သတ္တ၀ါမှန်သမျှချမ်းသာရကျမ္မာကြပါစေ ဘေးရန်မခ ကြံသမျှဆန္ဒပြည့် ပါစေ

Wednesday 24 March 2010

ပြဿနာဖြေရှင်းခြင်းစွမ်းရည်

မည်သူ ?
မည်သည့်နေရာ ?
မည်သည့်အရာကို ?
မည်သည့်အချိန် ?
မည်သည့်အတွက်ကြောင့် ?
မည်ကဲ့သို ?
အထက်ပါအချက်များပေါ်တွင်အခြေခံလျှက်ကျွန်ုပ်တို့၏ပြဿနာကို ထိရောက်စွာနှင့်စနစ်တကျအကူညီပေးနိုင်လိမ့်မည်နည်းဟု စဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချပါ။


ပြဿနာတစ်ခုကို ပထမဆုံး စတင်ရင်ဆိုရလျှင် သင်မည်သို့ဖြစ်လာမည်နည်း ၊ ပြဿနာ၏အခြေနေပေါ်တွင်မူတည်၍ ပထမဆုံး စိတ်ဓာတ်ကျသွားမည်၊ စိတ်ပျက်သွားမည် သို့မဟုတ် မှင်သက်မိသွားမည် သို့သော်ထိုပြဿနာကိုသင်မဖြေရှင်ခဲ့လျှင်ရှေ့ဆက် စိတ်ဖိစီးပြီး ကျမ္မာရေးထိခိုက်လာနိုင်သည် ထိုကြောင်း သင်မည်သို့ဆက်လုပ်မည်နည်း အခြေအနေကို သုံးသပ်ပါထိုနောက် တစ်ခြားအဖြစ်နိုင်ဆုံး သောဆုံးဖြတ်ချကတစ်ခုကို ချပါ

ဝေဖန်ဆန်းစစ်ခြင်း

မည့်သည့်အရာကအကျိုးရှိမည်နည်း မည့်သည့်အရာကပို၍အကျိုးရှိမည်နည်း မည့်ကဲ့သို့အကျိုးသက်ရောက်မှု့မျိုးခံစားရနိုင်သနည်း
ပထမဆုံး အစီစဉ်ဆွဲ ပါ
အမှန်စင်စစ် ဝေဖန်ဆန်းစစ်ခြင်းဆိုသည်မှာ အခြေအနေ နှင့်အချက်အလက်ပေါ်တွင်အခြေခံ၍ ဖြစ်နိုင်ခြေရှိသော အခြေအနေတစ်ရပ်ကိုဝေဖန်ခြင်းစွမ်းရည်ကိုဆိုလိုပါသည် ။
အခြေအနေ
ဥပမာ သူငယ်ချင်းတစ်ယောက် ကျောင်းပြေးဖို့ လာဆွဲဆောင်နေလျှင် သို့မဟုတ် ဆေးလိပ်သောက်ဖို့လာရောက်ဆွဲဆောင်နေလျှင်
အကယ်၍လုပ်လိုက်လျှင် မည်ကဲ့သိုဖြစ်လာမည်နည်း
မလုပ်လိုက်လျှင်မည်ကဲ့သို့ဖြစ်လာမည်နည်း
အစရှိသည်အားဖြင့်အခြေအနေနှင့်အချက်အလက်များပေါ်တွင်အခြေခံလျှက် အကျိုးတရားရလဒ်ဖြစ်နိုင်ခြေကိုဝေဖန်ဆန်းစစ်ခြင်းပင်ဖြစ်ပါသည် ။

မြတ်စွာဘုရားပြဿနာဖြေရှင်ပုံ

မြတ်စွာဘုရားရှင်သည် ကောသလနှင့်ကပိလ၀တ် တိုင်းနှစ်တိုင်း ရေကိုအကြောင်းပြု၍စစ်ပွဲဖြစ်ခါနီးဆဲဆဲတွင် နှစ်ပြည်ထောင်းမင်းတို့အားငြိမ်းချမ်းရေးတရားဟောကြားတော်မူသည် ၊
ထိုသို့ဟောကြားတော်မူသောအခါ နှစ်ပြည်ထောင်မင်းတို့အား ရေနှင့် လူ၏အသက် မည့်သည်အရာ ကတန်းဖို့ရှိသနည်း ဟုမေးခွန်းမေးတော်မူ၏ ၊ ထိုအခါနှစ်ပြည်ထောင်မင်းတို့သည် လူ၏အသက်က ပို၍တန်ဖို့ရှိကြောင်းဖြေကြားကြသည်။ တန်းဖို့မရှိသည့်ရေကြောင်းတန်းဖို့ရှိလှတဲ့လူ့အသက်အိုးအိမ်စိစည်းချမ်းသာကို မစွန့်လွှတ်သင့်ကြောင်းမိန့်ကြားတော်မူ၏ နှစ်ပြည်ထောင်မင်းတို့သည် နားလည်းသဘောပေါက်၍ ပြဿနာပြေလည်ခဲ့သည်။

တီထွင်ကြံဆမှု့

ဤအရာကိုကျွန်ုပ်လုပ်နိုင်တယ် သို့သော် ကျွုပ်တစ်ခြားနည်းလမ်းကိုကြိုးစားကြည့်နိုင်တယ် သည်အရာကိုတစ်ခြားနည်းလမ်းဖြင့်ကြိုးစားကြည့်ခြင်းအားဖြင့်အထမြောက်နိုင်သည် စသည်အားဖြင့်
ထိုးထွင်းကြံဆမှု့ဖြစ်သည် ။ တီထွင်ကြံဆမှု့သည်ဘ၀လမ်းတစ်လျှောက်လုံးတွင်တွေ့ကြုံနိုင်သော
အခက်ခဲ့ပြဿနာများနှင့်တစ်ခြားသော ဖြစ်နိုင်ခြေနည်းလမ်းများကို အသုံးချလျှက် ဖြစ်ပေါ်လာသော၊ ပြဿနာဖြေရှင်းခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်း စွမ်းရည်တို့နှင့်ဆက်စပ်နေ၏ လက်ရှိနည်းလမ်းဖြင့်မရလျှင် တစ်ခြားနည်းလမ်းဖြင့် လုပ်မည် ။ ဥပမာကျွန်ုပ်စာကောင်းကောင်းမရေးနိုင်ဘူး ဒီတော စာရေးမည့်အစားပန်ချီးဆွဲမည် စသည်အားဖြင့်ဖြစ်သည် ။

တစ်ပါးသူ၏ခံစားချက်ကို နားလည်ခံစားခြင်း တစ်ပါးသူ၏ခံစားချက်ကိုနားလည်ခံစားခြင်းဆိုသည်မှာ တစ်ပါးသူ၏ခံစားချက်ကို
လေးစားတန်ဖို့ထား ခြင်းဖြစ်သည် ။
ဥပမာ ။ ခင်ဗျားဘယ်လိုခံစားရမယ်ဆိုတာကိုကျုပ်သိပါတယ် ဒါပေမဲ့ စိတ်မပူပါနဲ့ ခင်ဗျားအဲဒီလို့မဖြစ်စေရပါဘူး ခင်ဗျားအကူအညီလိုအပ်ရင်ကျုပ်ကိုပြောပါ စသော စကားများဖြစ်သည် ။
မိမိတို့အပေါ်တွင်တစ်ခြားသူများဂရုစိုက် ကူညီစောင့်ရှောက်မှု့ကို စဉ်းစားလျှက် တစ်ခြားလူများအပေါ်တွင်လည်း အကူအညီနှင့် လိုအပ်သည်များကိုထောက်ပံ့ပါ သင်ကိုယ်တိုင်စဉ်းစားကြည့်ပါ
ဥပမာ
လူတစ်ယောက် စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါ အခက်ခဲဖြစ်နေသည့်အချိန် သင်မည်ကဲ့သို့ ခံစားရမည်နည်း
မိမိတို့အပေါ်`၌တစ်ခြားလူများ ကူညီစောင့်ရှောက်ပေးခဲ့မှု့ကို ထောက်ထား၍တစ်ခြားသူများကိုလည်းနားလည်ပေးပါ သူတို့သည်မိမိတို့နှင့်မတူညီသည့်အရာကို လက်ခံပေးပါ ။
သနားခြင်း
ကူညီခြင်း
နားလည်ခြင်း ။

ထိရောကသော ဆက်ဆံရေး

ထိရောက်သောဆက်ဆံရေးဆိုသည်မှာ အခြေအနေအားလျှော်စွာရှင်းလင်းစွာနှုတ်ကထုတ်ဖော်ပြောဆိုနိုင်သောစွမ်းရည်ဖြစ်ပါသည်။ တစ်စုံတစ်ယောက်က အကူအညီတောင်ခံလာသောအခါ
တွေးပါ
ခံစားပါ
နားထောင် ၊
မျှဝေ
အနည်းဆုံး တစ်ခုခုကိုပေးနိုင်မည်လား မြတ်စွာဘုရားရှင်တရားဟောသောအခါ အဘယ်နည်းကိုအသုံးပြုသနည်း
မြတ်စွာဘုရား ပရိသတ်လေးမျိုးကိုတရားချီးဟောသောအခါ နည်းလေးနည်းဖြင့်ဟောကြားကြောင်းမှတ်သားဖူးပါသည်
၁ ။ အမေးအဖြေနည်းဖြင့်ဟောကြားတော်မူသည်
၂။ ကိုယ်တိုင်ပါဝင်လှုပ်ရှားစေသောနည်းဖြင့်ဟောကြားတော်မူသည် (ဥပမာ) ကိသာဂေါတမီ ကိုမြတ်စွာဘုရားမုံ့ညှင်းစေ့ရှာခိုင်းခြင်း
၃ ။ နားထောင်ခြင်းဖြင့်ပြီးနောက် တွေးတောဆင်ခြင်းခြင်းနည်းဖြင့်ဟောကြားတော်မူသည် ဤနည်းကိုမြတ်စွာဘုရားရှင်အများဆုံးအသုံးပြုဟောကြားတော်မူခဲ့သည်ဟုယူဆသည် ။
၎။ ရွတ်ဆိုစေခြင်းနည်းဖြင့်ဟောကြားတော်မူသည်။ ညာဏ်မကောင်းသောရဟန်းတစ်ပါးကို ဤနည်းကိုအသုံးပြုလျက်ဗုဒ္ဓတရားပေးတော်မူခဲ့သည့်အတွက်တရားထူးကိုရသွားကြောင်းသာဓကရှိသည်။ စာရွက်ပေါ်တွင်ရေးချလိုက်ပါ သင်မည်သို့ခံစားရသည်ကို ထိုနောက် နှုတ်ကထုတ်ဖော်၍ရှင်းပြပါ အဘယ့်ကြောင့်ခံစားရသည်ကို

လူ့ဝတ်တရားများ

ကောင်းမွန်သော ဆက်ဆံရေးများကို တည်ဆောက်ခြင်းထိန်းထားခြင်းသည် လူ့ဝတ်တရားများဖြစ်ကြသည် ။
မင်္ဂလာပါ
ကျွန်ုပ်အမည်က ----------
ကျွန်ုပ်တို့ ကောင်းမွန်သောအုပ်စုတစ်စုအဖြစ်တည်ဆောက်ပါတယ် ။
ကျွန်ုပ်တို့ မိသားစုကကျွန်ုပ်ကိုအမြဲတမ်းပံပို့ပါတယ် ။
ကောင်းမွန်သောလူမှု့ဆက်ဆံရေးသည်စွမ်းရည်သည် ကျွန်ုပ်တို့အနားတွင်ရှိသောလူများဆီမှရရှိပါသည်။
မိသားစုဝင်များဆက်ဆံရေး
ကျောင်းတွင်ဆက်ဆံရေး
သူငယ်ချင်းများနှင့်ဆက်ဆံရေး
လူမှု့ရေးနယ်ပယ်ဆက်ဆံရေး
ကျွန်ုပ် တစ်ခြားသောဌာန ရုံး လူများနှင့်အလွယ်တစ်ကူဆက်ဆံနိုင်ပါတယ် ။

တစ်ခြားလူများ၏ခံစားမှု့ကိုနားလည်းခံစားခြင်း

ခင်ဗျားမည်သို့ခံစားရသနည်းဒီနေ့
ကျွန်ုပ်အရမ်းဝမ်နည်းတယ်ဒီနေ့ = ကျွန်ုပ်အရမ်းဝမ်းသာတယ်ဒီနေ့
ကျွန်ုပ်မည်သို့လုပ်ရမည်နည်း သို့သော်ကျွန်ုပ်တို့ အချိန်အခါကိုတော ထည့်တွက်ဖို့လိုလိမ့်မယ်
တစ်ခြားလူများ၏ခံစားချက်ကိုနားလည်ခံစားခြင်းဆိုသည်မှာ ကျွန်ုပ်တို့ သူများကိုခံစားခြင်းနှင့် ကျွန်ုပ်တို့ကိုယ်တိုင်းခံစားတို့ကိုခွဲခြားပင်ဖြစ်ပါသည် ကျွန်ုပ်တို့ခံစားမှု့သည်မည်မျှ အတိုင်းအတာထိ အပြုအမူ ကိုအကျိုးသက်ရောက်စေသနည်း ပြီးလျှင်လျှောက်ပတ်စွာတုန့်ပြန်နိုင်စွမ်းရှိသနည်းဆိုသည်ကိုနားထားရန်လိုအပ်ပေသည် ။
မြတ်စွာဘုရားရှင်သည်ကိသာဂေါတမီကိုမည်ကဲသို့ကူညီခဲသနည်း ။
ကိုယ်ုတိုင်နားလည်သဘောပေါက်ပြီးနောက်ထိုအခြေအနေကိုလက်ခံနိုင်အောင်ဗုဒ္ဓကပရိယာယ်ဖြင့်ကူညီပေးခဲ့သည် ။ သင်စိတ်ဆိုးလာသောအခါမည်ကဲသို့လုပ်သနည်း

သူများ၏စိတ်ဖိစီးမှု့ကိုနားလည်ခံစားခြင်း

ကျောင်း တက်ရတာတကယ်ကိုမလွယ်ဘူး
ကျွန်ုပ်မိန်းမ ပြဿနာရှာတယ်
ကျွန်ုပ်ဦးလေးကိုကြောက်တယ် သူကျွန်တော်ကိုစိတ်ဆိုးလိမ့်မယ်
ပထမဆုံးဘာလုပ်သင့်သနည်း ထိုနောက် စိတ်ဖိစီးမှု့မဖြစ်အောင်မည်ကဲ့သို့ပြုလုပ်ရမည်နည်း
ဆွေးနွေးပါ
စိတ်ဖိစီးမှု့ကိုကျော်လွှားဖို့အတွက် `ဤကဲ့သို့ပြုလုပ်လိုက်သောအားဖြင့် ဘယ်လောက်အတိုင်းအတာထိဆိုးကျိုးသက်ရောက်နိုင်သနည်း ၊ပြီးတော ဘယ်လောက်အတိုင်းအတာထိအကျိုးသက်ရောက်မှု့ရှိလာမည်နည်း ဆိုသည်ကိုသင်တွက်ထားဖို့လိုလိမ့်မည် ။
ကလေးငယ်များနှင့် လူငယ်များ အသိပညာနှင့် လေ့ကျင့်မှု့တို့ကြောင်းနေ့စဉ်ဘ၀စွမ်းရည်များမြင့်တက်နိုင်၏
ဘ၀နေနည်းစွမ်းရည်သည် ယဉ်ကျေးမှု့ လူ့အဖွဲ့အစည်းအလိုက် ကွဲပြားနိုင်၏

အသိဉာဏ်
တန်ဖို့နှင့်
ယုံကြည်မှု့ ၊
စိတ်ထား
ပတ်ဝန်းကျင် ယဉ်ကျေးမှု့ ဘာသာရေး သတင်းနှင့် ပုဂ္ဂလိက စသည်များစွာသော အချက်အလက်များသည်ကျွန်တော်တို့၏အပြုအမူများအကျင့်များပေါ်တွင်အကျိုးသက်ရောက်လျက်ရှိပါသည် မိမိကိုယ်တိုင် ဘ၀နေနည်းစွမ်းရည်မြင့်မာလာမှုနှင့် ပတ်ဝန်ကျင်ကိုပါမြင့်မာလာစေခြင်းတို့သည်ယနေ့အမှန်တကယ်လိုအပ်နေသောဘ၀နေနည်း
စွမ်းရည်များပင်ဖြစ်ပါသည် ။










0 comments:

About This Blog

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP