သတ္တ၀ါမှန်သမျှချမ်းသာရကျမ္မာကြပါစေ ဘေးရန်မခ ကြံသမျှဆန္ဒပြည့် ပါစေ
Wednesday 21 September 2011
အမှတ်တစ်ရနေ့ရက် သို့ အိုင်ဘီစီ
ထေရ၀ါဒ နိုင်ငံတွေရဲ့ပထမဆုံးမဟာယနတက္ကသိုလ် လို့ဘဲပြောရမလား သို့တည်းမဟုတ် ထိုင်းထေရ၀ါဒ ဗုဒ္ဓဘာသာ တွေရဲ့သဘောထားကြီးမှု့လို့ဘဲပြောရမလား ၊ ဒီမဟာယန တက္ကသိုလ်ကို (2001 )ခုနှစ်မှာ မလေးရှားနိုင်ငံ တန်ရှန်းဖောင်ဒေရှင်း က Ven Wai Woo က စတင်အုပ်မြစ်ချခဲ့ပြီး (2005 )ခုနှုစ်မှာတရားဝင် ဖွင့်လှစ်ခဲ့ပါတယ် ။ စကားမစပ် ဦးရွှေအောင်ရဲ့ထေရ၀ါဒအုပ်မြစ် ဆိုတဲ့စာအုပ်လေးကိုတောင်သွားသတိရမိသေးတယ် ၊ အများအားဖြင့် မဟာယနဆိုရင် ထေရ၀ါဒအများစုက အထင်အမြင်သေးတတ်ကြတယ်. ဘုန်းကြီးတစ်ပါးလိုတောင်အရိုအသေမပေးချင်ကြဘူး ၊ချွင်းချက် (အားလုံးကိုမဆိုလိုပါဘူး) ။ မဟာယာနတက္ကသိုလ် တစ်ခုဆိုပေမဲ့ ထေရ၀ါဒ အများစုက ဒီတက္ကသိုလ်မှာရှိနေတာထူးခြားမှုထဲမှအထူးခြားဆုံးတစ်ခုပါ နောက်တစ်ခုက ဒီတက္ကသိုလ်ကိုတည်ထောင်ပေးထားတဲ့ ven Wai Woo ကိုယ်တိုင်ကသူ့တပည့်တွေကို ထေရ၀ါဒရဟန်းခံခွင့် ပေးထားတာဟာလည်းစိတ်ဝင်စားစရာကောင်းနေပြန်ပါတယ် ၊ တစ်ချို့ဆိုရင် မြန်မာပြည်မှာ သီလရှင်ဝတ်လာတဲ့
မလေး မဟာယနဗုဒ္ဓဘာသာဝင်တွေ မြန်မာလို့ မင်္ဂလာပါ လို့တောင်နှုတ်ဆက်နေကြသေးရဲ့ ၊ ဒီတက္ကသိုလ်ရဲ့ပါမောက္ခချုပ်ကလည်း မလေးရှားတရုပ်ဗုဒ္ဓဘာသာ ဆိုပေမဲ့ထေရ၀ါဒရဟန်းတော်တစ်ပါး ဖြစ်နေပြန်ပါတယ် ၊ တက္ကသိုလ်ကိုဦးဆောင် တည်ထောင်ထားသူက မဟာယန ရဟန်းတော်ဆိုပေမဲ့ ၊ ပါမေက္ခချုပ်က ထေရ၀ါဒ ရဟန်းတော်ပါ လက်ရှိ ဟောင်ကောင်တက္ကသိုလ် မှာ Lecturer လုပ်နေပြီး ၊ သာဝတ္ထီဝါဒ အဘိဓမ္မာ စာအုပ်ကိုအင်္ဂလိပ်ဘာသာနှင့်ထုတ်ဝေထားပြီး အမည်က ဆရာတော် ဓမ္မဇောတိ ၊ စာရေးသူကို ဘုရားဝတ်တက်တဲ့ အချိန်အိပ်ငိုက်တဲ့အတွက် ပြင်းပြင်းထန်ထန် သတိပေးဖူးလို့ယနေ့ထိမှတ်မိနေ သေးတဲ့ ဆရာတော်ပေါ့ သို့သော် နောက်တစ်ရက်မှာတော သူအခန်းကို လိုအပ်တဲ့အသုံးအဆောင်တွေသွားကပ်တော သူပြောတဲ့စကားက မှတ်မိပါသေးတယ် ငါဘယ်သူ့ကိုမှအဲသလိုမပြောဘူးတဲ့ မင်းကိုခင်လို့ပြောတာတဲ့ ။ ကျေနပ်လိုက်ရပြန်ပြီးပေါ့ နောက်နောင်တစ်ယောက်ယောက်ကို အဲဒီလို့များပြောမိခဲ့ ရင်ပြန်ချော့ဖို့အမှတ်ရစေတယ် ။
ဲ့စာရေး သူအဖို့ ၊ဘန်ကောက်မှာ စာလည်းဟုတ်တိပါတ်တိမလုပ်ချင်း ၊ ယောင်ခြောက်ဆယ်ဖြစ်နေသောအချိန် အတန်းတူသူငယ်ချင်း ဘင်္ဂလာဒေခ်ျ ရဟန်းတော်တစ်ပါး၏ လမ်းညွှန်ပေးမှု့ကြောင်း အိုင်ဘီစီကိုလျှောက်ဖြစ်သွားခဲ့သည် ။ ဒီတက္ကသိုလ်ကိုတက်ဖို့အတွက်လိုအပ်ချက်တွေကတော အများကြီးထဲက တစ်ခုကတော အချင်းအရည်ပြည်မှီးဖို့လိုတယ် sufficient knowledge ရှိဖို့ လိုတယ် ၊ အောင်လက်မှတ်အပြင် ၀င်ခွင့်စာမေးပွဲရေးဖြေ နှုတ်ဖြေ နှစ်မျိုးလုံးအောင်ရပါမယ် ၊ လိုအပ်တဲ့ အချက်အလက်တွေ့နှင့်လျှောက်လွှာဖောင်ကိုပါ အင်တာနက်ကရနိုင်ပါတယ် www.ibc.ac.th
တက္ကသိုလ်ရဲ့လည်ပါတ်မှု့ကတောတစ်ဖက်မှာကျောင်းတိုက်ပုံစံမျိုးနှင့်လည်ပတ်နေပြီးတဖက်မှာလည်းတက္ကသိုလ်စနစ်နှင့်လည်ပါတ်နေပါတယ် ။အားလုံးဟာ ခင်မင်စရာကောင်းပြီး တစ်ယောက်ကိုတစ်ယောက်အကူအညီပေးကြတဲ့ အကျင့်လေး တစ်ခုကိုလေးစားစရာကောင်းပါတယ် ။ အခုတောမဟိဒေါတက္ကသိုလ်နှင့်အပြန်အလှန်သဘောတူညီမှု့ တွေလုပ်ထားပြီး အထူးသဖြင့်မဟာ ယာနဗုဒ္ဒဘာသာကိုအထူးပြုလေ့လာလိုသူများအတွက် မဟာယာနဆိုင်ရာစာပေများစွာကိုစုဆောင်း ထားရှိကြောင်းနှင့် သူတို့ Library ကိုအသုံးပြုနိုင်ငံကြောင်း တာဝန်ရှိပုဂိုလ် student affair မှ director ဂျန်ချန်မှ စာရေးသူတို့ ရခိုင်မှာတိုက်ခတ်ခဲ့သောဂီရိမုန်တိုင်းတုန်း ကရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့ အား အလှူငွေ ဘတ်ငါးသိန်း ပေးအပ်လှူဒါန်းစဉ်ကမ်းလှမ်းပြောဆိုဖူးခဲ့ပါတယ် ။ အိုင်ဘီစီမှထွက်ခွါလာခဲ့တာနှစ်နှစ်တာကာလရှိပြီးဆိုတော စာရေးသူအတွက်လမ်းပျောက်နေသူကို လမ်းမှန်သို့ ပို့ ပေးခဲ့သောနေရာတစ်ခုအဖြစ် အစဉ်အမြဲအမှတ်ရနေလျှက် ။
.
~~ဆက်ဖတ်ရန်~~~
Thursday 8 September 2011
တူညီသောလမ်းမှမတူညီသောလူသားများ
ကမ္ဘာပေါ်တွင်ရှိရှိသမျှသတ္တ၀ါများထဲတွင် လူသားသတ္တ၀ါသည်အသိညာဏ်အရှိဆုံး သတ္တ၀ါဖြစ်သည် ၊ ထို့ ကြောင်းလည်း တီထွင်မှု့ နှင့် စိတ်ပိုင်းဆိုင်ရာတို့ တွင် လူသားများ၏စွမ်းဆောင်မှု့ သည် အန့် မခန်းပင်ဖြစ်သည် ။ ရှေးပဝေသနီ ခေတ်မှ သည်ယနေ့ တိုင်အောင် လူသားများ၏ အားထုတ်ကြိုးပမ်းမှု့ မှန်သမျှသည် “ ပျော်ရွင်မှု့  “ အတွက်ပင်ဖြစ်သည် ၊လူသားများ၏ ဘ၀ပေးအခြေအနေ ယဉ်ကျေးမှု ဘာသာစကား ၊နှင့်ဘာသာတရားများကွဲပြားလင့်ကစား လူသားများအားလုံးတူညီသောအချက်မှာ ပျော်ရွင်မှု့  သာဖြစ်သည် ၊ . မိမိတို့ ၏ အဆင့်အတန်းအလိုက် အကောင်းဆုံးအခြေအနေကိုရရှိအောင်အားထုတ်နေကြခြင်းမှာလည်း ထိုအခြေ အနေကိုရောက်လာလျှင် သို့ မဟုတ် ရလျှင် ပျော်ရွင်မည်ထင်သောကြောင်းဖြစ်သည် ။ လူသည်ဖြစ်လေရာ အဆင့်အတန်းအခြေအနေတိုင်းတွင် ချမ်းသာကိုရအောင်ရှာဖွေခဲ့လေသည် ။ လူသားများရှာဖွေနေသောချမ်းသာရေး
သည် အဆင့်လေးဆင့်ရှိသည်။
၁ ။ Physical level =ရုပ်ဝတ္တုပိုင်းဆိုင်ရာအဆင့်တွင် ပျော်ရွင်မှု့ ကိုရှာဖွေသောသူသည် အကောင့်ဆုံးသော ဇိမ်ခံပစ္စည်းများ ကိုသူ၏ပျော်ရွှင်မှု့ အတွက် ဟုထင်ကာ ရုပ်ဝတ္ထုပိုင်းဆိုင်ပြည့်စုံမှု့ အတွက် သာရှာဖွေ၏ ဤကဲ့သို့ ရုပ်ဝတ္ထုပြည့်စုံမှု့ ကိုဗုဒ္ဓဘာသာက ချမ်းသာအဖြစ်လည်းလက်ခံပါ၏ သို့ သော်လည်း ဤအဆင့်သည် တစ်ခဏတာမျှသာဖြစ်သည် တာရှည်ခံသောပျော်ရွင်မှု့ မျိုးမဟုတ် ထို့ ကြောင်း Phisical level is only momentary . သို့ သော်လည်းအများစုမှာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာကိုသာတန်းဖိုးထားတတ်ကြသူများသာ ။
၂ Emotional level စိတ်ခံစားမှု့ အဆင့်တွင်ချမ်းသာကိုရှာဖွေသောသူသည် ကောင်းသည်ဆိုးသည် ကြိုက်နှစ်သက်သည် မကြိုက်မနှစ်သက် ဟူသောသူ၏စိတ်ခံစားမှု့ တွင်သာချမ်းသာကိုရှာဖွေပြီး ၊ တရားမျှတမှု့ နှင့် အမှားအမှန်ကို ဂရုမစိုက်ပေ ဤကဲ့သို့ သောပုဂ္ဂိုလ်များသည် ယုံကြည်မှု့ တွင်သာအခြေခံပြီး အသိညာဏ်တွင်အခြေမခံသောဘာသာတရား၏အဆုံးအမအောက်တွင်ချမ်းသာမှု့ ကိုရှာဖွေကြ၏ ။ထို့ ကြောင်း Emotional level is feeling .
၃ Intellectual level အသိညာဏ်ကိုအခြေခံသောဆင့်တွင် ချမ်းသာမှု့ ကိုရှာသောဖွေသောသူများသည် အကြောင်းအကျိုး ဆီလျှော်မှု့  လေ့လာသင့်ယူမှု့  တို့ တွင်ပျော်ရွှင်မူ့ ကိုရှာဖွေကြ၏ ထိုသူများသည် သိပ္ပံနှင့် စာပေအနုပညာ တို့ တွင် ပျော်ရွှင်မှု့ ကို ရှာဖွေကြသည် ။ သူတို့ သည် စာပေလေ့လာခြင်း သီးချင်းနားထောင်ခြင်း စသောအသိညာဏ်ကို အခြေခံသောအဆင့်တွင်သာပျော်ရွင်မှု့ ကိုရှာဖွေကြပြီး လက်တွေ့ ကျင့်ကြံမှု့ အပိုင်းတွင်အခြေမခံပေ ။
၎ Spiritual or Moral level ကိုယ်ကျင့်တရားတွင်အခြေခံသောအဆင့်တွင်ပျော်ရွင်မှု့ ကိုရှာသော သူများသည် အများအကျိုး ကရုဏာ နှင့်နားလည်မှု့ တို့ နှင့်ဆက်စပ်နေပြီး တရားမျှတမူ့ ကိုအလေးအနက်ထားသည် ထို့ အပြင် သည်းခံခြင်း တရား ကိုလည်း လက်ကိုင်းထားသူဖြစ်သည် ။ လူသားများရှာဖွေနေသောပျော်ရွင်မှု့ သည် အဆင့်တိုင်းတွင်ရှိသည် သို သော် လည်း မိမိတို့ ၏ အဆင့်အလိုက် ပျော်ရွင်မှု့ သည်လည်းကွာခြားသွားမည်ဖြစ်သည် ၊ ဗုဒ္ဓ၏တရားတော်များသည် လက်တွေ့ အကျိုးရနိုင်သော သန္ဒိဌိက Immediate effect နှင့်အကာလိက any time အကျိုးရှိသောတရားများဖြစ်သောကြောင်း လက်တွေကျင့်လျှင်ဤဘ၀လက်ရှိအခြေအနေတွင် ပျော်ရွင်မှု့ အစစ်အမှန်ကိုရရှိနိုင်သည် ။ထို့ ကြောင်းမိမိတို့ ၏ အဆင့်အလိုက် ပျော်ရွင်မှု့ ကိုရှာဖွေကြသည်ဆိုရာတွင် ၊ မည်သို့ သောအဆင့်တွင်ရှိသင့်သည် ဆိုသည်ကို အောက်ပါပုံပြင်ဖြင့် အဆုံးသတ်ချင်ပါသည်။
တစ်ခါကရွာတစ်ရွာတွင် တစ်ရွာလုံးဝိုင်း၍အ၀တ်လျှော်သော ကျောက်ပျဉ်းတစ်ခုရှိလေသည် ထို့ ကျောက်ပျဉ်တွင် ရွာသားများအားလုံးဝိုင်း၍ အ၀တ်လျှော်ဖွတ်ကြသည် ၊ တစ်နေ့ တွင် တစ်ခြားရွာမှဘူမိဗေဒပညာရှင် ဧည့်သယ်တစ်ဦးသူတို့ ရွာသို့ ရောက်လာသည် ၊ ထို့ အခါ ရွာသားများအားလုံးအ၀တ်လျှော်သောကျောက်တုန်းကိုတွေ့ သောအခါ တန်းဖို့ ရှိသော ရတနာပါဝင်သည်အဖြစ်ကို သိရှိလိုက်လေသည် ထိုအခါသူက ရွာသားများကိုအားလုံးအစည်းအဝေးခေါ်ကာ ဤကျောက်တုန်း ထက်ကောင်းမွန်သာလွန်သောကျောက်တုန်းတစ်တုံးဖြင့်အစားထိုးလဲပေးမည်ဟု ပြောကြားလေသည် ၊ရွာသားများအားလုံးကလည်း သဘောတူကြလေသည် ၊ ထိုနောက် ဘူမိဗေဒပညာရှင် ဧည့်သယ်သည် လက်ရှိကျောက်တုန်းထက်ကြီးသော ပို ၍လှပသောကျောက်တုန်းတစ်တုံးဖြင့်အစားထိုးကာ တန်းဖို့ ရှိသောကျောက်တုံးကိုယူဆောင်သွားလေသည် ၊ ထိုရွာသားများကားအားလုံးဝမ်းမြောက်ဝမ်းသာဖြစ် ကာကျေးဇူးတင်မဆုံးဖြစ်၍ကျန်ရစ်ကြလေသည် ထိုဘူမိဗေဒပညာရှင်ကား ရွာသားများထက် ပို၍ပင်ဝမ်းသာကာကျေးဇူးတင်နေ လေသည် ။ မြတ်ဗုဒ္ဓကလည်း လူသားအားလုံးကို ဘူမိဗေဒပညာရှင်ကဲ့သို ဖြစ်စေလိုပြီး ရွာသားများကဲ့သို့ မအကြစေလိုပေ။
.
~~ဆက်ဖတ်ရန်~~~
Sunday 4 September 2011
သမိုင်းလိမ်မူဆလင်များကိုအားလုံးသတိထားကြဖို့ တိုက်တွန်းခြင်း
တော်တော်ခံပြင်းစရာကောင်းတဲ့လုပ်ရပ် တစ်ခုဆိုတာကို ဒီမြေပုံကိုကြည့်ရတဲ့ မြန်မာနိုင်ငံသားအားလုံး သိစေခြင်းပါတယ် လူမျိုး နှင့်ဘာသာသာသနာကို ဖျောက်ဖို့ စီးမံကိန်းကို စနစ်တစ်ကျချမှတ်လုပ်ဆောင် နေကြတဲ့မူဆလင် ကုလားတစ်စု၏လုပ်ရပ်ကိုသိသာအောင်လို့ တင်ပြရခြင်းပါ  လူ့ အခွင့်ရေးဆိုတဲ့ ခေါင်းစီး 
အောက်ကသူတို့ ဘာတွေ ကိုရည်ရွယ်ချက်ရှိရှိနှင့်လုပ်ဆောင်နေကြတယ် ဆိုတာကို ဒီနေ့ ရခိုင်လူမျိုးများသာမက အားလုံးသောမြန်မာနိုင်ငံက တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ဒီမူဆလင် သမိုင်းလိမ်တွေ့ ရဲ့  သားကောင်းမဖြစ်စေဖို့ အထူးသတိထားရမဲ့ အချိန်ကိုရောက်နေပြီးဆိုတာကို တင်ပြခြင်းပါတယ်  ဒီမြေပုံမာ ARAKAN ဆိုတဲ့နေရာမှာ ချစ်စရာကောင်းတဲ့ရခိုင်လူမျိုးတွေရဲ့ ရိုးရာဝတ်စုံနှင့် ပုံကို မူဆလင်ဗလီတက်နေတဲ့ပုံနှင့်အစားထိုး ပြီး လှည့်စားထားတာကို တွေ့ ရမှာပါ ၊ ဒီတော အားလုံး သောတရားမျှတမှု့ နှင့် အမှန်တရားကိုလိုလားကြ သူတိုင်းသတိကြီးစွာထားနိုင်ဖို့ အတွက် တင်ပြရခြင်းဖြစ်ပါသည် ။ 
~~ဆက်ဖတ်ရန်~~~
Monday 29 August 2011
ရဟန်းတော်များလူမှု့ ရေးလုပ်သင့်သလား
ဗုဒ္ဓဘာသာအများစု မှတ်ထင်ထားကြသည်မှာ ရဟန်းတော်များသည် ဘ၀လွတ်မြောက်မှု့ အတွက် တစ်နည်းအားဖြင့်စိတ်ပိုင်းဘ၀ဖြူစင်မှု့ ဖြင့် တရား နှလုံးသွင်မှု့ ဖြင့်သာအချိန်ကုန်သင့်သည် တစ်နည်းအားဖြင့် လောကုတ္တရာအရေးသည်သာအရေးကြီးသည် လောကီလူမှု့ ကိစ္စများမှာဝင်မပါသင့်ဟုထင်မြင်ကြသည် ၊ လောကီလူမှု့ ရေးလုပ်ငန်းများ၌ စိတ်ဝင်စားခြင်း သည်  မဟာယန ၏ လမ်းစဉ်သာဖြစ်သည် အထူးသဖြင့်ဝိနည်းတော်နှင့်ဖိလာကန့် လန့် ဖြစ်သည်ဟု ထင်မြင်ကြသည် ၊ ဤအချက်နှင့်ပါတ်သတ်၍ ရှေးအခါက သီဟိုလ်နိုင်ငံတွင် ရဟန်းတော်များအချင်းချင်း အငြင်ပွါးမှု့ ဖြစ်ခဲ့သည် ပရိယတ္တိသည် သာသာနတည်တန့် ရေးအတွက်အရေးကြီးသလော သို့မဟုတ် ပဋိပတ္တိသည် အရေးကြီးသလော ဆိုသည့်  အငြင်ပွါးမှု့ တစ်ခုအကြောင်းအရာကိုနောက်မှဖော်ပြပါမည်။ အထက်ပါယူဆချက်နှင့်ပါတ်သတ်၍ အတွေးအမြင်တစ်ရပ်ကို မဇ္ဈိမနိကယ် အဌကထာ ၌လာသည့် ဖြစ်ရပ်တစ်ခုကိုတင်ပြချင်ပါသည် ၊ အမှန်အားဖြင့်ဤဆွေးနွေးချက်များသည် ကမ္ဘာကျော်သီဟိုဌ်ပညာရှင် ၀ါလ်ပိုလာရာဟုလာ ၏ အမြင်များကိုအခြေခံထားခြင်မျှသာ ၊ စာဖတ်သူများအနေဖြင့် သဘောတူသည် မတူသည်မှာ မိမိတို့ ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာ ဖြစ်သည်။
ကျေးရွာတစ်ရွာတွင် သဒ္ဓါတရားထက်သန်းသောအမျိုးသမီးတစ်ဦးသည် စူဠပိဏ္ဍပါတိကတိဿမထေရ်အား နှစ်ပေါင်းများစွာ ကိုးကွယ်ဆည်းကပ်လာခဲ့သည် ၊တစ်နေ့ သောအခါမှာ ကျေးရွာကိုမီးလောင်လေသည် ထိုအမျိုးသမီးအိမ်လည်းမီးထဲ၌ပါသွားသည် ၊ ထိုရွာသို့ အလည်အပါတ်ရောက် ရှိလာကြသော ရဟန်းတော် များ မှာ လာရောက်သတင်းမေးမြန်းကြအားပေးစကားပြောကြားကြပါသော်လည်း ထိုအမျိုးသမီး ကိုးကွယ် သောမထေရ်မှာ ယခုကဲ့သို့ အဖြစ်ဆိုးနှင့်ကြုံနေရချိန်တွင် အားပေးနှစ်သိမ်ဖော်မရခဲ့ချေ ။ ရွာသားများကလည်း ထိုမထေရ်အား ဆွမ်းခံချိန်ကျမှသာကြွလာလိမ့်မည်ဟုမှတ်ချက်ပေးခဲ့ကြသည်။ မထေရ်သည်လည်း နောက်နေ့ ဆွမ်းခံနေကျအချိန်တွင် ထိုဥပသိကာမအိမ်သို့ ပုံမှန်အတိုင်း ဆွမ်းခံကြွ လေသည် ။ အိမ်မရှိတောသောဥပသိကာမကြီးကလည်း အုတ်နံရံတစ်ခု၏အရိပ်အောက်တွင် မထေရ်အ တွက် ဆွမ်းပြင်ပြီး ဆွမ်းကပ်လေသည် ။ ဆွမ်းဘုဉ်ပေးပြီးနောက် မထေရ်ြပန်ကြွသွားသောအခါ ရွာသားများ ကထိုရဟန်း၏ စိတ်ထားနှင့်ပါတ်သတ်၍လှောင်ပြောင်ကြသည် ။ သို့ သော်လည်း အပြစ်ကင်းရှာသော ဥပသိကာမကြီး မိမိကိုယ်ကွယ်သော ရဟန်းအပေါ်တွင်အပြစ်မမြင်ဘဲ ရိုးသားစွာပင် ‘’ သင်တို့ ကိုးကွယ်သော (ကုလူပက) အိမ်လည်သော) ရဟန်း များမှာသင်တို့ အတွက်ကောင်း ပြီး ကျွန်မကိုးကွယ် သောရဟန်းမှာလည်းကျွန်းမအတွက်ကောင်းပါသည် ‘’ ဟုသာရိုးသားစွာချေပခဲ့သည် ။ ဤသာဓကကိုအခြေံ၍ ရဟန်းတော်များမှာ နှစ်မျိုးနှစ်စားရှိသည် တစ်မျိုးမှာမိမိကိုယ်ကို  ဘ၀သံသရာမှ  လွတ်မြောက်ရန်ဟူသောတစ်ခုတည်းသောရည်ရွယ်ချက်ဖြင့် မည်သည့် လူမှု့ ကောင်းကျိုးမှစိတ်မ၀င်စားဘဲ ကမ္မဌာန်ဘာဝနာရှု့ မှတ်မှု့ တွင်သာမြှတ်နှံထားသည့် ရဟန်းမျိုး နှင့် မိမိတို့ ၏ဘ၀သံသရာလွတ်မြောက်မှု့ အပြင် စိတ်ပိုင်းရုပ်ပိုင်း နှစ်မျိုးလုံး တွင် လူအများကောင်းကျိုးဆောင်ရွက်မှု့ ကို စိတ်ဝင်စားသော ရဟန်းမျိုး တို့ ဖြစ်သည် ။ ဒုတိယသဘောထားသည် ပထမအမျိုးအစားထက်ပိုမိုအကျိုးများမည်ဟုထင်မြင်ပြီး ဗုဒ္ဓ၏ရှင်တော်မြတ်၏စိတ်ထားနှင့်လည်းညီညွတ်သည်ဟုထင်မြင်မိသည် ဟုဆရာတော်ဝါပိုလ်လာက သုံးသပ်သည် ၊ဗုဒ္ဓသည်အခါတစ်ပါး၌ပြောင်းခင်တစ်ခုလုံး ရေလွှမ်းမိုး၍ ပျက်စီးသောသဖြင့်စိတ်မချမ်းမသာ ဖြစ်နေသည် ပုဏားမိတ်ဆွေတစ်ဦးထံကြွရောက်ပြီးအားပေးစကားဆိုဖူးကြောင်း သုတ္တနိပါတ အဠကထာ တွင်တွေ့ ရသည် ၊အထက်ပါအကြောင်းအရာနှင့်ပါတ်သတ်၍ အယူအဆလည်းကွဲပြားကြသည် ဥပသိကာ မကြီးကဲ့သို့ သောလူများက စူဠပိဏ္ဍပါတိကတိဿမထေရ်၏ သဘောထားမျိုးကိုနှစ်သက်ကြသည်။ အဠကထာဆရာကိုယ်၌ကလည်း စူဠပိဏ္ဍပါတိကတိဿမထေရ်ကို ‘’ မည်သူ့ ကိုမျှမမှီခိုလွန်းသူ ၊ မည်သည့်ကျေးဇူးတင်ခံယူခြင်းမရှိဘဲ ဆွမ်း ကိုရယူသူ ‘’ အဖြစ် ချီးမွန်းထားကြောင်းပြဆိုသည် ။
အထက်ပါယူဆချက်များနှင့်ပါတ်သက်၍ ဒိဃနိကာယ် သိင်္ဂလသုတ်တွင် အသေးစိတ်ဖော်ပြထားသည်။  သိုဖြစ်စေကာမူ အများစုမှာ မထေရ်၏သဘောထားကို မနှစ်သက်ကြဘဲ လူမှု့ အကျိုးဆောင်ရွက်သည့် ရဟန်းများကို ပို၍နှစ်သက်ကြသည်။ တကာ၊တကာမများအပေါ်တွင်ထားသောရဟန်းတော်များ၏ သဘောထားမှာ အောက်ပါဂါထားဖြင့် သိသာသည်။
ဂီဟိနံ ဥပကရောန္တာနံ၊ နိစ္စံ အာမိသဒါနတော ။
ကရောထ ဓမ္မဒါနေန၊တေသံပစ္စယကာရကံ။ (သဒ္ဓမ္မလင်္ကာရယ) ၅၂၃
အာမိသဒါနဖြင့်သင်တို့ ကိုထောက်ပံ့ကြသည့်ဥပသိကာ၊ဥပသိကာမများအား ဓမ္မဒါနဖြင့် တုံ့ ပြန်ထောက်ပံ့ကြလော ။
အထက်ပါဂါထာ၌ပါဝင်သောဓမ္မဒါန ဟူသောဝေါဟာရကို စိတ်ပိုင်းလေ့ကျင့်မှု့ ၊ပညာရေးဘ၀ ၊ယဉ်ကျေးမှု့ ဆိုင်ရာကူညီဆောင်ရွက်မှု့ အားလုံးကို ထည့်သွင်းနိုင်သည် ။ထို့ ကြောင်း ရဟန်းတော်များအနေဖြင့် မိမိတို့ ကို ပစ္စည်းလေးပါးဖြင့်ထောက်ပံ့ကြကုန်သော တကာ၊မများအား စိတ်ပိုင်းလေ့ကျင့်မှု့ ၊ယဉ်ကျေးမှု့ နှင့် ပညာ ရေး ဆိုင်ရာ ပေးကမ်းမှု့ များဖြင့် ဆောင်ရွက်ပေးရန်မှာ မိမိတို့ ၏တာဝန်သာဖြစ်သည်ဟုခံယူထားကြသည်။
ရဟန်းတော်များနှင့်ပါတ်သက်၍တစ်ချို့ သောဖြစ်ရပ်ဝတ္တုများမှာ ရဟန်းတော်များသည် မိမိကိုယ်တိုင် မြင့်မြတ်သည့်ဘ၀ကိုခံယူလျက် အတတ်နိုင်ဆုံး အများကောင်းကျိုး ဆောင်ရွက်နိုင်ရန်ဖြစ်သည် ဟုခံယူထားကြသည်ကိုတွေ့ ရသည်။ ရဟန်းတော်များ၏ဘ၀သည် ဘာသာတရားအဆုံးအမကို လိုက်နာကျင့်သုံးရာ၌ လူအများ ၏စိတ်ဓာတ်ကို မြှင့်တင်ပေးရာ၌စံနမူနာ ဖြစ်သည်။ သို့ သော်လည်း လိုအပ်သည့်အချိန်၌မူ မိဘတို့ ကို အာမိသဒါန (ပစ္စည်းဝတ္တုလှူဒါန်းမှု့ )ဖြင့်ကူညီပြီးပြုစုစောင့်ရှောက်ရန်ညွှန်ကြားကြောင်းလည်းသိရသည်။
မှတ်ချက် ။ ဓာတ်ပုံကိုရခိုင်ကျောင်းသားရဟန်းတော်များဘလောမှကူးယူဖော်ပြပါသည် ။
~~ဆက်ဖတ်ရန်~~~
Friday 19 August 2011
အဆိုတော်စိုးပိုင်ရဲ့ ဘာသာရေးနှင့်ပါတ်သတ်တဲ့သီချင်းလေးတစ်ပုဒ်ပါ
~~ဆက်ဖတ်ရန်~~~
Sunday 31 July 2011
အိုစမာဘယ်လာဒင်ဆိုတာ
တစ်နေ့ သာ၌ကပိယသာချိုတစ်ယောက် ရွာထိပ်ကအရီးမြအိမ်သို့ အလည်အပါတ်ထွက်ခွါသွားလေသည် ၊ ကပိယသာချိုသည်ကားဘုန်းကြီးကျောင်းသားကပိယဆိုသော်ငြားလည်း ခေတ်မီသောကပိယတစ်ယောက်ဖြစ် သည် ဘာသာရေးသာမက နိုင်ငံရေး၊ စီးပွါးရေ ၊လူမှု့ ရေး၊ဗဟုသုတစုံသော ကပိယဖြစ်သည့်အားလျှော်စွာ သူ၏ မိန်းမသဖွယ် တစ်နေ ကုန်ထိုင်းကြည့်လဲ ကြည့်မ၀နိုင်သော လပ်တောကွန်ပျူတာတစ်လုံးကို အိပ်ထဲမှာထည့် ကာ အရီးမြအိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာလေသည် ။ အရီးမြအိမ်၌ အပျိုးကြီး မိတုတ်အပါဝင် တစ်ခြားအိမ်နီးနားချင်းများလည်းစုဝေးရောက်ရှိနေခိုက် မိမိ၏လက်တောကွန်ပျူတာ ထဲတွင်
သိမ်းထားသော
.
~~ဆက်ဖတ်ရန်~~~
Sunday 17 July 2011
ပထမအကြိမ်လေးဝတီမိသားစုဝါဆိုသင်္ကန်းကပ်ပွဲ
ပထမအကြိမ်လေးဝတီရခိုင်မိသားစုများမှဦးဆောင်၍ ၀ါဆိုသင်္ကန်ဆက်ကပ်လှူဒါန်းပွဲကို ဆုံခလာမြို့ ၊ပင်လယ်ကမ်းခြေငါးသေတ္တာစက်ရုံတွင် ကျင်းပရာ မြန်မာနိုင်ငံမှရွှေ့ပြောင်းအလုပ်သမားးတိုင်းရင်သား
ညီအစ်ကိုမောင်၊ နှမများစုံစုံညီညီ တက်ရောက်လှူဒါန်းခဲ့ကြောင်းသိရသည်  .၀ါဆိုသင်္ကန်းကပ်ပွဲနှင့်အတူ ညတရားပွဲကိုကျင်းပရာ ၊ ဆရာတော်အရှင်ခေမာဝံသ ph D မဟိဒေါတက္ကသိုလ်မှဟောကြားချီးမြှင့်ခဲ့ပြီး 
လှူဒါန်းမှု့အစုစုတို့အတွက်ရေစက်ချအမျှပေးဝေခဲ့ကြောင်းသိရသည်၊ အထက်ပါဝါဆိုသင်္ကန်ဆက်ကပ် လှူဒါန်းပွဲသို့  သံဃာတော်သုံးပါးကြွရောက်ချီးမြှင့်ခဲ့ကြောင်းသိရသည် ။ အလားတူ ဆုံခလာ ပုဇွန်း  စက်ရုံတွင်လည်း ၀ါဆိုလဆန်း (၁၁) နံနက် ပိုင်းတွင်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကိုကျင်းပကြီး ၊ 
ဝါဆိုလဆန်း (၁၄)ရက်နေ့ ဆဒါအို safe sking လက်အိပ်စက်ရုံတွင်ဝါဆိုင်္ကန်းဆက်ကပ်လှူဒါန်းပွဲ နှင့်ညတရားပွဲ များကိုကျင်းပခဲ့ကြပြီး ၀ါဆိုလဆန်း (၁၅) နေ့ ထုံလုံ လက်အိပ်စက်ရုံ အပြင်တန်းလျှားတို့ တွင်လည်းအသီးအသီး ကျင်းပခဲ့ကြကြောင်းသတင်းရရှိသည် ။
~~ဆက်ဖတ်ရန်~~~
Saturday 14 May 2011
တိပိတကဓရဓမ္မဘဏ္ဌာဂါရိက ရခိုင်ဆရာတော်တရားပွဲ
Type your summary here. Type the rest of your post here.
~~ဆက်ဖတ်ရန်~~~
Saturday 30 April 2011
ထိုင်းတောင်ပိုင်းဟတ်ယိုင်မြို့မှမြန်မာ့သမီးပျိုများ၏အကအလှပဒေသာ
~~ဆက်ဖတ်ရန်~~~
Friday 22 April 2011
ဆုံခလာပင်လယ်ကမ်းခြေငါးသေတ္တာစက်ရုံမြူးမြူးကြွကြွရက္ခိတသင်္ကြန်ည
နှစ်စဉ်ကျင်းပမြဲဖြစ်သောလေးဝတီရခိုင်လူငယ်များ၏ ၊ မြူးမြူးကြွကြွရက္ခိတသင်္ကြန်ည အစီအစဉ်ကို ဆုံခလာပင်လယ်ကမ်းခြေငါးသေတ္တာစက်ရုံတွင်ကျင်းပရာ ။ဧပြီ (၁၃)ရက်နေ့ ၂၀၁၁နေ့ နံနက် (၈)နာရီအချိန် ပရိတ်တရားတော်များနှင့်မင်္ဂလာတရားတော်များကိုနာယူကြပြီး ၊ နံနက် (၉)နာရီမှ (၁၁)နာရီထိရခိုင်မုန့်တီနှင့်အအေး တို့ကိုကျွေးမွေးဧည့်ခံကြ သည် ၊နေ့လည်(၁၂)နာရီမှာ ရခိုင်ရိုးရာကျင်ပွဲ ကျင်းပကြပြီး ညနေပိုင်တွင်း တိုင်းရင်းစုံညီ မြန်မာညီငယ်ညီမငယ်များမှသီဆိုဖျော်ဖြေ သည့်၊ မြူးမြူးကြွကြွရက္ခိတသင်္ကြန်ညစင်တင်တေးဂီတအစီအစဉ်များကိုကျင်းပ ပြုလုပ်ခဲ့ ကြ ကြောင်း သိရသည်။.
~~ဆက်ဖတ်ရန်~~~
ဟတ်ယိုင်မြို့ထုံးလုံလက်အိပ်စက်ရုံမြန်မာအလုပ်သမားများစုပေါင်းရဟန်းခံပွဲနှင့်တရားပွဲဓာတ်ပုံများ
ထိုင်းနိုင်ငံတောင်ပိုင်းရွှေ့ပြောင်းမြန်မာများစုပေါင်းဒုလ္လဘရဟန်းခံပွဲနှင့်အထူးတရားပွဲများကို ဟတ်ယိုင်မြို့ ထုံးလုံလက်အိပ် စက်ရုံအရှေ့ အပြင်တန်းလျှားတွင်ကျင်းပပြုလုပ်ရာ၊ ၁၂ရက် ၄လ ၂၀၁၁ နေ့တွင်တွင် ရဟန်းလောင်း၂၁ပါးတို့အားဆံချမင်္ဂလာပြုလုပ်ပြီး ၊ ၁၃ရက်နေ့နံနက် ၈နာရီအချိန်တွင် သိမ်ဝင် ရဟန်းခံခြင်းမင်္ဂလာကိုပြုလုပ်ခဲ့ကြခဲ့ကြသည် ထို့ နောက်ညနေပိုင်းအထူးတရားပွဲများအဖြစ် တရားဟော ဆရာတော် အရှင်အာလောက ဓမ္မာစရိယ (B.A) နှင့် အရှင်ခေမာဝံ (Ph D ) မဟိဒေါတက္ကသိုလ်တို့မှ ဟောကြားချီးမြှင့်ကြပြီး ဟတ်ယိုင် ဆုံခလာ ဆဒါအို ပတ်ဝန်းကျင်များမှ တရားနာပရိသတ် (၆၀၀)ခန့်လာရောက်ကာတရားနာယူခဲ့ကြကြောင်းသိရသည် ၊ ယခုကဲ့သို့သင်္ကြန်ဒုလ္လဘ၀တ်ပွဲများ ကို ပြုလုပ်ခြင်းမှာ ဒုတိယအကြိမ်ရှိပြီးဖြစ်ကြောင်း   “ နှစ်တိုင်းတောမွန်မကဦးဆောင်ပြီးတော သူနိုင်သလောက် ဘာသာ သာသနာအတွက် အခုလိုဒုလ္လဘကိုရင်စီပေးတာကိုလုပ်နေကြပါ သို့သော်လည်း မနှစ်က စ ပြီး တော တစ်ခြားတစ်ခြားသောရွှေ့ပြောင်းမြန်မာအလုပ်သမားများအားလုံးစည်းစည်းလုံးလုံးနှင့်ပူပေါင်းပါဝင်
လာကြတာ ဒီနှစ်ဆိုရင်အထူးစည်ကားပြီး အောင်မြင်လာတာကိုတွေ့ရပါတယ်။ဟု  ဟတ်ယိုင် အိုင်ဘီစီ ကောလိပ်မှအမ်အေကျောင်းပြီးလာပြီးယခုမဟိဒေါတက္ကသိုလ်တွင် ဒေါက်တာဘွဲ့အတွက်ဆက်လက် ပညာသင်ကြားနေသော ဆရာတော်အရှင်ခေမာဝံသမှမိန့်ကြားသည်။ ဒုလ္လဘရဟန်းခံပွဲနှင့်တရားပွဲများမှ လက်ကျန်ငွေဘတ်ငွေ (သုံးသောင်း) မြန်မာကျပ်ငွေဆယ်သိန်းကိုရုပ်ရှင်သရုပ်ဆောင်ဦး ကျော်သူ ဦးဆောင် သော  ဗြဟ္မစိုရ်လူမှု့ကူညီရေးအသင်းသို့ပေးအပ်လှူဒါန်း လိုက်ကြောင်းလည်းသိရသည်။
~~ဆက်ဖတ်ရန်~~~
Sunday 3 April 2011
အလှူမှာ ပွဲမထည့်နဲ
သင်္ကြန်ကျတောဒီလိုအသက်ကြီးရွယ်အိုတွေတောင်မနေနိုင်ပေါင်၊သင်္ကြန်ဆိုတဲ့အသံကိုကြားကတည်းကစိတ်ထဲမှာအလိုလို
မြူးကြွလာတာမြန်မာလူမျိုးများရဲ့သဘ၀ဘဲမဟုတ်လားဒါကြောင်းဘဲဘယ်နေရာကိုရောက်ရောက်မြန်မာ လူမျိုးများရဲချစ်စရာ
ကောင်းတဲ့ဓလေအစဉ်အလာတွေကိုတွေ့နိုင်ပါတယ်၊ ၀ါသနာဆိုတာကလည်း ထိမ်းနိုင်ရန်ခက်သား၊အမေရိကန်နိုင်ငံ
အရီဇိုးနားပြည်နယ် အလိုတော်ပြည့်ဗုဒ္ဓဓမ္မ၀ိဟာရ ရံပုံငွေ ဈေးရောင်း ပွဲတော်တွင်ဒီလို့အဖွားအိုတွေတောင်ကနေတာကိုတွေ့ရတော
ပုံပြင်လေးတစ်ပုဒ် ကိုသွားသတိရမိတယ် ၊တစ်ခါကရွာတစ်ရွာတွင်ကျောင်းထိုင်ဆရာတော်သည်ဝိနည်းအလွန်လေးစား၍ အလှူလုပ်တိုင်းပွဲမထည့်ရန်
တားမြစ်လေ့ရှိကြောင်းသတင်းထွက်သည်ရွာသားများကလည်းမိမိတို့ဆရာတော်အလှူပွဲတွင် ပွဲမထည့်ခိုင်းခြင်းမှာဆရာတော်သည်ဝိနည်းကိုလေးစားလွန်း
သောကြောင်း ဟူ၍ပင်မှတ်ယူထားကြ၏၊၊ တစ်ခြားသောရွာနီးချောင်းစပ်များမှအလှူလုပ်တိုင်းပွဲနှင့်ဆိုင်းဝိုင်းနှင့် စည်းစည်းကားကားပြုလုပ်နေကြ
သည်ကိုတွေ့ရတောသူတို့ရွာသားများလည်းအားကျကြ၏သို့သော် ခက်သည်မှာ ကြောက်၊ချစ၊်ရိုသေ ရသောရွာကျောင်းဆရာတော်မှာကားပွဲထည့်ရန်လျှောက်တိုင်း
တွင်တွင်ငြင်းဆန်နေပြန်၏။ တစ်ခါသော်ကား ရွာတွင်ငွေကြေးပြည့်စုံ၍သြဇာညောင်းသောကိုသာညာဏ်အလှူပွဲလုပ်ရန်အကြောင်း ဖန်လာသည်
တစ်ရွာလုံးကလည်းကိုသာညာဏ်အလှူမှာပွဲထည့်ရန်အားခဲထားကြ၏နောက်ဆုံးဆရာတော်ရဲ အရေးပါတဲ့ တကာလည်းဖြစ်တစ်ရွာလုံးကလည်းဝိုင်းဝန်းလျှောက်
ထားကြတောဆရာတော်မှာ မနေသာဘဲ လက်လျှော့ကာကိုသာညာဏ်အလှူပွဲထည့်ရန်ခွင့်ပြုလိုက်ရလေသည်၊တစ်ရွာလုံးကလည်းဝမ်းမြောက်ဝမ်းသာ ကိုသာညာဏ်
အလှူပွဲကလည်းစည်မှစည် လှူဖွယ်ဝတ္ထုတွေကလည်း စုံလို့ပင့်သံဃာ အရှင်သူမြတ်များကလည်းစုံစုံလင်လင်ရောက်ရှိလို့နေပြီး  ညနေခင်းဆိုင်းဝိုင်းမှ
စ၍အသံပေးသည်နှင့်တစ်ပြိုင်နက်ဆရာတော်မှာ သင်္ကန်စွန်ကိုမကာကွေးနေအောင်ကလေတောသည် ဒီတောမှအနီးအနားမှတကာ၊မများမှ ၀ိုင်းဝန်း တောင်ပန်ကြလေသည်   " 
ဟာဆရာတော်ဘုရားမသင့်တော် ပါ ဘူး ဘုရား ၊ စိတ်ထိန်းပါဘုရား " ဆိုတောမှ ဘုန်းကြီးပြန်ပြောလိုက်သည်မှာ  " အစကတည်းက ကျုပ်ပြောသား ခင်များတို့ကို ပွဲမထည့်ပါနဲ
ပွဲမထည့်ပါနဲဆိုနေကဲအခုတော ကောင်းကြသေးရဲ့လား "  တဲ့ ၊ ၀ါသနာ ပါရာဖျာကာတားလည်းမရ ဆိုသလိုမျိုးပေါ့ စာရေးသူတို့ရွာမှာနေတုန်းကရွာကျောင်းဆရာတော်ကလည်း ၊
ရွာမှလှေပြိုင်ပွဲဝင်ပြိုင်တဲ့ လှေ ပထမဆုကိုရလာပြီးဆိုရင် တိုက်ခန်းထဲကိုဝင်ကာတံခါးပိတ်ပြီး  တစ်ပါးထည်း ဂျွန်းထိုးသတဲ့   ကြားဖူးတာပါ ။ ဒါကြောင်းကြာနီးကန်ဆရာတော်က
ဘုန်းကြီးတွေပျံတော်မူတောမီးရှိုးတဲ့အခါ ပေါက်ကွဲတာဟာအောင့်ထားတဲအလုံးတွေလို့ပြောတာကို ၊
.
~~ဆက်ဖတ်ရန်~~~
ဓမ္မကထိကဒေါက်တာအရှင်ခေမာဝံသ သင်္ကြန်အထူးတရားပွဲများ
.
ဆုံခလာမြို့
ဧပြီ(၁၂)ရက်နေ့ညဆုံခလာပင်လယ်ကမ်းခြေငါးသေတ္တာစက်ရုံတွင်တရားချီမြှင့်မည်ဖြစ်ပြီး (၁၃)ရက်နေ့ည ၄င်းစက်ရုံတွင် ကာရာအိုကေသီဆိုပွဲကိုကျင်းပမည်။ 
သင်္ကြန်အထူးတရားပွဲများအဖြစ်
ထိုင်းနိုင်ငံတောင်ပိုင်းဟတ်ယိုင်မြို့ရွေ့ပြောင်း မြန်မာအလုပ်သမားများစုပေါင်း၍ ဒုတိယအကြိမ် သင်္ကြန် ဒုလ္လဘရဟန်းဝတ်ပွဲနှင့်အထူးတရားပွဲများကိုသင်္ကြန်ရက်များအတွင်းစည်းကားသိုက်မြိုက်စွာကျင်းပပြုလုပ်မည် ဖြစ်ပါ၍ဓမ္မမိတ်ဆွေများအား အသိပေးအပ်ပါသည။
ဧပြီး (၁၃) ရက်နေ့ ည (၇)နာရီအချိန်ချင်းမိုင်မြို့မဟာချူလာတက္ကသိုလ်မှ ဓမ္မကထိကဆရာတော် အရှင်အာလောကဓမ္မာစရိယ (B.A )မှဟောကြားချီးမြှင့်မည်ဖြစ်ပြီး၊
ဧပြ(ီ ၁၄ )ရက်နေ့ည ဘန်ကောက်မြို့ မဟိဒေါတက္ကသိုလ်မှ ဓမ္မကထိက ဒေါက်တာအရှင်ခေမာဝံသမှ တရားတော်များကိုဟောကြားချီးမြှင့်မည်ဖြစ်ပါသည်၊
ဟတ်ယိုင်မြို့
 (၁၄)ရက်နေ့နံနက်တရားပွဲကိုဟတ်ယိုင်မြို့ရာဘာစက်ရုံတွင်ရခိုင်လူငယ်များအားဟောကြားချီမြှင့်မည်ဖြစ်ပြီး၊ 
အလားတူ ၁၅ရက်နေ့ ဟတ်ယိုင်သစ်စက်တွင် ရခိုင်လူငယ်များအားတရားချီမြှင့်မည်ဖြစ်ပါသည် ။ 
ဆုံခလာမြို့ 
 ၊ ၁၆ ရက်နေ့ ချနငါးသေတ္တာစက်ရုံးတွင်တရားဟောကြားချီမြှင့်မည်ဖြစ်ပါသည်၊ ဧပြီ (၁၈)ရက်နေ့ ဘန်ကောက် သို့ပြန်ရောက်မည်။ 
~~ဆက်ဖတ်ရန်~~~
Saturday 2 April 2011
အမေရိကန်နိုင်ငံအရီဇိုးနားပြည်နယ် အလိုတော်ပြည့်ကျောင်း သိမ်သမုတ်ပွဲနှင့် ထီးတော်တင်ပွဲ
.ဆန်ဖရန်ဆစ္စကို၊ဗေးဧရိယာသဒ္ဓါရွှင်ဥပသကာတစ်စု ဦးဆောင်ပြီး ၊Burmese classic ၀ိုင်းတော်သားများပံပို့မှု့ဖြင့်ရန်ပုံငွေနိဗ္ဗာန်ဈေးရောင်းပွဲတော်ကြီးကို ကျင်းပလျှက်ရှိကြောင်းသိရပါသည်၊ 
ပရိသတ်များ ကုသိုလ်ယူနိုင်ရန်အောက်ပါဝတ်ဆိုက်တွင် သွားရောက်ကြည့်ရှု့ နိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။http://www.burmeseclassic.com/
~~ဆက်ဖတ်ရန်~~~
ထိုင်းတောင်ပိုင်းရေကြီး
. Type the rest of your post here.
ထိုင်းနိုင်ငံတောင်ပိုင်ရှိ ရေဘေးဒုက္ခသယ်များကို ထိုင်းစစ်တပ်မှ ရဟတ်ယဉ်များကိုအသုံးပြုလျှက်ကယ်ဆယ်ရေး လုပ်ငန်း များကိုလုပ်ဆောင်နေသည်ကိုတွေ့ရစဉ် ။
ထိုင်းနိုင်ငံတောင်ပိုင်း ရေကြီးမှုကြောင့် ယင်းဒေသမှ မြန်မာအလုပ်သမားများ ထောင်နှင့်ချီ၍ ဒုက္ခရောက်နေကြပြီး အကူအညီမဲ့နေကြောင်း သိရသည်။
တချို့နေရာတွေ ခါးလောက်ရောက်တယ်။ တချို့နေရာတွေဆို လည်ပင်းလောက် ရောက်တယ်။ ဘုန်းကြီးကျောင်းမှာ ထိုင်းတွေရော မြန်မာတွေရော အားလုံး ရောနေကြတယ်လေ။ အားလုံးပေါင်းရင်တော့ ၃၀၀ ကျော်မှာပေါ့” ဟု ဆိုသည်။
ရေဘေးဒဏ်သင့်ရာ ဒေသများမှ မြန်မာများမှာ အဆင်ပြေသလို နီးစပ်ရာ မိတ်ဆွေများရှိသည့်နေရာများသို့ သွားရောက် ခိုလှုံနေကြကြောင်း၊ လျှပ်စစ်မီးများ ပြတ်တောက်နေသည်မှာ ၂ ရက်ခန့်ရှိပြီဖြစ်ကြောင်း၊ တချို့နေရာများတွင် အစားအစာနှင့် သောက်ရေ ခက်ခဲလျက်ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။
ထိုင်းလူမျိုးများကိုယ်တိုင်မှာလည်း အတိဒုက္ခရောက်နေသဖြင့် မြန်မာများအချင်းချင်း ၀ိုင်းဝန်းကူညီကြရန် လိုအပ်ကြောင်း Thai Action Committee for Democracy in Burma (TACDB) မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက တိုက်တွန်းပြောဆိုသည်။
“ကျနော်တို့ ဘက်ကရော NGO တွေကို ချိတ်ဆက်ပြီး ကူညီနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေပါတယ်။ ထိုင်းတွေဘက်က ကြည့်ရင်လည်း သူတို့ကိုယ်တိုင် ဒုက္ခရောက်နေပြီ။ လုပ်ငန်းရှင်တွေမှာလည်း လုပ်ငန်းတွေ ပျက်စီးထိခိုက်နေကြပြီ။ အဖွဲ့အစည်းတွေအနေနဲ့ရော တဦးချင်းအနေနဲ့ရော ကိုယ်တတ်နိုင်သရွေ့ ကူညီသင့်ပါတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံအတွင်းတွင် အလုပ် လုပ်ကိုင်နေသော မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းခွဲမှ ၄ သန်းအထိ ရှိနိုင်ကြောင်း အလုပ်သမား အရေးဆောင်ရွက်သူများက ခန့်မှန်းထားသည်။
~~ဆက်ဖတ်ရန်~~~
Thursday 31 March 2011
ဓမ္မကိုအဓိပ္ပါယ်ဖွင့်ဆိုခြင်း
ဓမ္မလို့ပြောရင်လူတိုင်းသိထားကြသည်မှာ မြတ်စွာဘုရားရှင်ဟောကြားထားခဲ့သောတရားတော်များ  ဟူ၍ဖြစ်သည် သို့သော်ယင်းမှာ အောက်ပါအဓိပ္ပါယ်ဖွင့်ဆိုချက်များအနက် တစ်မျိုးသာဖြစ်သည်၊  ဓမ္မဟူသောစကားမှာ ပါဌိစကားဖြစ်ပြီး အဓိပ္ပါယ်လည်း ကျယ်ဝန်းလှပါသည် ၊ တရားအားလုံးကို ဓမ္မဟူ၍ပင်ခေါ်ဆိုနေကြသောယနေ့အခါမှာ ၊ ခရစ်ယန်တရားဟောဆရာများကို
ခရစ်ယန်ဓမ္မဆရာ ဟုသုံးနှုံပြီး ခရစ်တော်၏ဟောကြားချက်များကိုလည်း ခရစ်ယန်ဓမ္မဟု သုံးနေကြသည် ၊အမှန်စင်စစ်ဓမ္မသဒ္ဒါသည် ဓရ ဓာတ်ရမ္မပစ္စည်း ဖြစ်ပြီး ၊ အဓိပ္ပါယ် (၁၆ )မျိုးအထိဟောသည် ကိုတိပိဋကအဘိဓာန်တွင်ဖော်ပြထားပါသည်။ 
ဓရဓာတ်၏သဘောမှာဆောင်ခြင်းအဓိပ္ပါယ်ကိုဟောပါသည်၊မည်သို့ဆောင်သနည်းဟူမူကားတရားကိုစောင့် ရှောက်သောပုဂ္ဂိုလ်ကိုအပါယ်အစရှိသောမကောင်းသောဘေးအပေါင်းမှဆောင်ကြဉ်ပေးခြင်းသဘောရှိပါသည်။
 “ ဓမ္မောဟဝေရက္ခတိဓမ္မစာရီ “
·          (၁)  သဘော၊ (က) ပရမတ္ထအားဖြင့် ထင်ရှားရှိသော သဘော။
·          (ခ) မဖောက်မပြန်-မှန်ကန်-သော သဘော။
·          (၂) ပရိယတ်။
·          (၃) ပညာ။
·          (၄) (က) အသင့်၊ ယုတ္တိ၊ သင့်လျော်သောအကြောင်း။
·          (ခ) မဂ်, ဖိုလ်, နိဗ္ဗာန်။
·          (၅) သစ္စာ ၄-ပါး။
·          (၆) ပကတိ၊ မူလ-ပင်ကိုယ်-သဘော။
·          (၇) ဘုန်း၊ ကုသိုလ်၊ ကောင်းမှု။
·          (၈) (က) သိအပ်သော-သိစရာရှိသမျှ-တရား။
·          (ခ) သင်္ခါရ, ဝိကာရ, လက္ခဏ, နိဗ္ဗာန်, ပညတ်ဟူသော ဉေယျဓံတရား ၅-ပါး။
·          (၉) ဂုဏ်၊ ဂုဏ်တော်၊ ကျေးဇူးတော်။
·          (၁ဝ) အစဉ်အလာအကျင့်။
·          (၁၁) တည်ကြည်ခြင်း၊ သမာဓိ။
·          (၁၂) ကုသိုလ်ကမ္မပထတရား ၁ဝ-ပါး။
·          (၁၃) အာပတ်။
·          (၁၄) အကြောင်း၊ ကာရဏ။
·          (၁၅) သိက္ခာပုဒ်။
·          (၁၆) တရားတော်၊ ဒေသနာ။
 Buddhist  Hermeneutics  ဟုခေါ်သော  Donald S.Lopez, Jr ၏ စာအုပ်တွင် ၊  ပိတကတ်တော်များ၏စကားတော်များကိုမြတ်စွာဘုရားရှင်၏ စကားတော်များအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုချက် ယူဆချက်များမှာ  ဗုဒ္ဓကိုယ်တိုင် ခွင့်ပြုချက်မရှိစေကာမူ  ၊ အနီးစပ်ဆုံးအားဖြင့် မူလပိုင်ရှင်က သူဘာကိုပြောချင်နေသနည်း ဆိုသည်ကို သူ၏အာဘော်အတိုင်း ဖော်ပြခြင်းကို Hermeneutics  ဟုခေါ်သည် ၊ ဤနေရာ၌ သာသနာ့သမိုင်းမှာ အရေးကြီးသောသီရိဓမ္မသောကမင်းကြီး၏ ကျောက်စာတွင် ဓမ္မကိုအဓိပ္ပါယ်ကောက်ယူမှု့မှာ စိတ်ဝင်စားစရာကောင်းသည်။
ဘာသာအယူဝါဒ မြောက်မြားစွာတည်ရှိနေသည့် အင်ပါယာကြီးကိုအုပ်ချုပ်ပြီး နှလုံးစိတ်ဝမ်းကြီးမြတ်သူ ဘုရင်အာသောကသည် ၊သူ၏နိုင်ငံတွင် ဘာသာတရားမျိုးစုံ ကိုးကွယ်ကြည့် မိမိ၏ နိုင်ငံသူ နိုင်ငံသားများအားလုံးလိုက်နာကျင့်သုံးရမည်ကိုယ်ကျင့်တရားတစ်ခုနှင့်ပါတ်သတ်၍ စိတ်မချမ်းမြေ့ ဖြစ်ခဲ့ရသည်၊ သို့ဖြစ်၍မင်းကြီးသည် သူ၏ကျောက်စာများတွင်မကြာခဏ သုံးနှုံန်းခဲ့သည့်ဓမ္မ ဟူသောစကားလုံးကို ။
လူကြီး မိဘ ဆရာသမားတို့အားလေးစားခြင်း၊ ရသေ့ ရဟန်း သမဏဗြဟ္မဏ ဆွေမျိုးမိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်း ကျေးကျွန်မှီခိုသူ ဆင်းရဲဒုက္ခရောက်နေသူများအား သင့်တင့်စွာ ကျွေးမွေး စောင့်ရှောက်ခြင်း ၊သက်ရှိများအားသတ်ဖြတ်ခြင်းမှရှောင်ကြည်ခြင်း ၊ ကြင်နာခြင်း ၊သစ္စစောင့်သိခြင်း ၊ အတွင်အပြင်စင်ကြယ်ခြင်း ၊သိမ့်မွေ့ခြင်း ၊သူတော်ကောင်းပီးသခြင်း ၊ မိမိကိုယ်ကိုထိန်းသိမ်းခြင်း ၊ ကျေးဇူးသိတတ်ခြင်း ၊ ကိုယ်ကျင့်သီလစင်ကြယ်မှု့အပေါ် ခိုင်မာသည့်စိတ်ဆန္ဒနှင့် အကျိုးမဲ့မဖြုန်းတီးဘဲ စုဆောင်းချွေတာခြင်း အထိ အဓိပ္ပါယ်များဖြင့်ကိုယ်စားပြုဖွင့်ဆိုခဲ့သည်။  
ထိုကြောင်းပင် သူ၏နိုင်ငံတော်ကိုလည်းဓမ္မနိုင်ငံတော် (ဓမ္မ၀ိဇယ)ဟူ၍ပင်တင်စားခေါ်ဝေါ်ကြလေသည်။
.
~~ဆက်ဖတ်ရန်~~~
Wednesday 30 March 2011
ရှမ်းပြည်အရှေ့ပိုင်းငလျင် ရုပ်သံ
.
~~ဆက်ဖတ်ရန်~~~
Tuesday 29 March 2011
နာကြင်စွာငိုရှိုက်နေသူများကို တတ်နိုင်တဲ့ဖက်ကကူညီကြဖို့တိုက်တွန်းပါတယ်
.
~~ဆက်ဖတ်ရန်~~~
တာလေငလျင် အပျက်အစီးများ
ဘယ်လိုမှရှောင်လွှဲမရနိုင်သောသဘာဝဘေးအန္တရာယ်များ ၊ ဂျပန်မှာဖြစ်တောဝေးလို့စိတ်မကောင်း ဖြစ်တာမှလွဲ၍ဘာမှသိပ်ပြီးတောမခံစားလိုက်ရပေမဲ့အနီးအနားမှာ ဖြစ်တောလည်  အန္တရယ်ဟာ နီးလာပြီး ဆိုတာကိုသတိပေးသလိုရှိလို့ ကြောက်စိတ်နှင့်အတူ သံဝေဂဖြစ်မိပါရဲ့ ၊ 
                         အကြောင်းတရားများ 
ဒီလိုဖြစ်တာဟာ ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတုပြောင်းလွဲမှု့ကြောင်းလို့ဆိုပါတယ် အရင်းစစ်လိုက်တော အသိညာဏ်ရှိပါတယ်ဆိုတဲ့လူသားတွေရဲ့လောဘဇောကြောင်းဖြစ်ရတာချည်းဘာဘဲ ။
ကုသနည်း 
လိုချင်တပ်မက်မှု့နှင့်ကိုယ်ကျိုးဆန်တဲ့အတ္တလွန်ကဲမှု့ကိုလျှော့ချဖို့ဖြစ်ပါတယ် ဒါကြောင်း အဖြေဟာ လူသားတွေရဲ့နေ့စဉ်ဘ၀ကိုပြောင်းလွဲရမယ်ဆိုတဲ့အဖြေတစ်ခုထွက်လာပါတယ် ဗုဒ္ဓရဲ့အဆုံးအမတရားတွေထဲမှာ သက်ရှိလောကနှင့်သဘ၀ပတ်ဝန်းကျင်ရော သက်ရှိသတ္တ၀ါအားလုံး အချင်းချင်းပါ တစ်ဦးကိုတစ်ဦးအညမညသဘောတရားနဲအပြန်အလှန်အမှီသဟဲပြုနေကြတယ် မိမိလုပ်တဲ့အလုပ်အတွက်မိမိမှာတာဝန်ရှိတယ်လို့ဆုံးမပါတယ် ။
လူတိုင်းရဲ့တာဝန်
.တည်ရှိပြီးကောင်းမွန်နေတဲ့လူအဖွဲ့အစည်းတစ်ခုဆိုဆို နိုင်ငံတစ်နိုင်ငံဘဲပြောပြောဤကမ္ဘာကြီးပြိုကွဲ ပျက်စီးဖို့ကြုံလာပြီးဆိုရင် ပြင်ပကအဖျက်ဆီးတဲ့အကြောင်းတရားထက် အတွင်းမှာရှိတဲ့ အကြောင်းတရားတွေက ပိုအရေးကြီးပါတယ် ၊ လူလုပ်လို့လှပနေတဲ့အရာတွေအားလုံး 
လူကြောင်းဘဲပျက်စီးမသွားရအောင်လူသားတို့ရဲ့အသိပညာဆင်ခြင်တုံတရားဘာသာရေးအလေ့အကျင့်တွေနဲ့
ထိန်းချုပ်သင့်ပါတယ် ။ 
~~ဆက်ဖတ်ရန်~~~
About This Blog
About This Blog
  © Blogger template Brooklyn by Ourblogtemplates.com 2008
Back to TOP