ်သည် ဧရာဝတီမြစ်ဝန်းအထက်ပိုင်းမဟုတ်သည်မှာသေချာသည် ။
The tradition that no less than three out of the nine mission sent out by Asoka went to Upper Burma in the third century B.C . Look like a piece of the national pride that is so inventive in these matters, and can only be quoted as an ‘uncorroborated legend.။
အသောကမင်းစေလွှတ်လိုက်သော သာသနာပြုအဖွဲ့ကိုးခုအနက် သုံးဖွဲ့ထက်မနည်း သည်ဘီစီသုံးရာစုတွင်
အထက်မြန်မာနိုင်ငံသို့သွားခဲ့သည်ဆိုသော အစဉ်အလာအဆိုသည် ၊အမျိုးသားရေဂုဏ်သိက္ခာအတွက်
် တီထွင်ထားသော အစိတ်အပိုင်း ဖြစ်ပုံရပြီး မခိုင်လုံသောဒဏ္ဍာရီသမိုင်းပုံပြင်အနေဖြင့်သာကိုးကားနိုင်
မည်ဖြစ်သည်ဟုဖော်ပြထားသည်။ သို့သော်ပညာရှင်အများစုသဘောတွေ့သည်မှာ ရှေ့ဦးစွာ မွန်ဒေသသို့ ဗုဒ္ဓသာသနာစတင်ရောက်ရှိလာပုံမှာ ။ သီရိဓမ္မာသောကမင်း၏ကိုးတိုင်းကိုယ်ဌာနသို့ စေလွှတ်သောသာသနာပြု အဖွဲ့များထဲမှ အရှင်သောဏနှင့် ဥတ္တရမထေရ်တို့သည်သုဝဏဘူမိခေါ်သောမွန်ဒေသို့ရောက်ရှိလာကြည်၊ ထိုမထေရ်များပထမဆုံး ဆောင်ရွတ်သောဘာသာရေးဆောင်ရွတ်မှု့မှာ ပရိတ်တော်ဖြင့် ဘီးလူးအန္တရာက်ကို တားမြစ်ခြင်းပင်ဖြစ်ပါသည် ။ထိုမထေရ်များမှဆက်သက်၍ရာမညဒေသတွင်ဗုဒ္ဓဘာသာစတင်လာကြောင်းသိရသည် ။ထိုမှတစ်ဆင် စာပေများဖြစ်ထွန်းတိုးတက်လာကြောင်းယဉ်ကျေးမှု့များထွန်းကားလာကြောင်းသိရသည်။ပုဂံဘုရင် အနော်ရထာသည် မွန်ဒေသမှရောက်ရှိလာသောအရှင်အရဟံကိုအကြောင်းပြု၍ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်
သောဘုရင်တစ်ပါးဖြစ်လာပြီး မိမိနိုင်ငံတော်တွင်လည်း ဗုဒ္ဓ၏တရားတော်များကို တစ်နိုင်ငံလုံးထိပြန့်ပွါးစေ လိုသော ဆန္ဒရှိခဲ့သည်ထို့ကြောင်းပင် ၊မွန်ဒေသမှပိဋကတ်တော်များ ကိုပင့်ဆောင်ရန်တောင်ဆိုသောအခါ မွန်ဘုရင် မနုဟာ ၏ မခြေမငံဆက်ဆံမှု့ကြောင်း နှစ်နိုင်ငံအင်အားသုံးကာ စစ်တိုက်၍ယူခဲ့ရသည့်အထိဖြစ်ခဲ့သည် ၊ အမှန်အားဖြင့် ထိုအချိန်တွင် ပုဂံဒေသ၌ မိစ္ဆာအယူဝါဒများလွှမ်းမိုးနေချိန်ဖြစ်သောကြောင်း မနုဟာမင်းမှ မိစ္ဆာဒိဠိနှင့် ပိဋကတ်တော် တန်သလားဟုပြောဆိုဆက်ဆံမှု့ကြောင်း စစ်တိုက်ကာယူရသည့်အထိဖြစ်ပွါးခဲ့ ရဟုဆိုသည် ၊ သို့သော်ဤနေရာ၌ ဒေါက်တာမာဘယ် မှတ်ချက်ပြုထားသည်မှာ အနော်ရထာမင်းနိုင်င့တော်တွင်ဗုဒ္ဓဘာသာမစင်ကြည်သေးသောကြောင်း စင်ကြည်အောင်လုပ်ရန်လိုသေးကြောင်းဖော်ပြခြင်းဖြစ်ဟန်ရှိသည်ဟုဆိုထားသည်၊ မည်သို့ဆိုစေ မွန်တို့သည်လည်း ဗုဒ္ဓဘာသာတမန်တော်မဖြစ်လိုဘဲဖြစ်ခဲ့ရသည် ထိုအချိန်မှစ၍ မွန်ပညာရှိ များနှင့်အဖို့တန်းသောအရာများ အားလုံး ယဉ်ကျေးမှု့အမွေအနှစ်များ အားလုံး ပုဂံကိုအတင်အကျပ်ယူဆေင်ခြင်းခံရတောသည်။ ထိုမွန်ဆရာများမှတစ်ဆင့်ပုဂံ တွင်ဗုဒ္ဓဘာသာစတင်ထွန်းကားလာသည်ယဉ်ကျေးမှု့စာပေများလည်းထွန်းကားလာခဲ့သည်ထို့ကြောင်းမြန်မာများအနေ
ဖြင့် မွန်တို့ကိုကျေးဇူးတင်ရမည်မှာသေချာသည် ။ မိမိတို့ထက်ရှေ့ကျသော အထူးသဖြင့်ဗုဒ္ဓဘာသာနှင့်ယဉ်ကျေးမှု့ စာပေ များကိုတစ်ဆင့် ရရှိလိုက်သောကြောင်းမွန်လူမျိုးတို့သည်မြန်မာများ၏ ရှေ့ပြဦးဆောင်ပုဂ္ဂိုလ်များ အဖြစ် သတ်မှတ်သင့်ပေသည် ယနေ့ကမ္ဘာတွင်ပါဠိစာပေနှင့် ဗုဒ္ဓဘာသာကြောင်း ဂုဏ်ရောင်းတောက်နေသောမြန်မာများသည် မွန်တို့၏ကျေးဇူးကြောင်းဟုဆိုကမမှားနိုင်ချေ။ ဤနေရာအနော်ရထာသည် မိမိရရှိလာသောပိဋကတ်တော်များနှင့် မကျေနပ်သေးဘဲ သီဟိုဌ်သို့စေလွှတ်တော်မူသည် သီဟိုဌ်မှရရှိလာသောပိဋကတ်တော်များနှင့်တိုက်ဆိုင်ကြည့်သည် ထို့သို သထုံးနှင့်သီဟိုဠ် မူတို့ကိုအခြေခံခြင်းဖြင့် မကြာမှီဖြစ်ထွန်းလာမည့်ပါဠိစာပေ ပျိုပင်အတွက် အခြေခံကို ပြင်ဆင်ခဲ့သည် ၊ သူစိုက်ပျိုးခဲသောထိုအပင်၏အသီအပွင့်များကိုမြင်တွေ့သည်ထိအသက်မရှည်ခဲ့သော်လည်း ၊သူ၏သားတော်ကျန်စစ်သားမင်း၏လက်ထက်အေဒီ( ၁၀၆၄) တွင်ပါဠိကျွန်းကျင်သောမြန်မာရဟန်းတော်တစ်ပါး ပထမဆုံးကျမ်းစာကိုရေးသားခဲ့သည်။ ထိုကျမ်း၏အမည်မှာ ကာရိကာအမည်ရှိပါဠိသဒ္ဒါကျမ်းဖြစ်သည် ကျမ်းပြုပုဂ္ဂိုလ်မှာ ကျန်စစ်သားလှူဒါန်းသောကျောင်းတွင်သီးတင်သုံးနေသောအရှင်ဓမ္မသေနာပတိဖြစ်သည် ၊ ဤကျမ်းစာငယ်သည် ရိုးရှင်းပြီးရာစု နှစ် (၈) ခုတိုင်တိုင်ရှည်ကြာခဲ့သည် ။ ဤအရှင်သည် ဧတိမာသ္မိဒီပနီ( ဧတိမာသ္မိဒီပိကာ ) နှင့် မနောဟရအမည်ရှိအခြားကျမ်းတစ်စောင်ကိုပါရေးသားခဲသည်။ အနော်ရထာကိုဆက်ခံသူများလက်ထက်တွင်ပုဂံတွင်ပညာသင်ကြားခြင်းအခိုင်အမာအမြစ်တွယ်ခဲ့ပြီးဖြစ်သည် ၊အေဒိ (၁၁၅၄) တွင် ရဟန်းတော်အရှင်အဂ္ဂ၀ံသည် တည်ရှိပြီးသဒ္ဒါကျမ်းများအနက်အရှင်လင်းဆုံးဟု ဖော်ပြခံရသောသဒ္ဒနီတိ ကျမ်းကိုရေးသားခဲ့သည် ။ ဤကျမ်းသည်မြန်မာရဟန်းတော်များ၏ပါဠိတတ်ကျွန်းမှု့ ဂုဏ်ရောင်းကိုထွန်းပြောင်းစေခဲ့ပြီး ကျမ်းပြုအရှင်၏အမည်သည်ယနေ့တိုင်ထင်ရှားဆဲဖြစ်သည် ။ ကျမ်းပြုအရှင်အဂ္ဂ၀ံသသည် နရပတိစည်သူမင်း ( အေဒီ ၁၁၆၇ -၁၂၀ )၏ဆရာလည်းဖြစ်သည် ဤမင်းလက်ထက်တွင်ပုဂံသည်အချမ်းသာဆုံးအကြွယ်ဝဆုံးခေတ်လည်းဖြစ်ခဲ့သည်။
သဒ္ဒနီတိကျမ်းသည်သီဟိုဠ်သို့ပေးအပ်သောမြန်မာတို့ပထမဆုံးလက်ဆောင်လည်းဖြစ်သည် ဤကျမ်းစာမူပွါးဖြင့် မကြာမီဥတ္တရဇီဝမထေရ်သည်ပင်လယ်ကိုဖြတ်လျှက် သီဟိုဠ်ကျွန်း၏နာမည်ကျော် မဟာဝီဟာရ ကျောင်းတိုက်သို့ အလည်အပတ်ရောက်ရှိသွားခဲ့သည် ။
ဆက်လက်၍ဖော်ပြပါမည် ။မေတ္တာဖြင့်အရှင်ခေမာဝံသ (မဟိဒေါတက္ကသိုလ် )
။ ။ .
-
0 comments:
Post a Comment