သတ္တ၀ါမှန်သမျှချမ်းသာရကျမ္မာကြပါစေ ဘေးရန်မခ ကြံသမျှဆန္ဒပြည့် ပါစေ

Thursday 10 March 2011

သူငယ်ချင်း အရှင်ဝရသာမိအားထပ်ဆင့်ဂုဏ်ပြုလိုက်ပါသည်

Mahachulalongkornrajavidyalaya University,Chiang Mai Campus မှ ပထမဆုံး BA တန်းပြီးဆုံးသူလဲဖြစ်၊ MMSA-၏ ပထမဆုံး ဥက္ကဋ္ဌလည်းဖြစ်သော၊ ကျောင်းသာရေးရာနှင့်လူမှုရေး ဆိုင်ရာကဏ္ဍများ၌ နိုင်ရာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး BA(English) ဘွဲ့ပြီးဆုံးသော အသျှင်ဝရသာမိအား MMSAမှ အထူးလှိုက်လှဲအားရ၀မ်းသာစွာဂုဏ်ယူပါကြောင်းနှင့် MMSA- ပေါ် ပေါက်လာစေရန်ထမဆုံးအားကြိုးမာန်တက်စည်းရုံးကြိုးပမ်းဦးဆောင်ခဲ့မှုများကိုအထူးကျေးဇူးတင်ပါကြောင်း MMSA မှ မှတ်တမ်းတင်အပ်ပါသည်။


. ထပ်မံ၍ ဆုတောင်းဆန္ဒပြုလိုသည်မှာ-------- ရှေ့ဆက်လျှောက်လှမ်းရမည့် ဘ၀ခရီးလမ်းတလျှောက်တွင် ပညာပြည့်ဝ၊ နှလုံးလှ၍ သုခချမ်းသာ၊ အရာရာသော ကောင်းခြင်းမင်္ဂလာများ ပိုင်ဆိုင်ပြည့်ဝပါစေကြောင်း၊ အမျိုးဂုဏ် နိုင်ငံ့ဂုဏ်ဆိုင်ရာ ကဏ္ဍမျာကိုလည်း ဆထက်တပိုး တိုး၍ ကြိုးစားဆောင်ရွက်နိုင်သော၊ အများကောင်းကျိုး ထမ်းပိုး ရွက်ဆောင်နိုင်၍ မိမိတိုင်းပြည်၊ လူမျိုး၊ ဘာသာ၊သာသာနာတိုးတက်စည်ပင် ပြန့်ပွါးအောင်ဆောင် ရွက်ကြိုးစားနိုင်သောသားကောင်းရတနာတစ်ပါးဖြစ်ပါစေကြောင်းကျောင်းသားညီကိုများအားလုံးမှ ဆုတောင်းဆန္ဒပြုအပ်ပါသည်။

MMSA (Chiang Mai Campus)
Chiang Mai မြို့





နှုတ်ဆက်ဂုဏ်ပြုခြင်း Farewell Party ကျင်းပ
Chaiang Mai March 9,2011- Wednesday
Mahachulalongkornrajavidyalaya University,Chiang Mai Campusတွင် ယနေ့ ၉ ရက် ၃ လပိုင်း၊ ၂၀၁၁ ဗုဒ္ဓဟူးနေ့တွင် Farewell Party ကျင်းပခဲ့ကြောင်းသတင်းရရှိသည်။ အဆိုပါ နှုတ် ဆက်ပွဲသည်မဟာချူလာလင်ကွန်တက္ကသိုလ်တွင်မြန်မာကျောင်းသားများမှထမဆုံးအကြိမ် ပြုလုပ် ကျင်းပသော ပါတီဖြစ်ကြောင်းနှင့်ပထမဆုံးE. Major ဖြင့်ကျောင်းပြီးသော အသျှင်ဝရသာမီအားလဲ ဂုဏ်ပြုသောနှုတ်ဆက်ပါတီဖြစ်ကြောင်း၊ပါတီပွဲတွင်ပါဝင်ခဲ့သောအကြောင်းအရာအများကိုတက်ရောက် ခဲ့သူများထဲမှ ရဟန်းတပါးက MMSA သို့ယ္ခုကဲ့သို့ ပြောကြားခဲ့သည်မှ

မေး။ ။ Farewell Party ကျင်းပတယ်လို့ သိရပါတယ် ဘယ်လို လုပ်ဖြစ်တာပါလဲ?
ဖြေ။ ။ ဟုတ်ပါတယ် ဒီပါတီဟာ နောက်ဆုံးနှစ်ပြီးသွားတဲ့ အသျှင်ဝရသာမိကိုဂုဏ်ပြုတဲ့ပါတီပါ။
မေး ။ ။ ဘယ်နှစ်ကြိမ်ရှိသွားပြီလဲ မသိဘူးနော်?
ဖြေ ။ ။ ဒါဟာ ပထမဆုံး အကြိမ်ပှါ BA တန်း ပြီးတဲ့ကျောင်းသားကခုမှတပါးတည်းပဲ ရှိသေးဆိုတော့ ဒါဟာ ပထမဆုံး ဂုဏ်ပြုပွဲတခုပါ။
မေး။ ။ ဒီပါတီပွဲမှာ ဘာတွေလုပ်ဖြစ်ခဲ့လဲ ပြောပြပါလား?
ဖြေ ။ ။ ပါတီမှာ အသျှင်ဝရသာမိ(BA) ကို ဂုဏ်ပြုပါတယ်၊ သူက MMSA ကို အကောင်ထည်ဖေါ်ခဲ့သူ ဖြစ်ပြီးတော့ ပထမဆုံး ဥက္ကဋ္ဌတာဝန်လဲ ထမ်းဆောင်ခဲ့သူဆိုတော့ အဲဒီအတွက်လဲ ကျေးဇူးတင်တာပါ။
မေး ။ ။ ပါတီမြင်ကွင်းလေး နည်းနည်းလောက် ပြောပြပေးပါလား?
ဖြေ ။ ။ ပထမဆုံး အကြီးကဲ တပါးက အဖွင့်အမှာ စကားပြောပါတယ်။ ပြီးတော့ အဖွဲ့အစည်းကိုယ်စားပြုဝန်ချတယ် တကယ်လို့များ အမှားတွေ ရှိခဲ့ရင် သည်းခံခွင့်ပြုဖို့ပေါ့လေ
အသျှင်ဝရသာမိကလည်း ပြန်ပြီးတော့ တောင်းပန်ပါတယ်။ ပြီးတော့ လက်ဆောင်တခုပေးတယ်
မေး ။ ။ ဘာလက်ဆောင်လဲ မသိဘူးနော်?
ဖြေ ။ ။ ပညာရေးအမှတ်သင်္ကေတတွေပေါ့လေ အဓိက အမှတ်တရဖြစ်စေတဲ့ပစ္စည်းတွေပါပဲ…အဓီက ကတော့သူ့ကို ချီးကျူးကြတယ် တပါးချင်း တောင်းပန်စကား အကြံပြုစကားဆိုကြတယ်။အသျှင်ဝရသာမိမှလဲ ကျေးဇူးတင်စကား ၀န်ချတောင်းပန်စကားများနဲ့ ရင်ထဲရှိတဲ့ စေတနာနဲ့ဆန္ဒတွေပေါ့… အနာဂါတ် အချိန်တွေမှာ ကူညီပေးနိုင်ရန်သူဟာ အဆင်သင့်ရှိတဲ့အကြောင်း စတာတွေပေါ့လေ အရမ်းဝမ်းသာ စရာကောင်းပါတယ်။
ဆက်ပြီးတော့……၄င်းပုဂ္ဂိုလ်ကပဲ ပါတီပွဲမှာ MMSA အဖွဲ့ကျောင်းသားတွေ အားလုံးနီပါးတက်ရောက်ခဲ့ပြီးတော့ အသျှင်ဝရသာမိအတွက် MMSA အဖွဲ့က ဂုဏ်ပြုချီးကျူးခြင်းဆန္ဒပြုဆုတောင်းခြင်းစာတမ်းဖတ် ပြီးတော့ အဆုံးသတ်ခဲ့ကြောင်း MMSA သတင်းဌါနသို့ ပြောကြားသွားခဲ့ပါတယ်။

...............
စာရေးသူ
ဘိက္ခုဖြူ .

0 comments:

About This Blog

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP