သတ္တ၀ါမှန်သမျှချမ်းသာရကျမ္မာကြပါစေ ဘေးရန်မခ ကြံသမျှဆန္ဒပြည့် ပါစေ
Wednesday 21 September 2011
အမှတ်တစ်ရနေ့ရက် သို့ အိုင်ဘီစီ
ထေရ၀ါဒ နိုင်ငံတွေရဲ့ပထမဆုံးမဟာယနတက္ကသိုလ် လို့ဘဲပြောရမလား သို့တည်းမဟုတ် ထိုင်းထေရ၀ါဒ ဗုဒ္ဓဘာသာ တွေရဲ့သဘောထားကြီးမှု့လို့ဘဲပြောရမလား ၊ ဒီမဟာယန တက္ကသိုလ်ကို (2001 )ခုနှစ်မှာ မလေးရှားနိုင်ငံ တန်ရှန်းဖောင်ဒေရှင်း က Ven Wai Woo က စတင်အုပ်မြစ်ချခဲ့ပြီး (2005 )ခုနှုစ်မှာတရားဝင် ဖွင့်လှစ်ခဲ့ပါတယ် ။ စကားမစပ် ဦးရွှေအောင်ရဲ့ထေရ၀ါဒအုပ်မြစ် ဆိုတဲ့စာအုပ်လေးကိုတောင်သွားသတိရမိသေးတယ် ၊ အများအားဖြင့် မဟာယနဆိုရင် ထေရ၀ါဒအများစုက အထင်အမြင်သေးတတ်ကြတယ်. ဘုန်းကြီးတစ်ပါးလိုတောင်အရိုအသေမပေးချင်ကြဘူး ၊ချွင်းချက် (အားလုံးကိုမဆိုလိုပါဘူး) ။ မဟာယာနတက္ကသိုလ် တစ်ခုဆိုပေမဲ့ ထေရ၀ါဒ အများစုက ဒီတက္ကသိုလ်မှာရှိနေတာထူးခြားမှုထဲမှအထူးခြားဆုံးတစ်ခုပါ နောက်တစ်ခုက ဒီတက္ကသိုလ်ကိုတည်ထောင်ပေးထားတဲ့ ven Wai Woo ကိုယ်တိုင်ကသူ့တပည့်တွေကို ထေရ၀ါဒရဟန်းခံခွင့် ပေးထားတာဟာလည်းစိတ်ဝင်စားစရာကောင်းနေပြန်ပါတယ် ၊ တစ်ချို့ဆိုရင် မြန်မာပြည်မှာ သီလရှင်ဝတ်လာတဲ့
မလေး မဟာယနဗုဒ္ဓဘာသာဝင်တွေ မြန်မာလို့ မင်္ဂလာပါ လို့တောင်နှုတ်ဆက်နေကြသေးရဲ့ ၊ ဒီတက္ကသိုလ်ရဲ့ပါမောက္ခချုပ်ကလည်း မလေးရှားတရုပ်ဗုဒ္ဓဘာသာ ဆိုပေမဲ့ထေရ၀ါဒရဟန်းတော်တစ်ပါး ဖြစ်နေပြန်ပါတယ် ၊ တက္ကသိုလ်ကိုဦးဆောင် တည်ထောင်ထားသူက မဟာယန ရဟန်းတော်ဆိုပေမဲ့ ၊ ပါမေက္ခချုပ်က ထေရ၀ါဒ ရဟန်းတော်ပါ လက်ရှိ ဟောင်ကောင်တက္ကသိုလ် မှာ Lecturer လုပ်နေပြီး ၊ သာဝတ္ထီဝါဒ အဘိဓမ္မာ စာအုပ်ကိုအင်္ဂလိပ်ဘာသာနှင့်ထုတ်ဝေထားပြီး အမည်က ဆရာတော် ဓမ္မဇောတိ ၊ စာရေးသူကို ဘုရားဝတ်တက်တဲ့ အချိန်အိပ်ငိုက်တဲ့အတွက် ပြင်းပြင်းထန်ထန် သတိပေးဖူးလို့ယနေ့ထိမှတ်မိနေ သေးတဲ့ ဆရာတော်ပေါ့ သို့သော် နောက်တစ်ရက်မှာတော သူအခန်းကို လိုအပ်တဲ့အသုံးအဆောင်တွေသွားကပ်တော သူပြောတဲ့စကားက မှတ်မိပါသေးတယ် ငါဘယ်သူ့ကိုမှအဲသလိုမပြောဘူးတဲ့ မင်းကိုခင်လို့ပြောတာတဲ့ ။ ကျေနပ်လိုက်ရပြန်ပြီးပေါ့ နောက်နောင်တစ်ယောက်ယောက်ကို အဲဒီလို့များပြောမိခဲ့ ရင်ပြန်ချော့ဖို့အမှတ်ရစေတယ် ။
ဲ့စာရေး သူအဖို့ ၊ဘန်ကောက်မှာ စာလည်းဟုတ်တိပါတ်တိမလုပ်ချင်း ၊ ယောင်ခြောက်ဆယ်ဖြစ်နေသောအချိန် အတန်းတူသူငယ်ချင်း ဘင်္ဂလာဒေခ်ျ ရဟန်းတော်တစ်ပါး၏ လမ်းညွှန်ပေးမှု့ကြောင်း အိုင်ဘီစီကိုလျှောက်ဖြစ်သွားခဲ့သည် ။ ဒီတက္ကသိုလ်ကိုတက်ဖို့အတွက်လိုအပ်ချက်တွေကတော အများကြီးထဲက တစ်ခုကတော အချင်းအရည်ပြည်မှီးဖို့လိုတယ် sufficient knowledge ရှိဖို့ လိုတယ် ၊ အောင်လက်မှတ်အပြင် ၀င်ခွင့်စာမေးပွဲရေးဖြေ နှုတ်ဖြေ နှစ်မျိုးလုံးအောင်ရပါမယ် ၊ လိုအပ်တဲ့ အချက်အလက်တွေ့နှင့်လျှောက်လွှာဖောင်ကိုပါ အင်တာနက်ကရနိုင်ပါတယ် www.ibc.ac.th
တက္ကသိုလ်ရဲ့လည်ပါတ်မှု့ကတောတစ်ဖက်မှာကျောင်းတိုက်ပုံစံမျိုးနှင့်လည်ပတ်နေပြီးတဖက်မှာလည်းတက္ကသိုလ်စနစ်နှင့်လည်ပါတ်နေပါတယ် ။အားလုံးဟာ ခင်မင်စရာကောင်းပြီး တစ်ယောက်ကိုတစ်ယောက်အကူအညီပေးကြတဲ့ အကျင့်လေး တစ်ခုကိုလေးစားစရာကောင်းပါတယ် ။ အခုတောမဟိဒေါတက္ကသိုလ်နှင့်အပြန်အလှန်သဘောတူညီမှု့ တွေလုပ်ထားပြီး အထူးသဖြင့်မဟာ ယာနဗုဒ္ဒဘာသာကိုအထူးပြုလေ့လာလိုသူများအတွက် မဟာယာနဆိုင်ရာစာပေများစွာကိုစုဆောင်း ထားရှိကြောင်းနှင့် သူတို့ Library ကိုအသုံးပြုနိုင်ငံကြောင်း တာဝန်ရှိပုဂိုလ် student affair မှ director ဂျန်ချန်မှ စာရေးသူတို့ ရခိုင်မှာတိုက်ခတ်ခဲ့သောဂီရိမုန်တိုင်းတုန်း ကရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့ အား အလှူငွေ ဘတ်ငါးသိန်း ပေးအပ်လှူဒါန်းစဉ်ကမ်းလှမ်းပြောဆိုဖူးခဲ့ပါတယ် ။ အိုင်ဘီစီမှထွက်ခွါလာခဲ့တာနှစ်နှစ်တာကာလရှိပြီးဆိုတော စာရေးသူအတွက်လမ်းပျောက်နေသူကို လမ်းမှန်သို့ ပို့ ပေးခဲ့သောနေရာတစ်ခုအဖြစ် အစဉ်အမြဲအမှတ်ရနေလျှက် ။
.
~~ဆက်ဖတ်ရန်~~~
Thursday 8 September 2011
တူညီသောလမ်းမှမတူညီသောလူသားများ
ကမ္ဘာပေါ်တွင်ရှိရှိသမျှသတ္တ၀ါများထဲတွင် လူသားသတ္တ၀ါသည်အသိညာဏ်အရှိဆုံး သတ္တ၀ါဖြစ်သည် ၊ ထို့ ကြောင်းလည်း တီထွင်မှု့ နှင့် စိတ်ပိုင်းဆိုင်ရာတို့ တွင် လူသားများ၏စွမ်းဆောင်မှု့ သည် အန့် မခန်းပင်ဖြစ်သည် ။ ရှေးပဝေသနီ ခေတ်မှ သည်ယနေ့ တိုင်အောင် လူသားများ၏ အားထုတ်ကြိုးပမ်းမှု့ မှန်သမျှသည် “ ပျော်ရွင်မှု့  “ အတွက်ပင်ဖြစ်သည် ၊လူသားများ၏ ဘ၀ပေးအခြေအနေ ယဉ်ကျေးမှု ဘာသာစကား ၊နှင့်ဘာသာတရားများကွဲပြားလင့်ကစား လူသားများအားလုံးတူညီသောအချက်မှာ ပျော်ရွင်မှု့  သာဖြစ်သည် ၊ . မိမိတို့ ၏ အဆင့်အတန်းအလိုက် အကောင်းဆုံးအခြေအနေကိုရရှိအောင်အားထုတ်နေကြခြင်းမှာလည်း ထိုအခြေ အနေကိုရောက်လာလျှင် သို့ မဟုတ် ရလျှင် ပျော်ရွင်မည်ထင်သောကြောင်းဖြစ်သည် ။ လူသည်ဖြစ်လေရာ အဆင့်အတန်းအခြေအနေတိုင်းတွင် ချမ်းသာကိုရအောင်ရှာဖွေခဲ့လေသည် ။ လူသားများရှာဖွေနေသောချမ်းသာရေး
သည် အဆင့်လေးဆင့်ရှိသည်။
၁ ။ Physical level =ရုပ်ဝတ္တုပိုင်းဆိုင်ရာအဆင့်တွင် ပျော်ရွင်မှု့ ကိုရှာဖွေသောသူသည် အကောင့်ဆုံးသော ဇိမ်ခံပစ္စည်းများ ကိုသူ၏ပျော်ရွှင်မှု့ အတွက် ဟုထင်ကာ ရုပ်ဝတ္ထုပိုင်းဆိုင်ပြည့်စုံမှု့ အတွက် သာရှာဖွေ၏ ဤကဲ့သို့ ရုပ်ဝတ္ထုပြည့်စုံမှု့ ကိုဗုဒ္ဓဘာသာက ချမ်းသာအဖြစ်လည်းလက်ခံပါ၏ သို့ သော်လည်း ဤအဆင့်သည် တစ်ခဏတာမျှသာဖြစ်သည် တာရှည်ခံသောပျော်ရွင်မှု့ မျိုးမဟုတ် ထို့ ကြောင်း Phisical level is only momentary . သို့ သော်လည်းအများစုမှာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာကိုသာတန်းဖိုးထားတတ်ကြသူများသာ ။
၂ Emotional level စိတ်ခံစားမှု့ အဆင့်တွင်ချမ်းသာကိုရှာဖွေသောသူသည် ကောင်းသည်ဆိုးသည် ကြိုက်နှစ်သက်သည် မကြိုက်မနှစ်သက် ဟူသောသူ၏စိတ်ခံစားမှု့ တွင်သာချမ်းသာကိုရှာဖွေပြီး ၊ တရားမျှတမှု့ နှင့် အမှားအမှန်ကို ဂရုမစိုက်ပေ ဤကဲ့သို့ သောပုဂ္ဂိုလ်များသည် ယုံကြည်မှု့ တွင်သာအခြေခံပြီး အသိညာဏ်တွင်အခြေမခံသောဘာသာတရား၏အဆုံးအမအောက်တွင်ချမ်းသာမှု့ ကိုရှာဖွေကြ၏ ။ထို့ ကြောင်း Emotional level is feeling .
၃ Intellectual level အသိညာဏ်ကိုအခြေခံသောဆင့်တွင် ချမ်းသာမှု့ ကိုရှာသောဖွေသောသူများသည် အကြောင်းအကျိုး ဆီလျှော်မှု့  လေ့လာသင့်ယူမှု့  တို့ တွင်ပျော်ရွှင်မူ့ ကိုရှာဖွေကြ၏ ထိုသူများသည် သိပ္ပံနှင့် စာပေအနုပညာ တို့ တွင် ပျော်ရွှင်မှု့ ကို ရှာဖွေကြသည် ။ သူတို့ သည် စာပေလေ့လာခြင်း သီးချင်းနားထောင်ခြင်း စသောအသိညာဏ်ကို အခြေခံသောအဆင့်တွင်သာပျော်ရွင်မှု့ ကိုရှာဖွေကြပြီး လက်တွေ့ ကျင့်ကြံမှု့ အပိုင်းတွင်အခြေမခံပေ ။
၎ Spiritual or Moral level ကိုယ်ကျင့်တရားတွင်အခြေခံသောအဆင့်တွင်ပျော်ရွင်မှု့ ကိုရှာသော သူများသည် အများအကျိုး ကရုဏာ နှင့်နားလည်မှု့ တို့ နှင့်ဆက်စပ်နေပြီး တရားမျှတမူ့ ကိုအလေးအနက်ထားသည် ထို့ အပြင် သည်းခံခြင်း တရား ကိုလည်း လက်ကိုင်းထားသူဖြစ်သည် ။ လူသားများရှာဖွေနေသောပျော်ရွင်မှု့ သည် အဆင့်တိုင်းတွင်ရှိသည် သို သော် လည်း မိမိတို့ ၏ အဆင့်အလိုက် ပျော်ရွင်မှု့ သည်လည်းကွာခြားသွားမည်ဖြစ်သည် ၊ ဗုဒ္ဓ၏တရားတော်များသည် လက်တွေ့ အကျိုးရနိုင်သော သန္ဒိဌိက Immediate effect နှင့်အကာလိက any time အကျိုးရှိသောတရားများဖြစ်သောကြောင်း လက်တွေကျင့်လျှင်ဤဘ၀လက်ရှိအခြေအနေတွင် ပျော်ရွင်မှု့ အစစ်အမှန်ကိုရရှိနိုင်သည် ။ထို့ ကြောင်းမိမိတို့ ၏ အဆင့်အလိုက် ပျော်ရွင်မှု့ ကိုရှာဖွေကြသည်ဆိုရာတွင် ၊ မည်သို့ သောအဆင့်တွင်ရှိသင့်သည် ဆိုသည်ကို အောက်ပါပုံပြင်ဖြင့် အဆုံးသတ်ချင်ပါသည်။
တစ်ခါကရွာတစ်ရွာတွင် တစ်ရွာလုံးဝိုင်း၍အ၀တ်လျှော်သော ကျောက်ပျဉ်းတစ်ခုရှိလေသည် ထို့ ကျောက်ပျဉ်တွင် ရွာသားများအားလုံးဝိုင်း၍ အ၀တ်လျှော်ဖွတ်ကြသည် ၊ တစ်နေ့ တွင် တစ်ခြားရွာမှဘူမိဗေဒပညာရှင် ဧည့်သယ်တစ်ဦးသူတို့ ရွာသို့ ရောက်လာသည် ၊ ထို့ အခါ ရွာသားများအားလုံးအ၀တ်လျှော်သောကျောက်တုန်းကိုတွေ့ သောအခါ တန်းဖို့ ရှိသော ရတနာပါဝင်သည်အဖြစ်ကို သိရှိလိုက်လေသည် ထိုအခါသူက ရွာသားများကိုအားလုံးအစည်းအဝေးခေါ်ကာ ဤကျောက်တုန်း ထက်ကောင်းမွန်သာလွန်သောကျောက်တုန်းတစ်တုံးဖြင့်အစားထိုးလဲပေးမည်ဟု ပြောကြားလေသည် ၊ရွာသားများအားလုံးကလည်း သဘောတူကြလေသည် ၊ ထိုနောက် ဘူမိဗေဒပညာရှင် ဧည့်သယ်သည် လက်ရှိကျောက်တုန်းထက်ကြီးသော ပို ၍လှပသောကျောက်တုန်းတစ်တုံးဖြင့်အစားထိုးကာ တန်းဖို့ ရှိသောကျောက်တုံးကိုယူဆောင်သွားလေသည် ၊ ထိုရွာသားများကားအားလုံးဝမ်းမြောက်ဝမ်းသာဖြစ် ကာကျေးဇူးတင်မဆုံးဖြစ်၍ကျန်ရစ်ကြလေသည် ထိုဘူမိဗေဒပညာရှင်ကား ရွာသားများထက် ပို၍ပင်ဝမ်းသာကာကျေးဇူးတင်နေ လေသည် ။ မြတ်ဗုဒ္ဓကလည်း လူသားအားလုံးကို ဘူမိဗေဒပညာရှင်ကဲ့သို ဖြစ်စေလိုပြီး ရွာသားများကဲ့သို့ မအကြစေလိုပေ။
.
~~ဆက်ဖတ်ရန်~~~
Sunday 4 September 2011
သမိုင်းလိမ်မူဆလင်များကိုအားလုံးသတိထားကြဖို့ တိုက်တွန်းခြင်း
တော်တော်ခံပြင်းစရာကောင်းတဲ့လုပ်ရပ် တစ်ခုဆိုတာကို ဒီမြေပုံကိုကြည့်ရတဲ့ မြန်မာနိုင်ငံသားအားလုံး သိစေခြင်းပါတယ် လူမျိုး နှင့်ဘာသာသာသနာကို ဖျောက်ဖို့ စီးမံကိန်းကို စနစ်တစ်ကျချမှတ်လုပ်ဆောင် နေကြတဲ့မူဆလင် ကုလားတစ်စု၏လုပ်ရပ်ကိုသိသာအောင်လို့ တင်ပြရခြင်းပါ  လူ့ အခွင့်ရေးဆိုတဲ့ ခေါင်းစီး 
အောက်ကသူတို့ ဘာတွေ ကိုရည်ရွယ်ချက်ရှိရှိနှင့်လုပ်ဆောင်နေကြတယ် ဆိုတာကို ဒီနေ့ ရခိုင်လူမျိုးများသာမက အားလုံးသောမြန်မာနိုင်ငံက တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ဒီမူဆလင် သမိုင်းလိမ်တွေ့ ရဲ့  သားကောင်းမဖြစ်စေဖို့ အထူးသတိထားရမဲ့ အချိန်ကိုရောက်နေပြီးဆိုတာကို တင်ပြခြင်းပါတယ်  ဒီမြေပုံမာ ARAKAN ဆိုတဲ့နေရာမှာ ချစ်စရာကောင်းတဲ့ရခိုင်လူမျိုးတွေရဲ့ ရိုးရာဝတ်စုံနှင့် ပုံကို မူဆလင်ဗလီတက်နေတဲ့ပုံနှင့်အစားထိုး ပြီး လှည့်စားထားတာကို တွေ့ ရမှာပါ ၊ ဒီတော အားလုံး သောတရားမျှတမှု့ နှင့် အမှန်တရားကိုလိုလားကြ သူတိုင်းသတိကြီးစွာထားနိုင်ဖို့ အတွက် တင်ပြရခြင်းဖြစ်ပါသည် ။ 
~~ဆက်ဖတ်ရန်~~~
Monday 29 August 2011
ရဟန်းတော်များလူမှု့ ရေးလုပ်သင့်သလား
ဗုဒ္ဓဘာသာအများစု မှတ်ထင်ထားကြသည်မှာ ရဟန်းတော်များသည် ဘ၀လွတ်မြောက်မှု့ အတွက် တစ်နည်းအားဖြင့်စိတ်ပိုင်းဘ၀ဖြူစင်မှု့ ဖြင့် တရား နှလုံးသွင်မှု့ ဖြင့်သာအချိန်ကုန်သင့်သည် တစ်နည်းအားဖြင့် လောကုတ္တရာအရေးသည်သာအရေးကြီးသည် လောကီလူမှု့ ကိစ္စများမှာဝင်မပါသင့်ဟုထင်မြင်ကြသည် ၊ လောကီလူမှု့ ရေးလုပ်ငန်းများ၌ စိတ်ဝင်စားခြင်း သည်  မဟာယန ၏ လမ်းစဉ်သာဖြစ်သည် အထူးသဖြင့်ဝိနည်းတော်နှင့်ဖိလာကန့် လန့် ဖြစ်သည်ဟု ထင်မြင်ကြသည် ၊ ဤအချက်နှင့်ပါတ်သတ်၍ ရှေးအခါက သီဟိုလ်နိုင်ငံတွင် ရဟန်းတော်များအချင်းချင်း အငြင်ပွါးမှု့ ဖြစ်ခဲ့သည် ပရိယတ္တိသည် သာသာနတည်တန့် ရေးအတွက်အရေးကြီးသလော သို့မဟုတ် ပဋိပတ္တိသည် အရေးကြီးသလော ဆိုသည့်  အငြင်ပွါးမှု့ တစ်ခုအကြောင်းအရာကိုနောက်မှဖော်ပြပါမည်။ အထက်ပါယူဆချက်နှင့်ပါတ်သတ်၍ အတွေးအမြင်တစ်ရပ်ကို မဇ္ဈိမနိကယ် အဌကထာ ၌လာသည့် ဖြစ်ရပ်တစ်ခုကိုတင်ပြချင်ပါသည် ၊ အမှန်အားဖြင့်ဤဆွေးနွေးချက်များသည် ကမ္ဘာကျော်သီဟိုဌ်ပညာရှင် ၀ါလ်ပိုလာရာဟုလာ ၏ အမြင်များကိုအခြေခံထားခြင်မျှသာ ၊ စာဖတ်သူများအနေဖြင့် သဘောတူသည် မတူသည်မှာ မိမိတို့ ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာ ဖြစ်သည်။
ကျေးရွာတစ်ရွာတွင် သဒ္ဓါတရားထက်သန်းသောအမျိုးသမီးတစ်ဦးသည် စူဠပိဏ္ဍပါတိကတိဿမထေရ်အား နှစ်ပေါင်းများစွာ ကိုးကွယ်ဆည်းကပ်လာခဲ့သည် ၊တစ်နေ့ သောအခါမှာ ကျေးရွာကိုမီးလောင်လေသည် ထိုအမျိုးသမီးအိမ်လည်းမီးထဲ၌ပါသွားသည် ၊ ထိုရွာသို့ အလည်အပါတ်ရောက် ရှိလာကြသော ရဟန်းတော် များ မှာ လာရောက်သတင်းမေးမြန်းကြအားပေးစကားပြောကြားကြပါသော်လည်း ထိုအမျိုးသမီး ကိုးကွယ် သောမထေရ်မှာ ယခုကဲ့သို့ အဖြစ်ဆိုးနှင့်ကြုံနေရချိန်တွင် အားပေးနှစ်သိမ်ဖော်မရခဲ့ချေ ။ ရွာသားများကလည်း ထိုမထေရ်အား ဆွမ်းခံချိန်ကျမှသာကြွလာလိမ့်မည်ဟုမှတ်ချက်ပေးခဲ့ကြသည်။ မထေရ်သည်လည်း နောက်နေ့ ဆွမ်းခံနေကျအချိန်တွင် ထိုဥပသိကာမအိမ်သို့ ပုံမှန်အတိုင်း ဆွမ်းခံကြွ လေသည် ။ အိမ်မရှိတောသောဥပသိကာမကြီးကလည်း အုတ်နံရံတစ်ခု၏အရိပ်အောက်တွင် မထေရ်အ တွက် ဆွမ်းပြင်ပြီး ဆွမ်းကပ်လေသည် ။ ဆွမ်းဘုဉ်ပေးပြီးနောက် မထေရ်ြပန်ကြွသွားသောအခါ ရွာသားများ ကထိုရဟန်း၏ စိတ်ထားနှင့်ပါတ်သတ်၍လှောင်ပြောင်ကြသည် ။ သို့ သော်လည်း အပြစ်ကင်းရှာသော ဥပသိကာမကြီး မိမိကိုယ်ကွယ်သော ရဟန်းအပေါ်တွင်အပြစ်မမြင်ဘဲ ရိုးသားစွာပင် ‘’ သင်တို့ ကိုးကွယ်သော (ကုလူပက) အိမ်လည်သော) ရဟန်း များမှာသင်တို့ အတွက်ကောင်း ပြီး ကျွန်မကိုးကွယ် သောရဟန်းမှာလည်းကျွန်းမအတွက်ကောင်းပါသည် ‘’ ဟုသာရိုးသားစွာချေပခဲ့သည် ။ ဤသာဓကကိုအခြေံ၍ ရဟန်းတော်များမှာ နှစ်မျိုးနှစ်စားရှိသည် တစ်မျိုးမှာမိမိကိုယ်ကို  ဘ၀သံသရာမှ  လွတ်မြောက်ရန်ဟူသောတစ်ခုတည်းသောရည်ရွယ်ချက်ဖြင့် မည်သည့် လူမှု့ ကောင်းကျိုးမှစိတ်မ၀င်စားဘဲ ကမ္မဌာန်ဘာဝနာရှု့ မှတ်မှု့ တွင်သာမြှတ်နှံထားသည့် ရဟန်းမျိုး နှင့် မိမိတို့ ၏ဘ၀သံသရာလွတ်မြောက်မှု့ အပြင် စိတ်ပိုင်းရုပ်ပိုင်း နှစ်မျိုးလုံး တွင် လူအများကောင်းကျိုးဆောင်ရွက်မှု့ ကို စိတ်ဝင်စားသော ရဟန်းမျိုး တို့ ဖြစ်သည် ။ ဒုတိယသဘောထားသည် ပထမအမျိုးအစားထက်ပိုမိုအကျိုးများမည်ဟုထင်မြင်ပြီး ဗုဒ္ဓ၏ရှင်တော်မြတ်၏စိတ်ထားနှင့်လည်းညီညွတ်သည်ဟုထင်မြင်မိသည် ဟုဆရာတော်ဝါပိုလ်လာက သုံးသပ်သည် ၊ဗုဒ္ဓသည်အခါတစ်ပါး၌ပြောင်းခင်တစ်ခုလုံး ရေလွှမ်းမိုး၍ ပျက်စီးသောသဖြင့်စိတ်မချမ်းမသာ ဖြစ်နေသည် ပုဏားမိတ်ဆွေတစ်ဦးထံကြွရောက်ပြီးအားပေးစကားဆိုဖူးကြောင်း သုတ္တနိပါတ အဠကထာ တွင်တွေ့ ရသည် ၊အထက်ပါအကြောင်းအရာနှင့်ပါတ်သတ်၍ အယူအဆလည်းကွဲပြားကြသည် ဥပသိကာ မကြီးကဲ့သို့ သောလူများက စူဠပိဏ္ဍပါတိကတိဿမထေရ်၏ သဘောထားမျိုးကိုနှစ်သက်ကြသည်။ အဠကထာဆရာကိုယ်၌ကလည်း စူဠပိဏ္ဍပါတိကတိဿမထေရ်ကို ‘’ မည်သူ့ ကိုမျှမမှီခိုလွန်းသူ ၊ မည်သည့်ကျေးဇူးတင်ခံယူခြင်းမရှိဘဲ ဆွမ်း ကိုရယူသူ ‘’ အဖြစ် ချီးမွန်းထားကြောင်းပြဆိုသည် ။
အထက်ပါယူဆချက်များနှင့်ပါတ်သက်၍ ဒိဃနိကာယ် သိင်္ဂလသုတ်တွင် အသေးစိတ်ဖော်ပြထားသည်။  သိုဖြစ်စေကာမူ အများစုမှာ မထေရ်၏သဘောထားကို မနှစ်သက်ကြဘဲ လူမှု့ အကျိုးဆောင်ရွက်သည့် ရဟန်းများကို ပို၍နှစ်သက်ကြသည်။ တကာ၊တကာမများအပေါ်တွင်ထားသောရဟန်းတော်များ၏ သဘောထားမှာ အောက်ပါဂါထားဖြင့် သိသာသည်။
ဂီဟိနံ ဥပကရောန္တာနံ၊ နိစ္စံ အာမိသဒါနတော ။
ကရောထ ဓမ္မဒါနေန၊တေသံပစ္စယကာရကံ။ (သဒ္ဓမ္မလင်္ကာရယ) ၅၂၃
အာမိသဒါနဖြင့်သင်တို့ ကိုထောက်ပံ့ကြသည့်ဥပသိကာ၊ဥပသိကာမများအား ဓမ္မဒါနဖြင့် တုံ့ ပြန်ထောက်ပံ့ကြလော ။
အထက်ပါဂါထာ၌ပါဝင်သောဓမ္မဒါန ဟူသောဝေါဟာရကို စိတ်ပိုင်းလေ့ကျင့်မှု့ ၊ပညာရေးဘ၀ ၊ယဉ်ကျေးမှု့ ဆိုင်ရာကူညီဆောင်ရွက်မှု့ အားလုံးကို ထည့်သွင်းနိုင်သည် ။ထို့ ကြောင်း ရဟန်းတော်များအနေဖြင့် မိမိတို့ ကို ပစ္စည်းလေးပါးဖြင့်ထောက်ပံ့ကြကုန်သော တကာ၊မများအား စိတ်ပိုင်းလေ့ကျင့်မှု့ ၊ယဉ်ကျေးမှု့ နှင့် ပညာ ရေး ဆိုင်ရာ ပေးကမ်းမှု့ များဖြင့် ဆောင်ရွက်ပေးရန်မှာ မိမိတို့ ၏တာဝန်သာဖြစ်သည်ဟုခံယူထားကြသည်။
ရဟန်းတော်များနှင့်ပါတ်သက်၍တစ်ချို့ သောဖြစ်ရပ်ဝတ္တုများမှာ ရဟန်းတော်များသည် မိမိကိုယ်တိုင် မြင့်မြတ်သည့်ဘ၀ကိုခံယူလျက် အတတ်နိုင်ဆုံး အများကောင်းကျိုး ဆောင်ရွက်နိုင်ရန်ဖြစ်သည် ဟုခံယူထားကြသည်ကိုတွေ့ ရသည်။ ရဟန်းတော်များ၏ဘ၀သည် ဘာသာတရားအဆုံးအမကို လိုက်နာကျင့်သုံးရာ၌ လူအများ ၏စိတ်ဓာတ်ကို မြှင့်တင်ပေးရာ၌စံနမူနာ ဖြစ်သည်။ သို့ သော်လည်း လိုအပ်သည့်အချိန်၌မူ မိဘတို့ ကို အာမိသဒါန (ပစ္စည်းဝတ္တုလှူဒါန်းမှု့ )ဖြင့်ကူညီပြီးပြုစုစောင့်ရှောက်ရန်ညွှန်ကြားကြောင်းလည်းသိရသည်။
မှတ်ချက် ။ ဓာတ်ပုံကိုရခိုင်ကျောင်းသားရဟန်းတော်များဘလောမှကူးယူဖော်ပြပါသည် ။
~~ဆက်ဖတ်ရန်~~~
Friday 19 August 2011
အဆိုတော်စိုးပိုင်ရဲ့ ဘာသာရေးနှင့်ပါတ်သတ်တဲ့သီချင်းလေးတစ်ပုဒ်ပါ
~~ဆက်ဖတ်ရန်~~~
Sunday 31 July 2011
အိုစမာဘယ်လာဒင်ဆိုတာ
တစ်နေ့ သာ၌ကပိယသာချိုတစ်ယောက် ရွာထိပ်ကအရီးမြအိမ်သို့ အလည်အပါတ်ထွက်ခွါသွားလေသည် ၊ ကပိယသာချိုသည်ကားဘုန်းကြီးကျောင်းသားကပိယဆိုသော်ငြားလည်း ခေတ်မီသောကပိယတစ်ယောက်ဖြစ် သည် ဘာသာရေးသာမက နိုင်ငံရေး၊ စီးပွါးရေ ၊လူမှု့ ရေး၊ဗဟုသုတစုံသော ကပိယဖြစ်သည့်အားလျှော်စွာ သူ၏ မိန်းမသဖွယ် တစ်နေ ကုန်ထိုင်းကြည့်လဲ ကြည့်မ၀နိုင်သော လပ်တောကွန်ပျူတာတစ်လုံးကို အိပ်ထဲမှာထည့် ကာ အရီးမြအိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာလေသည် ။ အရီးမြအိမ်၌ အပျိုးကြီး မိတုတ်အပါဝင် တစ်ခြားအိမ်နီးနားချင်းများလည်းစုဝေးရောက်ရှိနေခိုက် မိမိ၏လက်တောကွန်ပျူတာ ထဲတွင်
သိမ်းထားသော
.
~~ဆက်ဖတ်ရန်~~~
Sunday 17 July 2011
ပထမအကြိမ်လေးဝတီမိသားစုဝါဆိုသင်္ကန်းကပ်ပွဲ
ပထမအကြိမ်လေးဝတီရခိုင်မိသားစုများမှဦးဆောင်၍ ၀ါဆိုသင်္ကန်ဆက်ကပ်လှူဒါန်းပွဲကို ဆုံခလာမြို့ ၊ပင်လယ်ကမ်းခြေငါးသေတ္တာစက်ရုံတွင် ကျင်းပရာ မြန်မာနိုင်ငံမှရွှေ့ပြောင်းအလုပ်သမားးတိုင်းရင်သား
ညီအစ်ကိုမောင်၊ နှမများစုံစုံညီညီ တက်ရောက်လှူဒါန်းခဲ့ကြောင်းသိရသည်  .၀ါဆိုသင်္ကန်းကပ်ပွဲနှင့်အတူ ညတရားပွဲကိုကျင်းပရာ ၊ ဆရာတော်အရှင်ခေမာဝံသ ph D မဟိဒေါတက္ကသိုလ်မှဟောကြားချီးမြှင့်ခဲ့ပြီး 
လှူဒါန်းမှု့အစုစုတို့အတွက်ရေစက်ချအမျှပေးဝေခဲ့ကြောင်းသိရသည်၊ အထက်ပါဝါဆိုသင်္ကန်ဆက်ကပ် လှူဒါန်းပွဲသို့  သံဃာတော်သုံးပါးကြွရောက်ချီးမြှင့်ခဲ့ကြောင်းသိရသည် ။ အလားတူ ဆုံခလာ ပုဇွန်း  စက်ရုံတွင်လည်း ၀ါဆိုလဆန်း (၁၁) နံနက် ပိုင်းတွင်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကိုကျင်းပကြီး ၊ 
ဝါဆိုလဆန်း (၁၄)ရက်နေ့ ဆဒါအို safe sking လက်အိပ်စက်ရုံတွင်ဝါဆိုင်္ကန်းဆက်ကပ်လှူဒါန်းပွဲ နှင့်ညတရားပွဲ များကိုကျင်းပခဲ့ကြပြီး ၀ါဆိုလဆန်း (၁၅) နေ့ ထုံလုံ လက်အိပ်စက်ရုံ အပြင်တန်းလျှားတို့ တွင်လည်းအသီးအသီး ကျင်းပခဲ့ကြကြောင်းသတင်းရရှိသည် ။
~~ဆက်ဖတ်ရန်~~~
About This Blog
About This Blog
  © Blogger template Brooklyn by Ourblogtemplates.com 2008
Back to TOP