Friday, 26 February 2010

ဒါဘယ်သူနှင့်ရတဲ့ကလေးလဲ ( ဟာသ)

တစ်ခါကဘုန်းတော်ကြီးကျောင်းတစ်ကျောင်း သို့မြက်ရိတ်ရန်ရောက်ရှိလာသော ကုလားတစ်ယောက်သည် ဘုန်းတော်ကြီးအထံတွင် ခွင့်တောင်းပြီမြက်ရိတ်ရန် ကျောင်း အတွင်းသို့ ၀င်လာလေသည် ။ ထိုကျောင်းထဲတွင် သီလရှင်ကျောင်းတစ်ကျောင်းရှိပြီး ကျောင်း၏အနောက်ဖက်တွင် သီလရှင် တံမျက်စဉ်းလှဲနေလေသည်။ထိုအခါကုလားက သီလရှင်ကျောင်းအနီးအနားသိုလာ၍မြက်ရိတ်နေလေသည် ။သီလရှင်တွေ့မြင်သောအခါ ကုလားအားမောင်းထုတ်လေသည် ။
ဟေ ကုလား ဘလာလုပ်တာလဲ သွား ပြန်သွား အခုချက်ခြင်းထွက်သွား ။

ကုလားက၊မယောင်မလည်ဖြင့်ပြန်ထွက်အလာကျောင်းပေါက်ဝတွင်ကျောင်းထိုင်ဘုန်းကြီးနှင့်တွေ့လေ၏ ထိုအခါကုလားက စကားမပီကလာ ပီကလာဖြင့် ချလာ ချလာ - ချလာ သဘောကောင်းတယ် ချလာမိန့်မ က သဘောမကောင်းဘူး ဟူ၍တိုင်တန်းလေသည်။
ထိုအခါ ဘုန်းကြီး က ဟေ ကုလား ဘာတွေလျှောက်ပြောနေတာလဲ ငါတို့ဘုန်းကြီးတွေ မိန်းမ မယူရဘူးကွ ဟုပြန်လေ ချေပသောအခါ ကုလားက အနီးအနားတွင် ဆော့ကစားနေသော ကိုရင်ငယ်လေးများအားတွေ့ သွားပြီး ထိုကိုရင်လေးများကို လက်ညှိုးထိုးလျှက် ပြန်ပြောလိုက်ပုံမှာချလာတို့က မိန်းမ မယူရဘူလား၊ ဒါဆိုဒီကလေးတွေ ဘယ်လိုလို့ ရလာတာလဲ ဟူ၍ဖြစ်သတည်း ။

Sunday, 14 February 2010

ကမ္ဘာကြီးပျက်လုနီးပြီးလော

ဆရာတော်ဦးကေလာသ အလိုတော်ပြည့်ကျောင်း (အယ်ရီးဇိုးနား) ဖြေကြားသည်။
DhAWeb
Type the rest of your post here.

Saturday, 13 February 2010

ဆရာတော်ဘဒ္ဒန္တသုစိတ္တာဘိဝံသ တရားတော်

တာချီလိတ်မြို့ မြို့နယ်ဓမ္မာရုံကြီး၌ အလိုတော်ပြည့်ဓမ္မာစရိယတက္ကသိုလ်နာယကချုပ်ဆရာတော် ဘဒ္ဒန္တသုစိတ္တာဘိဝံသဟောကြားတော်မူသော တရားတော် ကိုနာကြားနိုင်ရန်အတွက် တင်ပေးလိုက်ပါသည်။
တရာတော်ကို ဒီနေရာ၌ Download လုပ်နိုင်ပါသည်။

Saturday, 6 February 2010

သတင်း


ပုဂံအလိုတော်ပြည့်ကျောင်းတိုက်(တာချီလိတ် ) အတွင်း သိမ်သမုတ်ပွဲတော်သို့ ကြွရောက်နေသော
အလိုတော်ပြည့်ဓမ္မာစရိယတက္ကသိုလ် ၏ နာယကချုပ်ဆရာတော် ဘဒ္ဒ န္တသုစိတ္တာဘိဝံသ တာချီလိတ်မြို့
မြို့နယ်ဓမ္မာရုံကြီးတွင် ပထမနေ့ တရားပွဲ ဟောကြားချီးမြှင့်နေစဉ် ။
Type the rest of your post here.