ကျေးရွာတစ်ရွာတွင် သဒ္ဓါတရားထက်သန်းသောအမျိုးသမီးတစ်ဦးသည် စူဠပိဏ္ဍပါတိကတိဿမထေရ်အား နှစ်ပေါင်းများစွာ ကိုးကွယ်ဆည်းကပ်လာခဲ့သည် ၊တစ်နေ့ သောအခါမှာ ကျေးရွာကိုမီးလောင်လေသည် ထိုအမျိုးသမီးအိမ်လည်းမီးထဲ၌ပါသွားသည် ၊ ထိုရွာသို့ အလည်အပါတ်ရောက် ရှိလာကြသော ရဟန်းတော် များ မှာ လာရောက်သတင်းမေးမြန်းကြအားပေးစကားပြောကြားကြပါသော်လည်း ထိုအမျိုးသမီး ကိုးကွယ် သောမထေရ်မှာ ယခုကဲ့သို့ အဖြစ်ဆိုးနှင့်ကြုံနေရချိန်တွင် အားပေးနှစ်သိမ်ဖော်မရခဲ့ချေ ။ ရွာသားများကလည်း ထိုမထေရ်အား ဆွမ်းခံချိန်ကျမှသာကြွလာလိမ့်မည်ဟုမှတ်ချက်ပေးခဲ့ကြသည်။ မထေရ်သည်လည်း နောက်နေ့ ဆွမ်းခံနေကျအချိန်တွင် ထိုဥပသိကာမအိမ်သို့ ပုံမှန်အတိုင်း ဆွမ်းခံကြွ လေသည် ။ အိမ်မရှိတောသောဥပသိကာမကြီးကလည်း အုတ်နံရံတစ်ခု၏အရိပ်အောက်တွင် မထေရ်အ တွက် ဆွမ်းပြင်ပြီး ဆွမ်းကပ်လေသည် ။ ဆွမ်းဘုဉ်ပေးပြီးနောက် မထေရ်ြပန်ကြွသွားသောအခါ ရွာသားများ ကထိုရဟန်း၏ စိတ်ထားနှင့်ပါတ်သတ်၍လှောင်ပြောင်ကြသည် ။ သို့ သော်လည်း အပြစ်ကင်းရှာသော ဥပသိကာမကြီး မိမိကိုယ်ကွယ်သော ရဟန်းအပေါ်တွင်အပြစ်မမြင်ဘဲ ရိုးသားစွာပင် ‘’ သင်တို့ ကိုးကွယ်သော (ကုလူပက) အိမ်လည်သော) ရဟန်း များမှာသင်တို့ အတွက်ကောင်း ပြီး ကျွန်မကိုးကွယ် သောရဟန်းမှာလည်းကျွန်းမအတွက်ကောင်းပါသည် ‘’ ဟုသာရိုးသားစွာချေပခဲ့သည် ။ ဤသာဓကကိုအခြေံ၍ ရဟန်းတော်များမှာ နှစ်မျိုးနှစ်စားရှိသည် တစ်မျိုးမှာမိမိကိုယ်ကို ဘ၀သံသရာမှ လွတ်မြောက်ရန်ဟူသောတစ်ခုတည်းသောရည်ရွယ်ချက်ဖြင့် မည်သည့် လူမှု့ ကောင်းကျိုးမှစိတ်မ၀င်စားဘဲ ကမ္မဌာန်ဘာဝနာရှု့ မှတ်မှု့ တွင်သာမြှတ်နှံထားသည့် ရဟန်းမျိုး နှင့် မိမိတို့ ၏ဘ၀သံသရာလွတ်မြောက်မှု့ အပြင် စိတ်ပိုင်းရုပ်ပိုင်း နှစ်မျိုးလုံး တွင် လူအများကောင်းကျိုးဆောင်ရွက်မှု့ ကို စိတ်ဝင်စားသော ရဟန်းမျိုး တို့ ဖြစ်သည် ။ ဒုတိယသဘောထားသည် ပထမအမျိုးအစားထက်ပိုမိုအကျိုးများမည်ဟုထင်မြင်ပြီး ဗုဒ္ဓ၏ရှင်တော်မြတ်၏စိတ်ထားနှင့်လည်းညီညွတ်သည်ဟုထင်မြင်မိသည် ဟုဆရာတော်ဝါပိုလ်လာက သုံးသပ်သည် ၊ဗုဒ္ဓသည်အခါတစ်ပါး၌ပြောင်းခင်တစ်ခုလုံး ရေလွှမ်းမိုး၍ ပျက်စီးသောသဖြင့်စိတ်မချမ်းမသာ ဖြစ်နေသည် ပုဏားမိတ်ဆွေတစ်ဦးထံကြွရောက်ပြီးအားပေးစကားဆိုဖူးကြောင်း သုတ္တနိပါတ အဠကထာ တွင်တွေ့ ရသည် ၊အထက်ပါအကြောင်းအရာနှင့်ပါတ်သတ်၍ အယူအဆလည်းကွဲပြားကြသည် ဥပသိကာ မကြီးကဲ့သို့ သောလူများက စူဠပိဏ္ဍပါတိကတိဿမထေရ်၏ သဘောထားမျိုးကိုနှစ်သက်ကြသည်။ အဠကထာဆရာကိုယ်၌ကလည်း စူဠပိဏ္ဍပါတိကတိဿမထေရ်ကို ‘’ မည်သူ့ ကိုမျှမမှီခိုလွန်းသူ ၊ မည်သည့်ကျေးဇူးတင်ခံယူခြင်းမရှိဘဲ ဆွမ်း ကိုရယူသူ ‘’ အဖြစ် ချီးမွန်းထားကြောင်းပြဆိုသည် ။
အထက်ပါယူဆချက်များနှင့်ပါတ်သက်၍ ဒိဃနိကာယ် သိင်္ဂလသုတ်တွင် အသေးစိတ်ဖော်ပြထားသည်။ သိုဖြစ်စေကာမူ အများစုမှာ မထေရ်၏သဘောထားကို မနှစ်သက်ကြဘဲ လူမှု့ အကျိုးဆောင်ရွက်သည့် ရဟန်းများကို ပို၍နှစ်သက်ကြသည်။ တကာ၊တကာမများအပေါ်တွင်ထားသောရဟန်းတော်များ၏ သဘောထားမှာ အောက်ပါဂါထားဖြင့် သိသာသည်။
ဂီဟိနံ ဥပကရောန္တာနံ၊ နိစ္စံ အာမိသဒါနတော ။
ကရောထ ဓမ္မဒါနေန၊တေသံပစ္စယကာရကံ။ (သဒ္ဓမ္မလင်္ကာရယ) ၅၂၃
အာမိသဒါနဖြင့်သင်တို့ ကိုထောက်ပံ့ကြသည့်ဥပသိကာ၊ဥပသိကာမများအား ဓမ္မဒါနဖြင့် တုံ့ ပြန်ထောက်ပံ့ကြလော ။
အထက်ပါဂါထာ၌ပါဝင်သောဓမ္မဒါန ဟူသောဝေါဟာရကို စိတ်ပိုင်းလေ့ကျင့်မှု့ ၊ပညာရေးဘ၀ ၊ယဉ်ကျေးမှု့ ဆိုင်ရာကူညီဆောင်ရွက်မှု့ အားလုံးကို ထည့်သွင်းနိုင်သည် ။ထို့ ကြောင်း ရဟန်းတော်များအနေဖြင့် မိမိတို့ ကို ပစ္စည်းလေးပါးဖြင့်ထောက်ပံ့ကြကုန်သော တကာ၊မများအား စိတ်ပိုင်းလေ့ကျင့်မှု့ ၊ယဉ်ကျေးမှု့ နှင့် ပညာ ရေး ဆိုင်ရာ ပေးကမ်းမှု့ များဖြင့် ဆောင်ရွက်ပေးရန်မှာ မိမိတို့ ၏တာဝန်သာဖြစ်သည်ဟုခံယူထားကြသည်။
ရဟန်းတော်များနှင့်ပါတ်သက်၍တစ်ချို့ သောဖြစ်ရပ်ဝတ္တုများမှာ ရဟန်းတော်များသည် မိမိကိုယ်တိုင် မြင့်မြတ်သည့်ဘ၀ကိုခံယူလျက် အတတ်နိုင်ဆုံး အများကောင်းကျိုး ဆောင်ရွက်နိုင်ရန်ဖြစ်သည် ဟုခံယူထားကြသည်ကိုတွေ့ ရသည်။ ရဟန်းတော်များ၏ဘ၀သည် ဘာသာတရားအဆုံးအမကို လိုက်နာကျင့်သုံးရာ၌ လူအများ ၏စိတ်ဓာတ်ကို မြှင့်တင်ပေးရာ၌စံနမူနာ ဖြစ်သည်။ သို့ သော်လည်း လိုအပ်သည့်အချိန်၌မူ မိဘတို့ ကို အာမိသဒါန (ပစ္စည်းဝတ္တုလှူဒါန်းမှု့ )ဖြင့်ကူညီပြီးပြုစုစောင့်ရှောက်ရန်ညွှန်ကြားကြောင်းလည်းသိရသည်။
မှတ်ချက် ။ ဓာတ်ပုံကိုရခိုင်ကျောင်းသားရဟန်းတော်များဘလောမှကူးယူဖော်ပြပါသည် ။