သတ္တ၀ါမှန်သမျှချမ်းသာရကျမ္မာကြပါစေ ဘေးရန်မခ ကြံသမျှဆန္ဒပြည့် ပါစေ

Saturday 12 December 2009

ဘုရားအလောင်းတော်သားနှင့်မယားအပေါ်မှာတကယ်တာဝန်မဲ့ခဲ့သလား

ကပ္ပိယသာချိုတစ်ယောက်နေ့လည်တစ်ရေးတစ်မောအိပ်စက်အနားယူပြီးနောက်ညနေစောင်တွင် ရွာတောင်ပိုင်းကသူကြီးဦးညိုမြတို့အိမ်ဖက်သို့လမ်သလားထွက်လာလေသည်။
သူကြီးဦးညိုမြဆိုသူကားရွာမှာဗဟုသုတအကြွယ်ဝဆုံးပုဂ္ဂိုလ် နိုင်ငံရေး ၊ ဘာသာရေး၊ စီးပွါးရေး၊လူမှု့ရေး
ကအစ သူမသိသောအရာ ကားခပ်ရှားရှား ရွာအနောက်ဖက်က မိအေးလင်နော က်လိုက်တာကအစ သူသိနေ ၏၊ သူအာစိဏ္ဏကံအဖြစ်အမြံဆည်းပူ သောအရာသည်ကား နေ့ ည မပြတ် ဘီဘီစီ ဗွိဝိုအေ ဒီဗွီဘီ အစရှိသော သတင်းများကို မပြတ်တမ်းလေ့လာမှတ်သားဆည်းပူခြင်းပါပင်ဖြစ်ပါသည် ။
ဒီလိုနဲ ဦးညိုမြအိမ်ရှေ့ရောက်တော ဗျို့ကပ္ပိယ ကြီး လာစမ်းပါဗျာ ရေနွေး ကြမ်းနဲ့ထန်းလျှက် လာသုံးဆောင်ပါဦး အမှန်က သူရေနွေးကြမ်းနဲ့ထန်းလျှက်ဧည့်ခံချင်တာထက် စကားပြောချင် တာပိုများနေသည်။
ဧကန်တ တစ်ခုခုတော ထူခြားတယ်ထယ်တင် ဦးညိုမြ အင်ထူးတယ်ဆို တာထက် ကပ္ပိယကြီးရယ် ရင်ထဲမှာ မချင်းမချင်းဖြစ်နေတာလေးတွေကို ပြောပြချင်းလို့ပါဗျာဟေ ဘာတွေ မရှင်းမလင်းဖြစ်နေတုန်း ဗျာ ဒီလိုလေဗျာ ပါရမီ ဆိုတာ လေဗျာ ဘုရားအလောင်းဖြည့်ကျင့်ဆည်းပူးခဲ့တဲ့ပါရမီတွေနဲ့ပတ်သတ်ပြီး တော
မရှင်းတာလေးတစ်ခုက နိက္ခမပါရမီးဆိုတာကိုပါ ခင်များတို့ကျုပ်တို့လောကီလူသားတွေမှာ သားမယား ကျွေးမှု့တွေ ရှိနေလေတော နောက်ဆန်းတင်းရတယ် မဟုတ်လားကပ္ပိယကြီး အိမ်တွင်းက အိမ်ပြင်ထွက်ဖို့ အတွက် တောင်မိန်းမမျက်နှာကို လေးငါးခါလောက်ပြန်ကြည့်နေကြရတယ် ဒါပေသိ ဒီလို့စွန့်လွတ်နိုင်တဲ့ဘုရားတော်ရဲ့စွန့်လွတ်ခြင်းမျိုးက ချီးကျူးထိုက်လို့ကျူပ်တို့ ခင်များတို့ ယောကျားသားများ ပြောဆိုနေပေသိမိန်းမသားများ ခင်မျာကျတော ခလေးနဲ့မိန်းမကို ပစ်သွားပြီးကိုယ်တစ်ယောက်ထည်းတရားရဖို့ တောထွက်သွားတဲ့ဘုရားအလောင်းတော်ကို တာဝန်မကျေတဲ့သူလို့များ တစ်ချို့မြင်ကောင်းမမြင်နိုင်ဘူလားကပိယကြီး ။
အင် ခင်ဗျာအတွေး က အရုပ်ဆိုးတဲ့ ပါမောက္ခကြီးနဲ့ အရုပ်လှပြီးပညာမတတ်တဲ့မိန်ခလေး တွေးသလို့ဖြစ်နေပြီး ၊
အရုပ်လှပြီးပညာမတတ်တဲ့မိန်ခလေးငယ်တစ်ယောက်ကတွေးသတတ် အင် ငါများဒီပါမောက္ခကြီးနဲ့ငြားလိုက်ရင် မွေးလာတဲ့သားသမီးက ငါလို့အရုပ်လှပြီးတော သူ့လို့ပညာတတ်ကြီးဖြစ်လာမှာပေါ့တဲ့ တစ်ခါပါမာက္ခကြီကတွေးပြန်ပါတယ် ငါသာဒီခလေးမလေးနဲငြားခဲ့ရင် တော ငါလိုအရုပ်ဆိုးပြီးတော သူလို့ပညာမတတ်ရင်ခက်ချည်ရဲ့ ဆိုသလို့ တဖက်က အကောင်းတွေးသလို့တစ်ဖက်က အဆိုးတွေးမျိုးဖြစ်နေပါပြီးကော ဦးညိုမြရယ် ဟားဟား ဒါနဲလိုရင်မရောက်သေးဘူလေကပိယကျုပ်သိချင်တာလေးကိုဆက်ပါအုံး ကောင်းပါပြီး ဗျာ ……
ဒီလိုဗျာသကြီးရာ ခင်များတို့ကျုပ်တို့မှာကျမ္မာရေးနှင့်ပတ်သတ်လာရင် ဥစ္စာပစ္စည်းကို စွန့်လွှတ်ရတယ်မဟုတ်လားဗျာ အေ အသက်အန္တရယ်ရှိလာတဲ့အခါမှာတော ကိုယ်အင်္ဂါအစိတ်အပိုင်းကို စွန့်သင့်ရင်စွန့်ရတာဘဲ ဗျာ့  ဟုတ်ပါ့ အခုလဲ ဘဲ တစ်လောကလုံးရဲအကျိုးအတွက်ကြည့်တဲ့ဘုရားအလောင်းတော်အတွက် ကိုယ်ရဲမိသားစု ကိုစွန့်လွှတ်ရမှာဘဲဒါကလည်း သာမန်သူလိုကိုယ်လိုလူဘယ်လုပ်နိုင်ပါမလဲ ဘုရားအလောင်းတော်မို့လို့သာ လုပ်သာလုပ်နိုင်တာပေါ့ အဲဒါ တစ်ကိုယ်ကောင်းဆန်တယ်လို့ မဆိုနိုင်သည့် အပြင် ကိုယ်ကျို့စွန့်တာဗျာ ဒီလို့လုပ်နိုင်တာဟာလည်းသူ့ရဲ့မဟာကရုဏာတော်သတ္တ၀ါတွေအပေါ်ထားတဲ့မဟာကရုဏာတော်ကြောင်းပါတဲ့
သကြီးရယ် ဘုရားအဖြစ်ကို ရယူတာဟာ နံပါတ
် (၁) လောကအတွက်
(၂) ဆွေမျိုး
(၃) မိမိ ကိုယ်ကျိုးအတွက်
ဆိုတဲမူသုံးချက်အတိုင်း မိမိကိုယ်ကျိုးအတွက်ကနောက်ဆုံးမှာသာဖြစ်ပါတယ်
ဒါကြောင်းလည်းမြတ်စွာ ဘုရား ဘုရားအဖြစ်သို့ရောက်လာပြီး နောက်ပိုင်းတရားဟောတယ်ဆိုတာဟာတကယ်တောလူတွေရဲ့
လိုအပ်ချက်အတိုင်း လူတို့ရဲ အလိုဆန္ဒကိုကြည့်ပြီးဟောတာမူတာပေါ့ သူကြီးရယ် ၊
အင်ဟုတ်သားဘဲ ကပ္ပိယပြောမှဘဲ ရှင်းသွားတောတယ် ဒါတင်ဘယ်ကမလဲသူကြီးရယ်
သူကိုယ်ကျိုးအတွက်သာဆိုရင် သုမေဓာရသေ့ဘ၀ကတည်းက နိဗ္ဗန်ဆုကိုရယူလိုရတာဘဲ အေ ဒါပေသိ သူရဲ့ကြီးမားမဟာကရုဏာတော်ကြောင်းသူတစ်ယေက်ထည်း ကိုယ်လွတ်ရုန်လို့မသင့်တော်ပါဘူးလေ သတ္တ၀ါအားလုံးကို သံသာရာဝဋ်ဆင်းမှလွတ်မြောက်ကယ်တင်ပြီးမှာငါကိုယ်တိုင်းနိဗ္ဗာန်ဆုကို ရယူတော်မူမယ်လို့ဆုံဖြတ်တော်မူခဲ့တယ်သူကြီးရယ် ဟုတ်ပေသားဘဲ ကပ္ပိယ ကဲရေနွေးတောင်အေးသွားစကားပြောနေလိုက်ကြတာ သုံးဆောင်ပါဦးကပ္ပိယကြီး ဟုတ်ပါပြီးဗျာ ။ ကဲ သူကြီးကျုပ်ရွာအနောက်ဖက်က ဒေါ်စိန်တုတ်တို့အိမ်ကိုဆွမ်းအုပ်သွားပို့လိုက်ပါအုံးမယ် ကဲနောက်မှာတွေ့ကြတာပေါ့ ။

0 comments:

About This Blog

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP