သတ္တ၀ါမှန်သမျှချမ်းသာရကျမ္မာကြပါစေ ဘေးရန်မခ ကြံသမျှဆန္ဒပြည့် ပါစေ

Tuesday 22 March 2011

ခွေးအလုပ်ကိုမြင်းဝင်ရှုပ်တော

လောကမှာအရာတိုင်း၌ အဓိကနှင့်သာမညဟူ၍ရှိရာ ၊ အဓိကသည် ၊လုပ်ရမည့်အလုပ် ၊ လုပ်ကိုလုပ်ရမည့်အလုပ်ဖြစ်ပြီး၊ သာမညသည်ကား လုပ်သင့်သည်အလုပ် ဖြစ်သည်၊ လုပ်ရမည့်အလုပ်ကို လုပ်ခြင်းသည် တာဝန်ကို ဆောင်ရွက် သည် လည်းမည်၏ ၊ တာဝန်ကျေးပွန်ခြင်းသည်၊လောက၊ဓမ္မ အကျိုးနှစ်ဝကိုပြီးမြောက်နိုင်သည်။ လုပ်ရမည့် အလုပ်ကိုမလုပ်ဘဲ ၊ သူများအလုပ်ကိုဝင်စွက်မိသော ဤပုံပြင်၌ မြင်း၏စေတနာအမှားသည်ကား နောင်တရစရာ၊ သံဝေဂယူစရာ အဖြစ်ဖော်ပြလိုက်ပါသည် ။ . တစ်ခါတုန်းက ရွာတစ်ရွာ၌ သူဌေးအိမ်တစ်အိမ်
တွင် ခွေးတစ်ကောင် နှင့် မြင်းတစ်ကောင်ကိုမွေးထားလေသည် ၊ခွေးသည်ကားအိမ်တွင်လုံခြုံရေးတာဝန်ယူရ၏ ၊ အိမ်ရှင်မရှိသည့်အချိန်တွင်ပို၍ ဂရုတစ်စိုက်စောင့်ရှောက်ရသည် ၊အိမ်ရှင်အပေါ်တွင်သစ္စာရှိသောခွေးသည် ၊ အိမ်ရှင်သူဌေးပြန်လာလျှင်အမြီးနှပ်ကာ ကြိုဆိုလေ့ရှိ၏၊ တစ်ခါတစ်ရံ၊အိမ်ရှင်သူဌေးသည် ခွေးအတွက်၊ စားစရာ များကိုယူဆောင်လာလေ့ရှိသောအခါမျိုးတွင် မြူတူးသောအသံများကိုပြုလျှက် ၊ အိမ်ရှင်ကိုတိုးဝှေ့ကာ ပျော်မြူး နေလေသည်၊ မြင်းသည်ကားသူဌေးသွားလိုရာကို လိုက်ပါပို့ဆောင်ပေးရသော တာဝန်ဖြစ်သည်။ တစ်နေ့ တွင် အိမ်ရှင်သူဌေး ခရီဝေးမှပြန်လာစဉ် ၊ ခရီးပန်းသောကြောင်းမောမောနှင့်အိမ်ပျော်သွားလေသည်၊ ထိုည သူဌေးအိမ်သို့ သူခိုးတစ်ယောက်ချည်ကပ်လာလေသည်၊ တိုက်တိုက်ဆိုင်ဆိုင် လည်ကောင်းနေ့တွင်ခွေးသည်၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေတောသည်။
သို့သော်လည်းမြင်းသည် ကားသူခိုးဝင်လာသည်ကိုသိ၏ ထို့ကြောင်း၊ သူ၏မိတ်ဆွေ ခွေးအိပ်ပျော်နေသောကြောင်း မဟောင် သည့်ကို ၊ မြင်းမှ အစားဝင်၍ အသိပေးလေသည်၊ မြင်းသည် ခြေထောက်ဖြင့်ကြမ်းပြင်ကို ခေါက်လေသည်၊ ဒေါက်--- ဒေါက်----- ဒေါက်-------- ၊
သို့သော် ခွေးသည် အိပ်မြဲတိုင်အိမ်နေ၍ အိမ်ရှင်သူဌေး နိုးလာသည် ခရီးပန်းလာသော သူဌေးသည် ၊ မြင်းကိုအပြစ်တင်လေသည်။ “ ဟာဒီမြင်း ၊ ကောင်းကောင်းမအိမ်ရဘူး -----၊ အတော်အတန်ကြာသောအခါ ၊
တစ်ခါ မြင်းကထပ်မံ အသံပြုပြန်သည်၊ သို့သော်လည်း ခွေး မနိုးဘဲ သူဌေးကသာနိုးလာသည် ၊ သည်တစ်ခါ သူဌေးသည် နည်းနည်း စိတ်တိုးလာသည် ၊ ခရီးပန်းသောသူဌေး အိပ်ရေးကိုအနှောက်အယှက်ပေး သလိုဖြစ်နေသောမြင်း၏ အပြုအမူကြောင်း အသံကိုခပ်မာမာဖြင့်ပြောလိုက်သည်၊ ---ဟေးမြင်း----- ငြိမ်ငြိမ်နေပါ ကွာ ၊ ကောင်းကောင်းမအိပ်ရဘူး--
သူခိုးသည် ရသမျှပစ္စည်းများကို စိတ်ကြိုက်ယူနေပြန်သည်၊ မြင်းမနေသာတော တစ်ခါထပ်မံအသံပြုကာသတိပေးပြန်သည် ၊
သည်တစ်ချိန်တွင် သူဌေးအကြီးအကျယ်ဒေါသထွက်လာသည်၊ အနီးအနားတံခါးဝတွင်ထောင်ထားသော ၀ါးရင်တုတ် ကို ယူကာ အိမ်အောက်ကိုဆင်းလာသည်၊ ပြီးနောက် မြင်းကို သုံးချက်ရိုက်လေတောသည် ။
ဖြန်း--- ဖြန်း---- ဖြန်း ----၊ ကဲကွာ ဒီလောက်တောင် ၊သူများအိပ်တာကို အနှောက်အယှက်ပေးတဲ့ကောင်၊
မြင်းသည်ဘာမှမတတ်နိုင်ချေ၊ သူဌေးကိုစိတ်နာမည်ဆိုကနာလောက်ပါ၏ ၊ သို့သော်လည်း၊ သူဌေးအမှား ဟူ၍ပြောနိုင်မည်လော၊ သူခိုးဝင်လျှင် ဟောင် ရမည့်တာဝန်မှာ ခွေးအလုပ် ခွေး၏တာဝန်သာ၊ သို့သော် ခွေးအိပ်ပျော်နေသောကြောင်း၊ မြင်းမှ စေတနာဖြင့်ခွေးအလုပ်ကိုဝင်လုပ်မိခြင်းသာဖြစ်သည်။ သို့သော်လည်းသူ၏စေတနာသည်ကား မိမိကိုယ်ကိုပင်နာကျင်စေသည်။ မနက်မိုးလင်းသောအခါ သူဌေးအိမ်အောက်ထပ်ကိုဆင်းကြည့်တောမှ အိမ်ကိုသူခိုးဝင်ခိုးသွားပြီဆိုသည်ကိုသိလိုက်ရလေပြီး၊ မြင်းကိုအပြစ်ပေးမိသောသူဌေး စိတ်မကောင်းဖြစ်မိရုံမှလွဲ၍ ဘာများတတ်နိုင်အုံးမှာလဲ ၊ အခုတော ခွေးရဲ့တာဝန်မကျေမှု့ကြောင်း ၊ အားလုံးဆုံးရှုံမှုတို့ဖြင့်သာရင်ဆိုင်ကြရသည် တစ်နည်းအားဖြင့် လုပ်ရမည်ကို မလုပ်မိသောကြောင်း အားလုံး ဆုံးရှုံးမှု့နှင့်ရင်ဆိုင်ကြရသည် ။
အားလုံးဒီပုံပြင်လေးကိုနမူနာယူကြပြီးတော မိမိလုပ်ရမည့်အလုပ်များကိုလုပ်နိုင်ကြပါစေ ။
.

0 comments:

About This Blog

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP