သတ္တ၀ါမှန်သမျှချမ်းသာရကျမ္မာကြပါစေ ဘေးရန်မခ ကြံသမျှဆန္ဒပြည့် ပါစေ

Thursday 8 September 2011

တူညီသောလမ်းမှမတူညီသောလူသားများ

ကမ္ဘာပေါ်တွင်ရှိရှိသမျှသတ္တ၀ါများထဲတွင် လူသားသတ္တ၀ါသည်အသိညာဏ်အရှိဆုံး သတ္တ၀ါဖြစ်သည် ၊ ထို့ ကြောင်းလည်း တီထွင်မှု့ နှင့် စိတ်ပိုင်းဆိုင်ရာတို့ တွင် လူသားများ၏စွမ်းဆောင်မှု့ သည် အန့် မခန်းပင်ဖြစ်သည် ။ ရှေးပဝေသနီ ခေတ်မှ သည်ယနေ့ တိုင်အောင် လူသားများ၏ အားထုတ်ကြိုးပမ်းမှု့ မှန်သမျှသည် “ ပျော်ရွင်မှု့  “ အတွက်ပင်ဖြစ်သည် ၊လူသားများ၏ ဘ၀ပေးအခြေအနေ ယဉ်ကျေးမှု ဘာသာစကား ၊နှင့်ဘာသာတရားများကွဲပြားလင့်ကစား လူသားများအားလုံးတူညီသောအချက်မှာ ပျော်ရွင်မှု့  သာဖြစ်သည် ၊ . မိမိတို့ ၏ အဆင့်အတန်းအလိုက် အကောင်းဆုံးအခြေအနေကိုရရှိအောင်အားထုတ်နေကြခြင်းမှာလည်း ထိုအခြေ အနေကိုရောက်လာလျှင် သို့ မဟုတ် ရလျှင် ပျော်ရွင်မည်ထင်သောကြောင်းဖြစ်သည် ။ လူသည်ဖြစ်လေရာ အဆင့်အတန်းအခြေအနေတိုင်းတွင် ချမ်းသာကိုရအောင်ရှာဖွေခဲ့လေသည် ။ လူသားများရှာဖွေနေသောချမ်းသာရေး
သည် အဆင့်လေးဆင့်ရှိသည်။
၁ ။ Physical level =ရုပ်ဝတ္တုပိုင်းဆိုင်ရာအဆင့်တွင် ပျော်ရွင်မှု့ ကိုရှာဖွေသောသူသည် အကောင့်ဆုံးသော ဇိမ်ခံပစ္စည်းများ ကိုသူ၏ပျော်ရွှင်မှု့ အတွက် ဟုထင်ကာ ရုပ်ဝတ္ထုပိုင်းဆိုင်ပြည့်စုံမှု့ အတွက် သာရှာဖွေ၏ ဤကဲ့သို့ ရုပ်ဝတ္ထုပြည့်စုံမှု့ ကိုဗုဒ္ဓဘာသာက ချမ်းသာအဖြစ်လည်းလက်ခံပါ၏ သို့ သော်လည်း ဤအဆင့်သည် တစ်ခဏတာမျှသာဖြစ်သည် တာရှည်ခံသောပျော်ရွင်မှု့ မျိုးမဟုတ် ထို့ ကြောင်း Phisical level is only momentary . သို့ သော်လည်းအများစုမှာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာကိုသာတန်းဖိုးထားတတ်ကြသူများသာ ။
၂ Emotional level စိတ်ခံစားမှု့ အဆင့်တွင်ချမ်းသာကိုရှာဖွေသောသူသည် ကောင်းသည်ဆိုးသည် ကြိုက်နှစ်သက်သည် မကြိုက်မနှစ်သက် ဟူသောသူ၏စိတ်ခံစားမှု့ တွင်သာချမ်းသာကိုရှာဖွေပြီး ၊ တရားမျှတမှု့ နှင့် အမှားအမှန်ကို ဂရုမစိုက်ပေ ဤကဲ့သို့ သောပုဂ္ဂိုလ်များသည် ယုံကြည်မှု့ တွင်သာအခြေခံပြီး အသိညာဏ်တွင်အခြေမခံသောဘာသာတရား၏အဆုံးအမအောက်တွင်ချမ်းသာမှု့ ကိုရှာဖွေကြ၏ ။ထို့ ကြောင်း Emotional level is feeling .
၃ Intellectual level အသိညာဏ်ကိုအခြေခံသောဆင့်တွင် ချမ်းသာမှု့ ကိုရှာသောဖွေသောသူများသည် အကြောင်းအကျိုး ဆီလျှော်မှု့  လေ့လာသင့်ယူမှု့  တို့ တွင်ပျော်ရွှင်မူ့ ကိုရှာဖွေကြ၏ ထိုသူများသည် သိပ္ပံနှင့် စာပေအနုပညာ တို့ တွင် ပျော်ရွှင်မှု့ ကို ရှာဖွေကြသည် ။ သူတို့ သည် စာပေလေ့လာခြင်း သီးချင်းနားထောင်ခြင်း စသောအသိညာဏ်ကို အခြေခံသောအဆင့်တွင်သာပျော်ရွင်မှု့ ကိုရှာဖွေကြပြီး လက်တွေ့ ကျင့်ကြံမှု့ အပိုင်းတွင်အခြေမခံပေ ။
၎ Spiritual or Moral level ကိုယ်ကျင့်တရားတွင်အခြေခံသောအဆင့်တွင်ပျော်ရွင်မှု့ ကိုရှာသော သူများသည် အများအကျိုး ကရုဏာ နှင့်နားလည်မှု့ တို့ နှင့်ဆက်စပ်နေပြီး တရားမျှတမူ့ ကိုအလေးအနက်ထားသည် ထို့ အပြင် သည်းခံခြင်း တရား ကိုလည်း လက်ကိုင်းထားသူဖြစ်သည် ။ လူသားများရှာဖွေနေသောပျော်ရွင်မှု့ သည် အဆင့်တိုင်းတွင်ရှိသည် သို သော် လည်း မိမိတို့ ၏ အဆင့်အလိုက် ပျော်ရွင်မှု့ သည်လည်းကွာခြားသွားမည်ဖြစ်သည် ၊ ဗုဒ္ဓ၏တရားတော်များသည် လက်တွေ့ အကျိုးရနိုင်သော သန္ဒိဌိက Immediate effect နှင့်အကာလိက any time အကျိုးရှိသောတရားများဖြစ်သောကြောင်း လက်တွေကျင့်လျှင်ဤဘ၀လက်ရှိအခြေအနေတွင် ပျော်ရွင်မှု့ အစစ်အမှန်ကိုရရှိနိုင်သည် ။ထို့ ကြောင်းမိမိတို့ ၏ အဆင့်အလိုက် ပျော်ရွင်မှု့ ကိုရှာဖွေကြသည်ဆိုရာတွင် ၊ မည်သို့ သောအဆင့်တွင်ရှိသင့်သည် ဆိုသည်ကို အောက်ပါပုံပြင်ဖြင့် အဆုံးသတ်ချင်ပါသည်။
တစ်ခါကရွာတစ်ရွာတွင် တစ်ရွာလုံးဝိုင်း၍အ၀တ်လျှော်သော ကျောက်ပျဉ်းတစ်ခုရှိလေသည် ထို့ ကျောက်ပျဉ်တွင် ရွာသားများအားလုံးဝိုင်း၍ အ၀တ်လျှော်ဖွတ်ကြသည် ၊ တစ်နေ့ တွင် တစ်ခြားရွာမှဘူမိဗေဒပညာရှင် ဧည့်သယ်တစ်ဦးသူတို့ ရွာသို့ ရောက်လာသည် ၊ ထို့ အခါ ရွာသားများအားလုံးအ၀တ်လျှော်သောကျောက်တုန်းကိုတွေ့ သောအခါ တန်းဖို့ ရှိသော ရတနာပါဝင်သည်အဖြစ်ကို သိရှိလိုက်လေသည် ထိုအခါသူက ရွာသားများကိုအားလုံးအစည်းအဝေးခေါ်ကာ ဤကျောက်တုန်း ထက်ကောင်းမွန်သာလွန်သောကျောက်တုန်းတစ်တုံးဖြင့်အစားထိုးလဲပေးမည်ဟု ပြောကြားလေသည် ၊ရွာသားများအားလုံးကလည်း သဘောတူကြလေသည် ၊ ထိုနောက် ဘူမိဗေဒပညာရှင် ဧည့်သယ်သည် လက်ရှိကျောက်တုန်းထက်ကြီးသော ပို ၍လှပသောကျောက်တုန်းတစ်တုံးဖြင့်အစားထိုးကာ တန်းဖို့ ရှိသောကျောက်တုံးကိုယူဆောင်သွားလေသည် ၊ ထိုရွာသားများကားအားလုံးဝမ်းမြောက်ဝမ်းသာဖြစ် ကာကျေးဇူးတင်မဆုံးဖြစ်၍ကျန်ရစ်ကြလေသည် ထိုဘူမိဗေဒပညာရှင်ကား ရွာသားများထက် ပို၍ပင်ဝမ်းသာကာကျေးဇူးတင်နေ လေသည် ။ မြတ်ဗုဒ္ဓကလည်း လူသားအားလုံးကို ဘူမိဗေဒပညာရှင်ကဲ့သို ဖြစ်စေလိုပြီး ရွာသားများကဲ့သို့ မအကြစေလိုပေ။


.

0 comments:

About This Blog

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP