သတ္တ၀ါမှန်သမျှချမ်းသာရကျမ္မာကြပါစေ ဘေးရန်မခ ကြံသမျှဆန္ဒပြည့် ပါစေ

Wednesday 21 September 2011

အမှတ်တစ်ရနေ့ရက် သို့ အိုင်ဘီစီ

ထေရ၀ါဒ နိုင်ငံတွေရဲ့ပထမဆုံးမဟာယနတက္ကသိုလ် လို့ဘဲပြောရမလား သို့တည်းမဟုတ် ထိုင်းထေရ၀ါဒ ဗုဒ္ဓဘာသာ တွေရဲ့သဘောထားကြီးမှု့လို့ဘဲပြောရမလား ၊ ဒီမဟာယန တက္ကသိုလ်ကို (2001 )ခုနှစ်မှာ မလေးရှားနိုင်ငံ တန်ရှန်းဖောင်ဒေရှင်း က Ven Wai Woo က စတင်အုပ်မြစ်ချခဲ့ပြီး (2005 )ခုနှုစ်မှာတရားဝင် ဖွင့်လှစ်ခဲ့ပါတယ် ။ စကားမစပ် ဦးရွှေအောင်ရဲ့ထေရ၀ါဒအုပ်မြစ် ဆိုတဲ့စာအုပ်လေးကိုတောင်သွားသတိရမိသေးတယ် ၊ အများအားဖြင့် မဟာယနဆိုရင် ထေရ၀ါဒအများစုက အထင်အမြင်သေးတတ်ကြတယ်. ဘုန်းကြီးတစ်ပါးလိုတောင်အရိုအသေမပေးချင်ကြဘူး ၊ချွင်းချက် (အားလုံးကိုမဆိုလိုပါဘူး) ။ မဟာယာနတက္ကသိုလ် တစ်ခုဆိုပေမဲ့ ထေရ၀ါဒ အများစုက ဒီတက္ကသိုလ်မှာရှိနေတာထူးခြားမှုထဲမှအထူးခြားဆုံးတစ်ခုပါ နောက်တစ်ခုက ဒီတက္ကသိုလ်ကိုတည်ထောင်ပေးထားတဲ့ ven Wai Woo ကိုယ်တိုင်ကသူ့တပည့်တွေကို ထေရ၀ါဒရဟန်းခံခွင့် ပေးထားတာဟာလည်းစိတ်ဝင်စားစရာကောင်းနေပြန်ပါတယ် ၊ တစ်ချို့ဆိုရင် မြန်မာပြည်မှာ သီလရှင်ဝတ်လာတဲ့
မလေး မဟာယနဗုဒ္ဓဘာသာဝင်တွေ မြန်မာလို့ မင်္ဂလာပါ လို့တောင်နှုတ်ဆက်နေကြသေးရဲ့ ၊ ဒီတက္ကသိုလ်ရဲ့ပါမောက္ခချုပ်ကလည်း မလေးရှားတရုပ်ဗုဒ္ဓဘာသာ ဆိုပေမဲ့ထေရ၀ါဒရဟန်းတော်တစ်ပါး ဖြစ်နေပြန်ပါတယ် ၊ တက္ကသိုလ်ကိုဦးဆောင် တည်ထောင်ထားသူက မဟာယန ရဟန်းတော်ဆိုပေမဲ့ ၊ ပါမေက္ခချုပ်က ထေရ၀ါဒ ရဟန်းတော်ပါ လက်ရှိ ဟောင်ကောင်တက္ကသိုလ် မှာ Lecturer လုပ်နေပြီး ၊ သာဝတ္ထီဝါဒ အဘိဓမ္မာ စာအုပ်ကိုအင်္ဂလိပ်ဘာသာနှင့်ထုတ်ဝေထားပြီး အမည်က ဆရာတော် ဓမ္မဇောတိ ၊ စာရေးသူကို ဘုရားဝတ်တက်တဲ့ အချိန်အိပ်ငိုက်တဲ့အတွက် ပြင်းပြင်းထန်ထန် သတိပေးဖူးလို့ယနေ့ထိမှတ်မိနေ သေးတဲ့ ဆရာတော်ပေါ့ သို့သော် နောက်တစ်ရက်မှာတော သူအခန်းကို လိုအပ်တဲ့အသုံးအဆောင်တွေသွားကပ်တော သူပြောတဲ့စကားက မှတ်မိပါသေးတယ် ငါဘယ်သူ့ကိုမှအဲသလိုမပြောဘူးတဲ့ မင်းကိုခင်လို့ပြောတာတဲ့ ။ ကျေနပ်လိုက်ရပြန်ပြီးပေါ့ နောက်နောင်တစ်ယောက်ယောက်ကို အဲဒီလို့များပြောမိခဲ့ ရင်ပြန်ချော့ဖို့အမှတ်ရစေတယ် ။
ဲ့စာရေး သူအဖို့ ၊ဘန်ကောက်မှာ စာလည်းဟုတ်တိပါတ်တိမလုပ်ချင်း ၊ ယောင်ခြောက်ဆယ်ဖြစ်နေသောအချိန် အတန်းတူသူငယ်ချင်း ဘင်္ဂလာဒေခ်ျ ရဟန်းတော်တစ်ပါး၏ လမ်းညွှန်ပေးမှု့ကြောင်း အိုင်ဘီစီကိုလျှောက်ဖြစ်သွားခဲ့သည် ။ ဒီတက္ကသိုလ်ကိုတက်ဖို့အတွက်လိုအပ်ချက်တွေကတော အများကြီးထဲက တစ်ခုကတော အချင်းအရည်ပြည်မှီးဖို့လိုတယ် sufficient knowledge ရှိဖို့ လိုတယ် ၊ အောင်လက်မှတ်အပြင် ၀င်ခွင့်စာမေးပွဲရေးဖြေ နှုတ်ဖြေ နှစ်မျိုးလုံးအောင်ရပါမယ် ၊ လိုအပ်တဲ့ အချက်အလက်တွေ့နှင့်လျှောက်လွှာဖောင်ကိုပါ အင်တာနက်ကရနိုင်ပါတယ် www.ibc.ac.th
တက္ကသိုလ်ရဲ့လည်ပါတ်မှု့ကတောတစ်ဖက်မှာကျောင်းတိုက်ပုံစံမျိုးနှင့်လည်ပတ်နေပြီးတဖက်မှာလည်းတက္ကသိုလ်စနစ်နှင့်လည်ပါတ်နေပါတယ် ။အားလုံးဟာ ခင်မင်စရာကောင်းပြီး တစ်ယောက်ကိုတစ်ယောက်အကူအညီပေးကြတဲ့ အကျင့်လေး တစ်ခုကိုလေးစားစရာကောင်းပါတယ် ။ အခုတောမဟိဒေါတက္ကသိုလ်နှင့်အပြန်အလှန်သဘောတူညီမှု့ တွေလုပ်ထားပြီး အထူးသဖြင့်မဟာ ယာနဗုဒ္ဒဘာသာကိုအထူးပြုလေ့လာလိုသူများအတွက် မဟာယာနဆိုင်ရာစာပေများစွာကိုစုဆောင်း ထားရှိကြောင်းနှင့် သူတို့ Library ကိုအသုံးပြုနိုင်ငံကြောင်း တာဝန်ရှိပုဂိုလ် student affair မှ director ဂျန်ချန်မှ စာရေးသူတို့ ရခိုင်မှာတိုက်ခတ်ခဲ့သောဂီရိမုန်တိုင်းတုန်း ကရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့ အား အလှူငွေ ဘတ်ငါးသိန်း ပေးအပ်လှူဒါန်းစဉ်ကမ်းလှမ်းပြောဆိုဖူးခဲ့ပါတယ် ။ အိုင်ဘီစီမှထွက်ခွါလာခဲ့တာနှစ်နှစ်တာကာလရှိပြီးဆိုတော စာရေးသူအတွက်လမ်းပျောက်နေသူကို လမ်းမှန်သို့ ပို့ ပေးခဲ့သောနေရာတစ်ခုအဖြစ် အစဉ်အမြဲအမှတ်ရနေလျှက် ။
.

0 comments:

About This Blog

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP