သတ္တ၀ါမှန်သမျှချမ်းသာရကျမ္မာကြပါစေ ဘေးရန်မခ ကြံသမျှဆန္ဒပြည့် ပါစေ

Monday 8 March 2010

ဘ၀နေနည်းစွမ်းရည်များ

Life Skills နှင့်ပတ်သတ်၍ဘ၀နေနည်းစွမ်းရည် ဟုအမည်ပေးလျှက် စာရေးသူ အနည်းငယ် တင်ပြချင်ပါသည် ၊ ဘ၀မှာ နေထိုင်ဖို့အတွက် ဘ၀နေနည်းစွမ်းရည်သည်အလွန်အရေးကြီးပါ သည် ၊ အထက်ပါစွမ်းရည်မှာ နှစ်မျိုးတွေ့ရမည်ဖြစ်သည် တစ်မျိုးက The ability to Adjust ဖြစ်ပြီး နောက်တစ်မျိုးက Adopt good behavior ဖြစ်သည် ။ မိမိတို့၏ကိုယ်ပိုင် စွမ်းရည် ကို မျှမျှ တတ မှန်မှန်ကန်ကန် အသုံးပြုတတ်ဖို့ (၁) အရေးကြီးပါသည် ။လူတိုင်းလူတိုင်တွင် ကိုယ်ပိုင်စွမ်းရည် ကိုယ်စီရှိကြသည် ထိုကဲ့သို့သော ကိုယ်ပိုင်စွမ်းရည်ကို မှန်မှန်ကန်ကန် နှင့်မျှမျှတတ အသုံးချသောအခါ လူသည် အောင်မြင်မှု့ဆီသို့ ဦးတည်၍ ဘေးဒုက္ခ ပေါင်းမှ လွတ်မြောက်နိုင်၏ ။

သို့သော်တစ်လွဲအသုံးချမိလျှင်ကား အန္တရာယ် နှင့် အခက်ခဲ့များ ဆင်းရဲဒုက္ခများကို ရင်ဆိုင်ရမည်ဖြစ်သည် ။ ဥပမာ
ပြရလျှင် မြတ်စွာဘုရားရှင် မိမိရရှိထားသောညာဏ်ကို မှန်မှန်ကန်ကန် အသုံးချနိုင် သောကြောင်း သတ္တ၀ါဝေနေယျ ဒုက္ခအပေါင်းမှလွတ်မြောက်ပြီး အေးချမ်းမှု့ကို ရရှိ ခံစား နိုင်ကြရ၏ ၊ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ကလည်း မိမိ၏စွမ်းရည်ကို မှန်မှန်ကန်ကန် ၊ မျှမျှတတ အသုံးပြုလျှက် ဉာဏ်လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းလာခဲ့သည်မှာ အားလုံးအသိပင်ဖြစ်ပါသည် ။
မြတ်စွာဘုရားရှင် တရားဟောသောအခါ ပုဂ္ဂလဇ္ဈာသယ ဟု ခေါ်သောတရားနာသော ပုဂ္ဂိုလ်၏ အလို ဆန္ဒကို ကြည့်၍ တရားချီမြှင့်တော်မူသည် ၊ ဤသည်မှာ လည်း မြတ်စွာ ဘုရားရှင်သည် မိမိ၏ ဉာဏ်စွမ်းရည်ကို မှန်မှန်ကန်ကန်
မျှမျှတတ အသုံးပြုခြင်း တစ်မျိုး ပင်ဖြစ်ပါသည် ။ ထို့ကြောင်းလည်းမြတ်စွာဘုရားရှင်နှင့်တွေ့သော ပုဂ္ဂိုလ်တိုင်းသည် ဘုရားရှင်ဟောသောတရားတော်ကို ကျေနပ်နှစ်သက်စွာလက်ခံလျှက် တရားထူး တရားမြတ်ကိုရသွားကြသည်သာများလှသည် ။ လူ့ဘ၀တွင်လည်း မိမိတို့ ၏ စွမ်းရည်ကို မှန်မှန်ကန်ကန် မျှမျှတတ အသုံးချသောကြောင်း နေ့စဉ်ဘ၀ အခက်ခဲများကို ကျော်လွှား နိုင်ကာ ဘ၀လိုအပ်ချက်များကို အချိန်ကုန်လူပန်း သက်သာစွာဖြင့်ဖြ ည့် ဆည်းနိုင်၏ ။
နောက်တစ်မျိုးက Adopt good behavior ဖြစ်သည် ကောင်းသော အမှုအကျင့်များကို ပြုစုပျိုးထောင် လေ့ကျင့် ယူရ မည်ဖြစ်သည် ။ ဗုဒ္ဓဘာသာရေးရှု့ဒေါင့်မှ တင်ပြ ရလျှင် ကာယကံ၊ ၀စီကံ ၊မနောကံ ၊ ကိုယ် ၊နှုတ် ၊ စိတ် တို့ကို အပြစ်ကင်းစင်သန့်ရှင်း စင်ကြည်အောင် လေ့ကျင့်ယူရမည်ဟုဆိုလိုပါသည် ။
လူ့မှု့ရေးနယ်ပယ်မှကြည်လျှင် စနစ်တကျဝတ်စားဆင်ယင်မှု့သည် လည်း ဘ၀နေနည်း စွမ်းရည်တစ်မျိုးပင်ဖြစ်ပါသည် ။ တစ်ချို့က နေရာတကာမှာ ခေတ်မှီတယ်ဟုအထင်ဖြင် မတော်မရော်များကိုဝတ်ဆင်လေ့ရှိ၏ ။ ထိုသို့ဝတ်ဆင်ခြင်းမှာ ခေတ်မှီခြင်းမဟုတ်ချေ စင်စစ် ဘ၀နေနည်းစွမ်းရည်ကိုမှားယွင်းစွာအသုံးချမှု့သာ ၊ သင့်တော်သောနေရာ၌ သင့်တော်သော ၀တ်စားဆင်ယင်မှု့မျိုးသာဖြစ်သင့်သည်။ တစ်စုံတစ်ဦးမှအရက်သောက်ရန် သို့မဟုတ် မကောင်းမှု့ပြုလုပ်ရန် လာရောက် ဆွဲဆောင် လျှင်လည်း နှုတ်ဖြင့်ပွင့်ပွင့်လင်းလင်း ငြင်း ဆိုရမည် မိမိ၏ခံစားမှု့ကို ထုတ်ဖော်ရမည် အားနာ၍ လိုက်သွားရသည့်အဖြစ်မျိုး မဖြစ်စေရ။ မိမိ၏မိတ်ဆွေ ၊ မိသားစုများနှင့် တစ်ခြားလူများအပေါ်တွင် ပြေပြစ်သောဆက်ဆံမှု့မျိုး ကိုပြုကျင့်ရမည် ။ ပြဿနာကို ရင်ဆိုင်ဖြေရှင်းရမည် ။ အထက်ပါဖော်ပြချက်မှာလူမှု့ရေးနယ်ပယ်တွင် ပြုစုပျိုးထောင် လိုက်နာကျင့်ကြံရမည့် ဘ၀နေနည်းစွမ်းရည်များပင်ဖြစ် ကြပါသည် ။
အဓိကကျသော ဘ၀နေနည်းစွမ်းရည်များမှာ
(၁) မိမိကိုယ်ကိုနားလည်ခြင်း Self Awareness
(၂) ဆုံးဖြတ်ချက်ချခြင်း Decision Making
(၃) ပြဿနာဖြေရှင်းခြင်း Problem Solving
(၄) ဝေဖန်ဆန်းစစ်ခြင်း Analytical Thinking
(၅) တီထွင်ကြံဆမှု့ Creative Thinking
(၆) တစ်ဖက်လူ၏ခံစားချက်ကိုနားလည်ခြင်း ကိုဖော်ပြခြင်း Interpersonal relationship / Showing Empathy
(၇) ထိရောက်သောဆက်သွယ်ရေး Effective Communication
(၈) လူ့ဝတ်တရားများ Social Responsibility
(၉) တစ်ပါးသူ၏ ခံစားချက်ကို ခံစားနားလည်ခြင်း Copying with Emotions
(၁၀) တစ်ပါးသူ၏ စိတ်ဖိစီးမှု့ကိုခံစားနားလည်ခြင်း Copying with Stress .
အထက်ဖော်ပြပါအရာများသည် အရေးပါသော ဘ၀နေနည်းစွမ်းရည်များဖြစ်ကြပါသည် ။
ဗုဒ္ဓဘာသာဝင်များ၏ဘ၀နေနည်းများမှာအောက်ဖော်ပြပါတရားများအားနေစဉ်ဘ၀တွင်အသုံးချလျှက်နေထိုင်ရှင်သန်ခြင်းပင်ဖြစ်ပါသည် ။
မင်္ဂင် (၈) ပါး
၁ ။ သမ္မာဝါစာ ၂ ။ သမ္မာကမ္မန္တ ။ ၃ သမ္မာအာဇီဝ ၄။ သမ္မာဝါယမ ၅။ သမ္မာဒိဋ္ဌိ ၆။ သမ္မာသင်္ကပ္ပ ၇။ သမ္မာသတိ ၈။ သမ္မာသမာဓိ ။
ဗြဟ္မ၀ိဟာရတရားလေးပါး (၄)ပါး
၁။ မေတ္တာ
၂ ။ ကရုဏာ
၃ ။ မုဒိတာ
၎ ။ ဥပေက္ခ
သစ္စာလေးပါး
ငါးပါးသီလ
၁ ။ သူတစ်ပါးအသက်ကိုသတ်ခြင်းမှရှောင်ကြဉ်ခြင်း
၂ ။သူတစ်ပါးမပေးသောဥစ္စာကိုခိုးယူခြင်းမှရှောင်ကြဉ်ခြင်း
၃။ သူများသားမယားအားလွန်ကျူးခြင်းမှရှောင်ကြဉ်ခြင်း
၎ ။ လိမ်ညာပြောဆိုခြင်းမှရှောင်ကြည်ခြင်း
၅ ။ မူယစ်သေစ်ာသောက်ခြင်းမှရှောင်ကြည်ခြင်း
ဤတရားများသည်ဗုဒ္ဓဘာသာရှု့ဒေါင့်မှ ဘ၀နေနည်းစွမ်းရည်တရားများဖြစ် ပါသည် အထက်ပါတရားများကိုနေ့စဉ်ဘ၀တွင်အသုံးချခြင်းဖြင့် ဆင်းရဲအပေါင်းမှလွတ်မြောက်လျှက် လောကီ ၊လောကုတ္တရာနှစ်ဖြာသောအကျိုးတရားများကိုရရှိစေနိုင်၏ ။

မှတ်ချက် ။ အထက်တွင်ဖော်ပြထားသောအဓိကကျသောဘ၀နေနည်းစွမ်းရည်(၁၀)ချက်နှင့်ပတ်သက်၍ ဆက်လက်ဖော်ပြပေးသွားပါမည် ။


0 comments:

About This Blog

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP