သတ္တ၀ါမှန်သမျှချမ်းသာရကျမ္မာကြပါစေ ဘေးရန်မခ ကြံသမျှဆန္ဒပြည့် ပါစေ

Friday 22 April 2011

ဟတ်ယိုင်မြို့ထုံးလုံလက်အိပ်စက်ရုံမြန်မာအလုပ်သမားများစုပေါင်းရဟန်းခံပွဲနှင့်တရားပွဲဓာတ်ပုံများ




















ထိုင်းနိုင်ငံတောင်ပိုင်းရွှေ့ပြောင်းမြန်မာများစုပေါင်းဒုလ္လဘရဟန်းခံပွဲနှင့်အထူးတရားပွဲများကို ဟတ်ယိုင်မြို့ ထုံးလုံလက်အိပ် စက်ရုံအရှေ့ အပြင်တန်းလျှားတွင်ကျင်းပပြုလုပ်ရာ၊ ၁၂ရက် ၄လ ၂၀၁၁ နေ့တွင်တွင် ရဟန်းလောင်း၂၁ပါးတို့အားဆံချမင်္ဂလာပြုလုပ်ပြီး ၊ ၁၃ရက်နေ့နံနက် ၈နာရီအချိန်တွင် သိမ်ဝင် ရဟန်းခံခြင်းမင်္ဂလာကိုပြုလုပ်ခဲ့ကြခဲ့ကြသည် ထို့ နောက်ညနေပိုင်းအထူးတရားပွဲများအဖြစ် တရားဟော ဆရာတော် အရှင်အာလောက ဓမ္မာစရိယ (B.A) နှင့် အရှင်ခေမာဝံ (Ph D ) မဟိဒေါတက္ကသိုလ်တို့မှ ဟောကြားချီးမြှင့်ကြပြီး ဟတ်ယိုင် ဆုံခလာ ဆဒါအို ပတ်ဝန်းကျင်များမှ တရားနာပရိသတ် (၆၀၀)ခန့်လာရောက်ကာတရားနာယူခဲ့ကြကြောင်းသိရသည် ၊ ယခုကဲ့သို့သင်္ကြန်ဒုလ္လဘ၀တ်ပွဲများ ကို ပြုလုပ်ခြင်းမှာ ဒုတိယအကြိမ်ရှိပြီးဖြစ်ကြောင်း   “ နှစ်တိုင်းတောမွန်မကဦးဆောင်ပြီးတော သူနိုင်သလောက် ဘာသာ သာသနာအတွက် အခုလိုဒုလ္လဘကိုရင်စီပေးတာကိုလုပ်နေကြပါ သို့သော်လည်း မနှစ်က စ ပြီး တော တစ်ခြားတစ်ခြားသောရွှေ့ပြောင်းမြန်မာအလုပ်သမားများအားလုံးစည်းစည်းလုံးလုံးနှင့်ပူပေါင်းပါဝင်
လာကြတာ ဒီနှစ်ဆိုရင်အထူးစည်ကားပြီး အောင်မြင်လာတာကိုတွေ့ရပါတယ်။ဟု  ဟတ်ယိုင် အိုင်ဘီစီ ကောလိပ်မှအမ်အေကျောင်းပြီးလာပြီးယခုမဟိဒေါတက္ကသိုလ်တွင် ဒေါက်တာဘွဲ့အတွက်ဆက်လက် ပညာသင်ကြားနေသော ဆရာတော်အရှင်ခေမာဝံသမှမိန့်ကြားသည်။ ဒုလ္လဘရဟန်းခံပွဲနှင့်တရားပွဲများမှ လက်ကျန်ငွေဘတ်ငွေ (သုံးသောင်း) မြန်မာကျပ်ငွေဆယ်သိန်းကိုရုပ်ရှင်သရုပ်ဆောင်ဦး ကျော်သူ ဦးဆောင် သော  ဗြဟ္မစိုရ်လူမှု့ကူညီရေးအသင်းသို့ပေးအပ်လှူဒါန်း လိုက်ကြောင်းလည်းသိရသည်။

0 comments:

About This Blog

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP