သတ္တ၀ါမှန်သမျှချမ်းသာရကျမ္မာကြပါစေ ဘေးရန်မခ ကြံသမျှဆန္ဒပြည့် ပါစေ

Saturday 2 April 2011

ထိုင်းတောင်ပိုင်းရေကြီး

. Type the rest of your post here.



ထိုင်းနိုင်ငံတောင်ပိုင်ရှိ ရေဘေးဒုက္ခသယ်များကို ထိုင်းစစ်တပ်မှ ရဟတ်ယဉ်များကိုအသုံးပြုလျှက်ကယ်ဆယ်ရေး လုပ်ငန်း များကိုလုပ်ဆောင်နေသည်ကိုတွေ့ရစဉ် ။
ထိုင်းနိုင်ငံတောင်ပိုင်း ရေကြီးမှုကြောင့် ယင်းဒေသမှ မြန်မာအလုပ်သမားများ ထောင်နှင့်ချီ၍ ဒုက္ခရောက်နေကြပြီး အကူအညီမဲ့နေကြောင်း သိရသည်။
တချို့နေရာတွေ ခါးလောက်ရောက်တယ်။ တချို့နေရာတွေဆို လည်ပင်းလောက် ရောက်တယ်။ ဘုန်းကြီးကျောင်းမှာ ထိုင်းတွေရော မြန်မာတွေရော အားလုံး ရောနေကြတယ်လေ။ အားလုံးပေါင်းရင်တော့ ၃၀၀ ကျော်မှာပေါ့” ဟု ဆိုသည်။

ရေဘေးဒဏ်သင့်ရာ ဒေသများမှ မြန်မာများမှာ အဆင်ပြေသလို နီးစပ်ရာ မိတ်ဆွေများရှိသည့်နေရာများသို့ သွားရောက် ခိုလှုံနေကြကြောင်း၊ လျှပ်စစ်မီးများ ပြတ်တောက်နေသည်မှာ ၂ ရက်ခန့်ရှိပြီဖြစ်ကြောင်း၊ တချို့နေရာများတွင် အစားအစာနှင့် သောက်ရေ ခက်ခဲလျက်ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။

ထိုင်းလူမျိုးများကိုယ်တိုင်မှာလည်း အတိဒုက္ခရောက်နေသဖြင့် မြန်မာများအချင်းချင်း ၀ိုင်းဝန်းကူညီကြရန် လိုအပ်ကြောင်း Thai Action Committee for Democracy in Burma (TACDB) မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက တိုက်တွန်းပြောဆိုသည်။

“ကျနော်တို့ ဘက်ကရော NGO တွေကို ချိတ်ဆက်ပြီး ကူညီနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေပါတယ်။ ထိုင်းတွေဘက်က ကြည့်ရင်လည်း သူတို့ကိုယ်တိုင် ဒုက္ခရောက်နေပြီ။ လုပ်ငန်းရှင်တွေမှာလည်း လုပ်ငန်းတွေ ပျက်စီးထိခိုက်နေကြပြီ။ အဖွဲ့အစည်းတွေအနေနဲ့ရော တဦးချင်းအနေနဲ့ရော ကိုယ်တတ်နိုင်သရွေ့ ကူညီသင့်ပါတယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံအတွင်းတွင် အလုပ် လုပ်ကိုင်နေသော မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းခွဲမှ ၄ သန်းအထိ ရှိနိုင်ကြောင်း အလုပ်သမား အရေးဆောင်ရွက်သူများက ခန့်မှန်းထားသည်။

0 comments:

About This Blog

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP