သတ္တ၀ါမှန်သမျှချမ်းသာရကျမ္မာကြပါစေ ဘေးရန်မခ ကြံသမျှဆန္ဒပြည့် ပါစေ

Wednesday 2 December 2009

လူကိုအနိုင်ယူလိုသောလူများအတွက်

စတုသင်္ဂဟ၀တ္ထုလို့ သိကြတဲ့ လူတွေကိုလွှမ်းမိုးချင်းသူတွေအတွက် လိုက်နာကျင့်ကြံရမဲ့ ကျင့်စဉ်လေးတွေကို မျှဝေ လိုက်ပါတယ် ဒီတရားတွေ ဟာဗုဒ္ဓဘာသာအစပိုင်းမှာ ဘုရင်တွေသူ့ပြည်သူပြည်သားတွေကို ကျေနပ်နှစ်သက်စေဖို့ကျင့်သုံးကြတယ်လို့ဆိုပါတယ် ၊ အဲဒီ လေးမျိုးကနေပြီးတော မဟာယနဗုဒ္ဓဘာသာဝင်တွေမှာ (၆)ပါးထိဖြစ်လာပြီဘုရားလောင်းများ ဖြည့်ကျင့်ရာပါရမီအဖြစ်နဲ့လူတွေကိုကယ်တင်ဖို့အတွက် ဒီတရားတွေကိုကျင့်ကြတယ်လို့လည်းဆိုထားပါတယ် ။
ယနေ့အရာရာကိုငွေနှင့်တိုင်းတာနေတဲ့ခေတ်ကြီးထဲမှာတော လူတွေနဲဆက်ဆံဖို့အတွက် အရေးပါတဲ့မြတ်ဗုဒ္ဓရဲ့လမ်းညွှန်ချက်တွေဘဲဖြစ်တယ်လို့ဆိုရမှာပေါ့
ဒီတရားတော်ကိုမြတ်စွာဘုရားရဲအစပိုင်းတရားတော်များဖြစ်တဲ့ လဏ္ခသုတ်တို့ 
သံဂီတိသုတ်နှင့် ဒီဃနိကာယ်သင်္ဂဟသုတ်တို့မှာလည်းတွေ့ရပါတယ်
အင်္ဂုတ္တရနိကယ်သင်္ဂဟသုတ်မှာတော ရှင်းလင်းစွာဖော်ပြထားပုံမှာ
၁။ ဒါန စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း
၂။ ပီယ၀ါစာ ချစ်ဖွယ်သောစကားကိုပြော ဆိုခြင်း
၃။ အတ္ထစရိယ တစ်ဖက်လူအကျိုးရှိမဲ့အလုပ်ကို လုပ်ကိုင်ဆောင်ရွက်ပေးခြင်း
၎။ သမာနတတ္ထာ မိမိနှင့်တန်းတူထား၍ဆက်ဆံခြင်းတို့ဖြစ်ပါတယ် ။

0 comments:

About This Blog

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP