သတ္တ၀ါမှန်သမျှချမ်းသာရကျမ္မာကြပါစေ ဘေးရန်မခ ကြံသမျှဆန္ဒပြည့် ပါစေ

Wednesday 2 December 2009

ဘ၀ထဲက သင်ခန်းစာများ

အီးမေးလ် ထဲက ရရှိလာတဲဘာသာပြန်စားစုလေးပါ ၊အခုလို့အသိညာဏ်ဖြန့်ဝေပေးတဲ့အတွက် မေးလ်ပိုလာတဲ့လူကို ကျေးဇူးတင်ပါတယ် ၊နောက်နောင်လည်းဗဟုသုတရစရာ မှတ်သားစရာကောင်းတဲ့အရာတွေ မျှဝေလာတဲ့ မည်သူ့ကိုမဆိုကြိုဆိုလျှက် ပါ ။

၁။ ပြစ်တင် ရှုတ်ချ ခံရမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သူရဲဘောကြောင် လူတောမတိုးတဲ့ စိတ်ဓာတ်တွေ ရလာစေတယ်။

၂။ ဝေဖန်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ ပုတ်ခက် ပြောဆိုတတ်တဲ့ စိတ်ဓာတ်တွေ ရလာစေတယ်။

၃။ ယုံကြည့် စိတ်ချမှု ကင်းမဲ့စွာနဲ့ နေခဲ့ရတဲ့ ကလေးဟာ လိမ်ညာလှည့်စားတဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၎။ ချစ်ခင်နှစ်သက်မှုနဲ့ နေခဲ့ရတဲ့ ကလေးဟာ ချစ်တတ် ခင်တတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၅။ အားပေးမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချတဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၆။ မှန်ကန် ဖြောင့်မတ်သူတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ တရားမျှတမှု စိတ်ဓာတ်ကို ရလာစေတယ်။

၇။ ချီးကျူး ထောမနာ ပြုမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ တန်ဖိုးထား လေးစားတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၈။ မျှဝေ ခံစားမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ စာနာတတ် သက်ညှာတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၉။ အသိဥာဏ် ဗဟုသုတတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သည်းခံတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၁၀။ ပျော်ရွှင်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သည်းခံတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၁၁။ ပျော်ရွင်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ မေတ္တာတရားနဲ့ အလှအပတို့ကို ရှာဖွေ တွေ့ရှိလိမ့်မယ်။

ဘာသာပြန်သူ - လူထုစိန်ဝင်း

0 comments:

About This Blog

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP