သတ္တ၀ါမှန်သမျှချမ်းသာရကျမ္မာကြပါစေ ဘေးရန်မခ ကြံသမျှဆန္ဒပြည့် ပါစေ

Thursday 31 March 2011

ဓမ္မကိုအဓိပ္ပါယ်ဖွင့်ဆိုခြင်း

ဓမ္မလို့ပြောရင်လူတိုင်းသိထားကြသည်မှာ မြတ်စွာဘုရားရှင်ဟောကြားထားခဲ့သောတရားတော်များ  ဟူ၍ဖြစ်သည် သို့သော်ယင်းမှာ အောက်ပါအဓိပ္ပါယ်ဖွင့်ဆိုချက်များအနက် တစ်မျိုးသာဖြစ်သည်၊  ဓမ္မဟူသောစကားမှာ ပါဌိစကားဖြစ်ပြီး အဓိပ္ပါယ်လည်း ကျယ်ဝန်းလှပါသည် ၊ တရားအားလုံးကို ဓမ္မဟူ၍ပင်ခေါ်ဆိုနေကြသောယနေ့အခါမှာ ၊ ခရစ်ယန်တရားဟောဆရာများကို

ခရစ်ယန်ဓမ္မဆရာ ဟုသုံးနှုံပြီး ခရစ်တော်၏ဟောကြားချက်များကိုလည်း ခရစ်ယန်ဓမ္မဟု သုံးနေကြသည် ၊အမှန်စင်စစ်ဓမ္မသဒ္ဒါသည် ဓရ ဓာတ်ရမ္မပစ္စည်း ဖြစ်ပြီး ၊ အဓိပ္ပါယ် (၁၆ )မျိုးအထိဟောသည် ကိုတိပိဋကအဘိဓာန်တွင်ဖော်ပြထားပါသည်။ 
ဓရဓာတ်၏သဘောမှာဆောင်ခြင်းအဓိပ္ပါယ်ကိုဟောပါသည်၊မည်သို့ဆောင်သနည်းဟူမူကားတရားကိုစောင့် ရှောက်သောပုဂ္ဂိုလ်ကိုအပါယ်အစရှိသောမကောင်းသောဘေးအပေါင်းမှဆောင်ကြဉ်ပေးခြင်းသဘောရှိပါသည်။
 “ ဓမ္မောဟဝေရက္ခတိဓမ္မစာရီ “
·          (၁)  သဘော၊ (က) ပရမတ္ထအားဖြင့် ထင်ရှားရှိသော သဘော။
·          (ခ) မဖောက်မပြန်-မှန်ကန်-သော သဘော။
·          (၂) ပရိယတ်။
·          (၃) ပညာ။
·          (၄) (က) အသင့်၊ ယုတ္တိ၊ သင့်လျော်သောအကြောင်း။
·          (ခ) မဂ်, ဖိုလ်, နိဗ္ဗာန်။
·          (၅) သစ္စာ ၄-ပါး။
·          (၆) ပကတိ၊ မူလ-ပင်ကိုယ်-သဘော။
·          (၇) ဘုန်း၊ ကုသိုလ်၊ ကောင်းမှု။
·          (၈) (က) သိအပ်သော-သိစရာရှိသမျှ-တရား။
·          (ခ) သင်္ခါရ, ဝိကာရ, လက္ခဏ, နိဗ္ဗာန်, ပညတ်ဟူသော ဉေယျဓံတရား ၅-ပါး။
·          (၉) ဂုဏ်၊ ဂုဏ်တော်၊ ကျေးဇူးတော်။
·          (၁ဝ) အစဉ်အလာအကျင့်။
·          (၁၁) တည်ကြည်ခြင်း၊ သမာဓိ။
·          (၁၂) ကုသိုလ်ကမ္မပထတရား ၁ဝ-ပါး။
·          (၁၃) အာပတ်။
·          (၁၄) အကြောင်း၊ ကာရဏ။
·          (၁၅) သိက္ခာပုဒ်။
·          (၁၆) တရားတော်၊ ဒေသနာ။


 Buddhist  Hermeneutics  ဟုခေါ်သော  Donald S.Lopez, Jr ၏ စာအုပ်တွင် ၊  ပိတကတ်တော်များ၏စကားတော်များကိုမြတ်စွာဘုရားရှင်၏ စကားတော်များအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုချက် ယူဆချက်များမှာ  ဗုဒ္ဓကိုယ်တိုင် ခွင့်ပြုချက်မရှိစေကာမူ  ၊ အနီးစပ်ဆုံးအားဖြင့် မူလပိုင်ရှင်က သူဘာကိုပြောချင်နေသနည်း ဆိုသည်ကို သူ၏အာဘော်အတိုင်း ဖော်ပြခြင်းကို Hermeneutics  ဟုခေါ်သည် ၊ ဤနေရာ၌ သာသနာ့သမိုင်းမှာ အရေးကြီးသောသီရိဓမ္မသောကမင်းကြီး၏ ကျောက်စာတွင် ဓမ္မကိုအဓိပ္ပါယ်ကောက်ယူမှု့မှာ စိတ်ဝင်စားစရာကောင်းသည်။
ဘာသာအယူဝါဒ မြောက်မြားစွာတည်ရှိနေသည့် အင်ပါယာကြီးကိုအုပ်ချုပ်ပြီး နှလုံးစိတ်ဝမ်းကြီးမြတ်သူ ဘုရင်အာသောကသည် ၊သူ၏နိုင်ငံတွင် ဘာသာတရားမျိုးစုံ ကိုးကွယ်ကြည့် မိမိ၏ နိုင်ငံသူ နိုင်ငံသားများအားလုံးလိုက်နာကျင့်သုံးရမည်ကိုယ်ကျင့်တရားတစ်ခုနှင့်ပါတ်သတ်၍ စိတ်မချမ်းမြေ့ ဖြစ်ခဲ့ရသည်၊ သို့ဖြစ်၍မင်းကြီးသည် သူ၏ကျောက်စာများတွင်မကြာခဏ သုံးနှုံန်းခဲ့သည့်ဓမ္မ ဟူသောစကားလုံးကို ။
လူကြီး မိဘ ဆရာသမားတို့အားလေးစားခြင်း၊ ရသေ့ ရဟန်း သမဏဗြဟ္မဏ ဆွေမျိုးမိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်း ကျေးကျွန်မှီခိုသူ ဆင်းရဲဒုက္ခရောက်နေသူများအား သင့်တင့်စွာ ကျွေးမွေး စောင့်ရှောက်ခြင်း ၊သက်ရှိများအားသတ်ဖြတ်ခြင်းမှရှောင်ကြည်ခြင်း ၊ ကြင်နာခြင်း ၊သစ္စစောင့်သိခြင်း ၊ အတွင်အပြင်စင်ကြယ်ခြင်း ၊သိမ့်မွေ့ခြင်း ၊သူတော်ကောင်းပီးသခြင်း ၊ မိမိကိုယ်ကိုထိန်းသိမ်းခြင်း ၊ ကျေးဇူးသိတတ်ခြင်း ၊ ကိုယ်ကျင့်သီလစင်ကြယ်မှု့အပေါ် ခိုင်မာသည့်စိတ်ဆန္ဒနှင့် အကျိုးမဲ့မဖြုန်းတီးဘဲ စုဆောင်းချွေတာခြင်း အထိ အဓိပ္ပါယ်များဖြင့်ကိုယ်စားပြုဖွင့်ဆိုခဲ့သည်။  
ထိုကြောင်းပင် သူ၏နိုင်ငံတော်ကိုလည်းဓမ္မနိုင်ငံတော် (ဓမ္မ၀ိဇယ)ဟူ၍ပင်တင်စားခေါ်ဝေါ်ကြလေသည်။
.

0 comments:

About This Blog

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP