သတ္တ၀ါမှန်သမျှချမ်းသာရကျမ္မာကြပါစေ ဘေးရန်မခ ကြံသမျှဆန္ဒပြည့် ပါစေ

Monday 5 April 2010

ဘယ်တော့မှ မျှော်လင့်ချက်တွေကို မဆုံးရှုံးစေသင့်ဘူး



ကျွန်တော်တို့ ဘယ်တော့မှ မျှော်လင့်ချက်တွေကို မဆုံးရှုံးစေသင့်ဘူး

ဘ၀ ဆိုတာ ပန်းခင်းလမ်းစစ်စစ် မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ သိခဲ့ကြပြီး ဖြစ်ပါတယ် ။
ဆူးတွေ အပြည့်နဲ့ အချို့က သွေးသံရဲရဲ နဲ့ ဘ၀ရဲ့ အဓိပ္ပါယ်ဆိုတာ
ဘာမှန်းမသိအောင် ခံစားနေရတဲ့ သူတွေ ရှိပါတယ် ။ ဒါပေမယ့် ကျွန်တော်
အနှစ်သက်ဆုံး စကားတစ်ခွန်းရှိပါတယ် ။

" ကျွန်တော်တို့ ဘယ်တော့မှ မျှော်လင့်ချက်တွေကို မဆုံးရှုံးစေသင့်ဘူး " တဲ့ ။

အလွန်ကို မှန်ကန်တဲ့ စကားတစ်ခွန်း ဖြစ်ပါတယ် ။ လူတွေ အသက်ရှင်နေသရွှေ့ ဘာကို
အားကိုးပြီး နေထိုင်နေကြရတာပါလဲ ။ ကျွန်တော်တို့ ကြိုးစားမှုတွေရဲ့
နောက်ဆုံးရလဒ်က ဘာလဲ ။ ချမ်းသာမှုလား ... ပျော်ရွှင်မှုလား.... သေခြင်းတရားလား
။ မြန်မာ ဗုဒ္ဓဘာသာ အယူအဆ အရဆိုရင် ကောင်းကင်က အပ်တစ်စင်းနဲ့ လူ့ပြည်က
အပ်တစ်စင်း ဆုံချင်သာဆုံမယ် ။ လူ့ ဘ၀ကို ရရှိဖို့ဆိုတာ အလွန်ကို
ခက်ခဲလှပါတယ် တစ်ချို့ ငွေပုံကြီးပေါ်ထိုင်ပြီး ရောဂါသည်ဘ၀နဲ့ နေရတယ် ။
တစ်ချို့က တိုက်တွေကားတွေနဲ့ စက်ရုပ်ဆန်ဆန် နေထိုင်ကြရတယ် ။ တစ်ချို့ ကတော့
ဆင်းရဲလွန်းလို့ ထမင်းတောင် နပ်မှန်အောင် မစားရတဲ့ဘ၀ ။ သေဖို့
ကြံစည်တဲ့အထိတောင် ဖြစ်ကြတယ်လို့ ကျွန်တော် လေ့လာဖူးပါတယ် ။ အဲဒီလို
ဘ၀တွေအတွက် မျှော်လင့်ခြင်းကို မဆုံးရှုံးစေသင့်ပါဘူး ။ ။ ဒါဆို
လူဖြစ်ပေမယ့် လူခြင်း မတူရတဲ့ ဘ၀ ။ မပြည့်စုံတဲ့ဘ၀တွေအတွက် ဘာတွေက
မျှော်လင့်ချက်ဖြစ်မယ်လို့ သင်ထင်ပါသလဲ ။.

" ရှင်သန်ခြင်း " ဆိုတဲ့ မျှော်လင့် ချက်ပဲ ဖြစ်ပါတယ် ။ ရှင်သန်ခြင်းသာ အဓိကလိုအပ်တဲ့ မျှော်လင့်
ခြင်းဖြစ်ပါတယ် ။ ကဲ ဒါဆို မျှော်လင့်ချက် မရှိဘူးလို့ ကျွန်တော်တို့
ထင်ခဲ့တဲ့ ထင်နေတဲ့ ချို့ ယွင်းချက်ရှိတဲ့ လူသားတွေရဲ့ ဘ၀တွေကို လေ့လာ
ကြည့်ရအောင် ။

လူသားနှစ်ဦး လက်တွေပါမလာဘူး ။ ဒါပေမယ့် ရေလွှာလျောစီး နေကြတယ် ။ သာမန် လူတွေတောင် လုပ်ဖို့ ခက်ခဲတဲ့ကိစ္စ သူတို့ စွမ်းဆောင်နေကြတယ် ။ ကျွန်တော်တို့ သန်သန်စွမ်းစွမ်းကြီးတွေ
ဘာတွေကို စိတ်အားငယ်နေကြတာလဲ ။

လက်မပါတဲ့အတွက် သူက ပါးစပ်နဲ့ ဆော့ပင်ကို ကိုက်ပြီး စာရေးတတ်တယ် ။ ကျွန်တော်တို့ လက်နှစ်ဖက် နဲ့ စာရေးနိုင်ကြတယ် ။ ကွန်ပြူတာရိုက်နိုင်တယ် ။ ဘာကို ပျင်းနေကြတာလဲ ။


သူက ပခုံးနဲ့ ခေါင်းနဲ့ ညှပ်ပြီး ဂေါက်ရိုက်တတ်တယ် ။ ကျွန်တော်တို့ လက်နှစ်ဖက်လုံးပါကြတယ် ။ ဂေါက်လည်းရိုက်နိုင်တယ် ။ ဘာကို စိတ်ပျက်နေကြတာလဲ ။

သူရေကူးတတ်တယ် ။ မနစ်မြှုပ်အောင် စွမ်းစွမ်းတမံ ကြိုးစားခဲ့တယ် ။ ကျွန်တော်တို့ရော... အဲဒီလို ကြိုးစားဖူးကြရဲ့လား ။

သူ့မျက်နှာမှာ မျှော်လင့်ခြင်းတွေ အပြည့်နဲ့ လူတွေကို ရဲရဲ စိုက်ကြည့်လေ့ရှိတယ်။ ကျွန်တော်တို့ ဘာအတွက် ခေါင်းငုံ့နေကြမှာလဲ ။


တစ်ဖက်က ကလေးလေးက ပျင်းရိစွာ စာရေးနေချိန်မှာ လက်မပါတဲ့ ကလေးငယ်လေးက စာကို ခြေချောင်းလေးနဲ့ ညှပ်ပြီး ဂရုတစိုက်ရေးနေတယ်။ ကျွန်တော်တို့ ငယ်ငယ်က အဲဒီလို ကြိုးစားခဲ့ကြရဲ့လား ။


သူ့ရဲ့ မျက်နှာမှာ ပျော်ရွှင်မှုတွေအပြည့်နဲ့ ရှင်သန်ခြင်းဆိုတဲ့ မျှော်လင့်ချက်တွေ အပြည့်နဲ့ ။



ဒီကလေးငယ်လေးရဲ့ ရှေုဆက်ရမယ့် ဘ၀ကိုလည်း သင်တွေးမိရဲ့လား ။

ဒါဆို သူတို့ သူတို့တွေ..မျှော်ချက်တွေကို အဆုံးရှုံးမခံကြဘူး ။ ကျွန်တော်တို့ကရော
ဘာအတွက်ကြောင့်များ အဆုံးရှုံးခံကြရမှာလဲ ။

စာရေးသူ......သက်တန့်ချို (၂၄.၃.၁၀)




0 comments:

About This Blog

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP