သတ္တ၀ါမှန်သမျှချမ်းသာရကျမ္မာကြပါစေ ဘေးရန်မခ ကြံသမျှဆန္ဒပြည့် ပါစေ

Tuesday 1 March 2011

ကျွန်ုပ်နှင့်ပါတ်ဝန်းကျင်

ဘာမျှကြာလိုက်သည်ဟုမထင်လိုက်ရပေမဲ့ငါး နှစ်ဆိုတဲ့အချိန် ကာလတစ်ခုကိုချည်းနင်းဝင်ရောက်ခဲ့ပြီ ၊ ထိုင်းနိုင်ငံ၏ဓလေ့ထုံစံများနှင့်ယဉ်ပါးလာခဲပြီးဟုဆိုနိုင်၏ ၊ စာရေးသူတို့စရောက်တုန်းကဆိုရင် ထိုင်းနိုင်ငံမှာ
ဘုန်းကြီးတွေဆန္ဒပြနေကြတဲ့အချိန်ပေါ့သူတို့နိုင်ငံရဲ့ဖွဲ့စည်းပုံဥပဒေမှာဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာ (State Religiou) အဖြစ်သတ်မှတ်ဖို့တစ်နိုင်ငံလုံးဝိုင်းပြီးတောတောင်ဆိုနေကြတဲ့အချိန်လေ ၊ ပါလီမန်အရှေ့မှာလည်းသပိတ်စခန်း တွေဖွင့်ပြီးတော ဆန္ဒပြလို့ပေါ့ . တစ်ခြားသောဘုန်းကြီးတွေကတောအခြေအနေမဟန်မှန်းသိတာနှင့် သိပ်ပြီးတောပါဝင် လာခြင်း မရှိ တောဘူး သို့သော်လည်းဝတ်တစ်လုံးကျောင်းကဆရာတော်ကတော သူ့ရဲရည်မှန်ချက်ပန်းတိုင်းကို လှမ်းကိုင်နိုင်ဖို့ ကမ္ဘောဒီယား ၊ ဘင်္ဂလားဒေခ်ျနှင့်မြန်မာရဟန်းသံဃာ များကို အားကိုးကာ တစ်ပါတ်မှာ တစ်ရက်နှစ်ရက်ဆိုသလို ဆန္ဒပြုပွဲကြီးကိုဆင်နွဲနေသောအချိန်ဖြစ်လေသည်။ ထိုင်းနိုင်ငံပြည်သူများ အနေဖြင့်နိုင်ငံရေးမှာဘုန်းကြီးများ ပါဝင်
်ခြင်းကိုအားမပေးဟုလည်းသိရသည် သို့သော်လည်းဘာသာရေးကိစ္စ မို့လုံဖောကိုစိတ်ထဲကအားပေးနေပေမဲ့ ၊ တကယ်တမ်းမှာ ဆန္ဒပြဖို့သွားရ၊ ခြေကျင်လျှောက်ရ သည်ကိုတော သံဃာအများစုကသိပ်ပြီးတော ဘ၀င် ကျကြသည်မဟုတ်။ ထိုင်းစစ်ဦးစီချုပ် ဆွန်သီအာဏာသိမ်းထားချိန်ဆိုတော ၊ တစ်နေ့ စာရေးသူ အပါဝင်သံဃာခြောက်ဆယ်ခန့် သည် ဆွမ်းဆံစိန်အလှူခံကြွမည်ဟုလုံဖောကပြောကြောင်း သက်ဆိုင်သံဃာတစ်ပါးမှလာရောက်အသိပေးသည် သံဃာအများစုကလည်းတကယ် ဆွမ်းဆံစိမ်းအလှူခံကြွရ မည်အမှတ်ဖြင့်သင်္ကန်သပိတ်များကိုပျင်ဆင်လျှက် နောက် မှ လိုက်သွားကြလေသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံးအရှေ့ကိုရောက်တောမှရုတ်ရုတ်နှင့် ရှေ့မှာစကားများနေကြသည်ကိုတွေ့ရတော အခြေအနေမဟန်မှန်တောသတိထားမိသည် ၊ ဒါပေမဲ့နောက်ဆုတ်လို့ကတောမဖြစ်တောဘူး ဖြစ်ချင်ရာဖြစ် မီးစင်ကြည့်ကရမှာဘဲ ဟုတွေးနေမိသည် ၊နောက်ဆုံးတော ဆွေးနွေးလို့အဆင်ပြေသွားသည်ထင်ပါ၏ ဘုန်းကြီးတွေကိုသာ ရုံးအတွင်ထဲသို့ဝင်ခွင့်ပြုသည် လူတကာ၊မတွေကတော အပြင်ကကျန်ခဲရန် အသိပေးသည် ။ သံဃာတော်များရုံးအတွင်းကိုဝင်လာသည်နှင့် ဖျောင်းဖျောင်း ဆိုတဲ့အသံကိုကြားလိုက်ရတော အတော်လေးလန့်သွားသည် ပစ်ပြီးလားမသိ ဟုစိတ်ထဲမှာထင်မိသည် နောက်တောမှ သိလိုက်ရသည်မှ လုံးခြုံရေးတပ်သားများက သေနက်ကိုမြှောက်ကာအလေးပြုခြင်းဖြစ်သည် ၊ တော်ပါသေးရဲ့စိတ်ထဲမှာရေရွတ်မိသည် ။ လုံဖောနှင့်ဆန္ဒပြဖိုလိုက်သည့်အခါတိုင်းမှာ မှတ်သားမိသည်အချက်တစ်ခုမှာ ဘုရင်ဘုန်းကြီးဝတ်နှင့်ရိုက်ထားသည့် ဓာတ်ပုံကို ရှေးဆုံးမှကိုင်၍ချီတက်ခြင်းပင်ဖြစ်သည် ။ အခုလည်းကြည့်လေကာကွယ်ရေးဦးစီးချုပ်ရုံးကိုဆန္ဒသွားပြတာ ဘုရင်ဘုန်းကြီးဝတ်နှင့်ရိုက်ထားတဲ့ဓာတ်ပုံကို ရှေ့ကတင်ကာ ၀င်သွားတော အားလုံးအိုကေနေ၏ အော် သူတိုနိုင်ငံမှာ ဘုရင်တစ်ပါးရှိလို့တော်တော်လည်းအားကိုးရပါလားဟုအောက်မေ့မိသည် ၊ တစ်နိုင်ငံလုံးကလည်းချစ်ခင်လေးစားကြပါ၏ ၊ ရဟန်းသံဃာများကလည်း မေတ္တာထားကြသည် ၊ ကမ္ဘာနိုင်ငံအတော်များများမှာ ဘုရင်စနစ်ချုပ်ငြိမ်းသွားသည့်နှင့် အမျှဘုရင် နှင့်သူ၏မိသားစုများ၏အခန်းကဏ္ဍကလည်း တစ်ဖြည်းဖြည်းမှေးမှိန်လာ၏ ၊ အမှန်ကတော ဘုရင်ကိုယ်တိုင်အုပ်ချုပ်မှု့အပိုင်းမှာသိပ်ပြီးတောပါဝင်ပါတ်သတ်မှု့မရှိသောကြောင်းလည်း အမှားနည်းသည် ဟုထင်မိသည် ၊ ထို့ကြောင်းပင်ပြည်သူများ၏ချစ်ခင်မှု့လျှော့မသွားခြင်းဖြစ်နိုင်သည်၊ သို့သော်လည်းထိုင်နိုင်ငံရဲ့လက်ရှိပြဿနာတွေမှာဘုရင် နှင့်သူ၏မိသားစု အသံကိုမကြားရသည်မှာ စိတ်ဝင်စားစရာကောင်းသလို ၊ ထူးလည်းထူးဆန်းနေ၏ ။
.

0 comments:

About This Blog

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP