သတ္တ၀ါမှန်သမျှချမ်းသာရကျမ္မာကြပါစေ ဘေးရန်မခ ကြံသမျှဆန္ဒပြည့် ပါစေ

Monday 9 August 2010

ဘောင်ခတ်ခြင်း

ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းနှင့်နေသောလူသားများအတွက် မိမိတို့ကျင်လည်ကျက်စားသောပတ်ဝန်းကျင် ကို ဘောင်ခတ်သတ်မှတ်ပေးလိုက်သောအရာမှာမိမိ၏စိတ်သာဖြစ်သည် ၊ တစ်ချို့သောပုဂ္ဂိုလ်များက ထိုဘောင်ကိုခိုင်မာသထက်ခိုင်မာအောင် ခပ်ကျဉ်းကျဉ်းတည်ဆောက်ကြ၏ ၊ မိမိ၏မိသားစုဆွေမျိုဟူသော ဘောင်ကိုတည်ဆောက်လျှက် ဘ၀တွင်ရှင်သန်ကြ၏ ၊ ဘောင်ကျဉ်းလေလေ အောင်မြင်မှု့နည်းလေလေ ဖြစ်သည် ဘောင်ကျဉ်းကျဉ်းတည်ဆောက်ထားသူအတွက် သူ၏အတ္တကိုလူမြင်သောကြောင်းပတ်ဝန်းကျင် နှင့်လောကတွင်ဦးဆောင်နိုင်မှု့အားနည်း၏ ပရိသတ်ကိုစည်းရုံး၍မရနိုင် အတ္တကိုရှေ့တန်းတင်သောလူ သားများ၏စည်းရုံးရေးသည်လက်တွေ့မပါသော ပြယုတ်သဘောသာတည်း ။.

seflfishless idea “ မဟာယာနဗုဒ္ဒဘာသာဝင်များ၏ လမ်းစဉ်တွင် Bhodhisatta Idea ကိုတင်ပြလာကြသည် သူတို့တွင် သတ္တ၀ါမှန်သမျှဘုရားဖြစ်ခွင့်ရှိသည် ထိုနောက် ဘုရားလောင်း ၏ကျင့်စဉ်ဖြစ် သောပါရမီများကိုဖြည့်ကျင့်ရာတွင် အများအကျိုးကိုရှေ့တန်းတင်သော Idea မျိုးဖြစ်သော စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများဖြင့် အများကိုကူညီပေးသောဘုရားလောင်း၏ လမ်းစဉ်ကိုသာ အထွဌ်အမြတ်ထားလာ ကြ၏ ၊ ဘ၀နေထိုင်မှု့အရအရေးပါသော ကျင့်စဉ်တစ်ခုဖြစ်သည် လူသားတိုင်းသာ အများအတွက်ကိုယ်စီ တွေးကြမည်၊ အများအကျိုးကိုရှေ့ရှု့၍အလုပ်လုပ်ကြမည်ဆိုလျှင် ထိုပတ်ဝန်းကျင် သည် အေးချမ်းသော ပတ်ဝန်းကျင်၊ တိုးတက်သောပတ်ဝန်းကျင် ၊ သာယာပျော်ရွင်စရာ ကောင်းသော ပတ်ဝန်းကျင်အဖြစ်တည် ဆောက်နိုင်၏ ။ ထေရ၀ါဒဗုဒ္ဒဘာသာဝင်များ၏ အထွဌ်အထိပ်ထားသောအရာမှာ ဤဘ၀ဤခန္ဒ့ဖြင့်ကိလေသာ အပူငြိမ်း၍ ဘ၀ ဇာတ်သိမ်းရန်ဖြစ်သည် ၊ လူတစ်ယောက်ကိုရင်ဝတွင်မျှားစူးဝင်ခံနေရလျှင် ထိုမျှားကိုထုတ်နှုတ်၍ဆေးကုသ မှု့ပြုရန်သာပဓာန ကျသောအလုပ် မျှားအဘယ်အရပ်ကလာသနည်း ၊ မည်သူပစ်သနည်းစသော စုံးစမ်းမှု့ မျိုးသည် အဓိကပဓာနကျသော အရာမဟုတ်ထိုနည်းတူစွာ ဤခန္ဒာကိုယ်တွင်လည်း ကိလေသာမီးသည် အရှိန်းအဟုန်ပြင်းစွာဖြင့်တောက်လောင်းလျှက်ရှိ၏ ထိုကိလေသာမီးကိုအပြီးတိုင်ငြိမ်းသတ်ဖို့သည်သာ ပဓာနကျသောအရာဖြစ်သည်ဟုထေရ၀ါဒီအများလက်ခံယုံကြည်ထားကြသည် ။
ဤသို့ဆိုလျှင်ထေရ၀ါဒီများ ၊ အများစုသည် တစ်ကိုယ်ကောင်းဆန်သောအုပ်စု (၀ါ) အတ္တကိုရှေ့တန်းတင်သော အုပ်စုများဖြစ်သွားလေပြီးလားဟုပြောစရာရှိသည် ၊ ထေရ၀ါဒီများ၏ အများအကျိုးဆောင်ရွက်သော နည်းနှင့် မဟာယန၏အများအကျိုးဆောင်ရွက်သောနည်းမှာကွာခြားမှု့ရှိလေသည် ၊ ထေရ၀ါဒီအများစုသည် အတ္တနမေ၀ ပထမံ ပဋိရူပေနိဝေသယေ ၊ ဆိုသည့်အတိုင်း မိမိကိုယ်ပထမ သင့်တော်သောအခြေအနေ သို့ရောက်အောင်ကြိုးစားအားထုတ်ရမည် ပြီးမှသာ သူများကို လမ်းညွှန်ရမည် သို့မှသာ ပညာရှိများ၏ အပြစ်တင်ကဲ့ရဲ့ခြင်းမှလွတ်မြောက်နိုင်မည်ဖြစ်လေသည် ။ ထို့ကြောင်းသူများကိုကူညီလိုသူသည် မိမိကိုယ်ကို ပြည့်စုံအောင်ရှေးဦးစွာကြိုးစားအားထုတ်ရမည် ပြီးမှသူများကိုကူညီရမည် ၊ ရဟန်းတော်များသည်လည်း ကောင်းမှု့မျိုးစေ့ကိုစိုက်ပျိုးရာလယ်မြေသဖွယ် အဖြစ် တင်စားခံရသည် ၊ သီလ၀န္တ ရဟန်းတော်တစ်ပါးကိုပေးလှူသောအလှူမျိုးသည် အကျိုးကြီးမြတ်သောကြာင်း မိမိကိုယ်ကို ရှေ့ဦးစွာ စင်ကြယ်သောအကျင့်ဖြင့်ကူညီခြင်းသည်ပင်လျှင် သူတစ်ပါးကိုကူညီပြီးသားဖြစ်တောသည် ၊ အယူအဆနှစ်ခုဆန်ကျင့်ဖက်မဖြစ်စေရန်အတွက် လောကအကျိုးကိုရှေ့တန်းသောမဟာယန လမ်းစဉ်သည်လည်း မြတ်စွာဘုရားရှင်၏လမ်းစဉ်ဖြစ်သကဲ့သို့ရှေ့ဦးစွာ မိမိကိုယ်တိုင် လွတ်မြောက်မှု့အတွက် လောကုတ္တရာလမ်းစဉ်မှ (၀ါ) တရားလမ်းကြောင်းအရထေရ၀ါဒီတို့၏ လမ်းစဥသည်လည်း မြတ်စွာဘုရားရှင်၏လမ်းစဉ်သာဖြစ်သည် ၊ မြတ်စွာဘုရားရှင်သည် ပတ်ဝန်းကျင် ကိုဘောင်ခတ်သောပုဂ္ဂိုလ်မဟုတ် ထို့ကြောင်းမြတ်စွာဘုရားရှင်၏ သာသနာတော်သည် ဘောင်ခတ်ခြင်း မှကင်းသော အဆုံးအမတရားတော်သာဖြစ်သည် ၊ ဘုရားအဖြစ်ကိုရယူခြင်းသည်ပင် သတ္တ၀ါများ၏ အကျိုးစီးပွါးအတွက်သာ ၊ ဗုဒ္ဒေါလောကေသမုပန္နောဟိတာယသဗပါနိနံ ဆိုသည့်အတိုင်း အကန့်အသတ်မဲ့ ဘောင်းခတ်ခြင်းကင်းသောဘုရား၏တရားတော်များကိုလည်းမည်သူမဆိုကျင့်သုံးနိုင်၏ ကျင့်သူတိုင်းလည်း အကျိုးရနိုင်၏ ၊ ထို့ကြောင်း လူတိုင်း ဗုဒ္ဒဘာသာဝင်မဟုတ်သော်လည်း ဗုဒ္ဒ၏အဆုံးအမတရားတော်များသည် လူတိုင်အတွက် ဖြစ်သည် ၊ မြတ်စွာဘုရားရှင်၏ ဘောင်သည်
၁ ။ လောက
၂။ ဆွေမျိုး
၃။ မိမိအကျိုး
လောကမှာ မိမိကိုယ်ကျိုးချည်ဆောင်ရွက်သောပုဂ္ဂိုလ် ၊ သူတစ်ပါးအကျိုးကိုချည်းဆောင်ရွက်သောပုဂ္ဂိုလ် ၊ မိမိသူတစ်ပါး နှစ်ဦးနှစ်ဖက်အကျိုးကိုဆောင်ရွတ်သောပုဂ္ဂိုလ်၊မိမိသူတစ်ပါးနှစ်ဦးစလုံး၏ အကျိုးကို မဆောင်ရွက် သောပုဂ္ဂိုလ် ဟူ၍ လေးမျိုးတို့တွင် မြတ်စွာဘုရားရှင် မိမိ သူတစ်ပါးနှစ်ဦးသားတို့၏ အကျိုးကိုဆောင်ရွတ်သော ပုဂ္ဂိုလ်မျိုးဖြစ်သောကြောင်း မိမိအကျိုးအတွက် တရားအားထုတ်ခြင်းသည်ပင် သူတစ်ပါးအကျိုး အတွက်ဖြစ်သည် ၊ အဘယ့်ကြောင်းဆိုသော် မြတ်စွာဘုရားရှင်၏ သူလွတ်မြောက်သကဲ့သို့ သူတစ်ပါးကိုလွတ်မြောက်စေသည် ၊ သူသိသကဲ့သို သူများကိုသိစေတော်မူသည် ၊ ထို့သို့သိစေခြင်း၌အကန့်အသတ်မဲ့သည် ၊ ဘောင်ခတ်ခြင်းကင်းသည် ထို့ကြောင်း မြတ်စွာဘုရားရှင်၏ လောကအပေါ်ဦးဆောင်မှု့သည် အထူးအောင်မြင်သည် အားလုံးသော သတ္တ၀ါအနန္တလက်ခံနိုင်သည် ။ ထို့ကြောင်းပင်လျှင်မွေးဖွားပြီးစကပင် လောကတွင်ငါအမြတ်ဆုံး လောကတွင် ငါအကြီးဆုံးဟုကြွေးကြော်ခဲ့လေသည်။

. ”

0 comments:

About This Blog

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP